လိုအပ်သူကိုမစသောဘုရား
1 ထာဝရဘုရား၏ကျွန်တော်တို့၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။ 2 ထာဝရဘုရား၏နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။ 3 နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။ 4 ထာဝရဘုရားသည် လူမျိုးတကာတို့အပေါ်၌လည်းကောင်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌လည်းကောင်း မြင့်တော်မူ၏။ 5 ကိုယ်ကိုချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊ 6 ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ 7 ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကချီးမြှောက်လျက်၊ 8 မင်းသားတို့တွင်လည်းကောင်း၊ မိမိလူတို့ကို အုပ်စိုးသောမင်းတို့တွင်လည်းကောင်း နေရာပေးတော်မူ၏။ 9 မြုံသောမိန်းမသည် အိမ်၌နေ၍၊ ဝမ်းမြောက်သောစိတ်နှင့် သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။
颂赞至高的 神垂顾贫寒人
1 你们要赞美耶和华。
耶和华的仆人哪!你们要赞美,
要赞美耶和华的名。
2 耶和华的名是应当称颂的,
从现在直到永远。
3 从日出之地到日落之处,
耶和华的名都该受赞美。
4 耶和华高过万国,
他的荣耀超越诸天。
5 谁像耶和华我们的 神呢?
他坐在至高之处,
6 他俯首垂顾天上和地下的事。
7 他从灰尘中抬举贫寒人,
从粪堆中提拔穷乏人,
8 使他们和权贵同坐,
就是和他子民中的权贵同坐,
9 他使不能生育的妇人安居家中,
成了有许多儿女的快乐母亲。
你们要赞美耶和华。