ယေရုရှလင်မြို့ငြိမ်ဝပ်ရန်ဆုတောင်း
1 ငါတို့သည် ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတစ်ပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။ 2 အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။ 3 ယေရုရှလင်မြို့သည် စေ့စပ်သောမြို့ကဲ့သို့ တည်၏။ 4 အမျိုးအနွယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုးထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းခြင်းငှာ တက်သွားကြ၏။ 5 ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့သည် တည်ကြ၏။ 6 ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သောသူတို့သည် ချမ်းသာရကြပါစေသော။ 7 သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမာန်တို့၌ ချမ်းသာခြင်း ရှိပါစေသော။ 8 သင်၌ ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆိုပါမည်။ 9 ငါတို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။
为耶路撒冷祈求平安
大卫朝圣之歌原文作"往上行之歌"。 1 人对我说:"我们到耶和华的殿那里去",
我就欢喜。本节在《马索拉文本》包括细字标题
2 耶路撒冷啊!
我们的脚正站在你的门内。
3 耶路撒冷被建造,
好象一座结构完整的城巿。
4 众支派,就是耶和华的支派,
都上那里去;
照着以色列的定例,
称颂耶和华的名。
5 因为在那里设有审判的宝座,
就是大卫家的宝座。
6 你们要为耶路撒冷求平安,说:
"耶路撒冷啊!愿爱你的人都亨通。
7 愿你的城墙内有平安,
愿你的宫殿中有安稳。"
8 为了我的兄弟和朋友的缘故,
我要说:"愿你中间有平安。"
9 为了耶和华我们 神的殿的缘故,
我要为你求福乐。