သိုးထိန်းတော်မြတ်
1 ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ 2 စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။ဗျာ၊ ၇:၁၇။3 ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။ 4 အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။ 5 အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။ 6 အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစား၍၊ ထာဝရဘုရား၏အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။
耶和华是好牧人
大卫的诗。 1 耶和华是我的牧人,我必不会缺乏。本节在《马索拉文本》包括细字标题
2 他使我躺卧在青草地上,
领我到安静的水边。
3 他使我的灵魂苏醒;
为了自己的名,他引导我走义路。
4 我虽然行过死荫的山谷,也不怕遭受伤害,
因为你与我同在;
你的杖你的竿都安慰我。
5 在我敌人面前,你为我摆设筵席;
你用油膏了我的头,
使我的杯满溢。
6 我一生的日子,必有恩惠慈爱紧随着我;
我也要住在耶和华的殿中,直到永远。