ထာဝရဘုရားကိုထောမနာပြုခြင်း
1 ငါသည် ဖြောင့်မတ်သောသူတို့၏ အစည်းအဝေး၌လည်းကောင်း၊ ပရိသတ်၌လည်းကောင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။ 2 ထာဝရဘုရား၏အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။ 3 စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ 4 အံ့ဖွယ်သောအမှုတော်တို့ကို အောက်မေ့ဖို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။ 5 ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။ 6 အမှုတော်တို့၌ရှိသောတန်ခိုးကို မိမိလူတို့အားပြ၍၊ တစ်ပါးအမျိုးသားတို့၏အမွေကို ပေးတော်မူ၏။ 7 လက်တော်နှင့်ပြုသောအမှုတို့သည် သစ္စာနှင့်လည်းကောင်း၊ တရားနှင့်လည်းကောင်း ယှဉ်ကြ၏။ ပညတ်တော်အလုံးစုံတို့သည် ဖောက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။ 8 သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သောကြောင့်၊ အစဉ်အမြဲတည်ကြ၏။ 9 မိမိလူတို့၌ ရွေးတော်မူခြင်းကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲထားတော်မူ၏။ နာမတော်သည်သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်၏။ 10 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောဉာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။ယောဘ၊ ၂၈:၂၈၊သု၊ ၁:၇၊၉:၁၀။
颂赞 神的作为与信实
1 你们要赞美耶和华。
在正直人的议会中和大会里,
我要全心称谢耶和华。
2 耶和华的作为伟大,
喜爱他作为的人都努力查究。
3 他的作为满有尊荣和威严,
他的公义永远长存。
4 他使人记念他所行的奇事;
耶和华有恩典,有怜悯。
5 他赐粮食给敬畏他的人;
他永远记念自己的约。
6 他向自己的子民彰显大能的作为,
把列国赐给他们为业。
7 他手所作的都是诚实和公正;
他的训词都是可信靠的。
8 他的训词是永远确定的,
是按着信实和正直制订的。
9 他向自己的子民施行救赎;
他命定自己的约,直到永远;
他的名神圣可畏。
10 敬畏耶和华是智慧的开端;
凡是这样行的都是明智的。
耶和华该受赞美,直到永远。