ထာဝရဘုရား၏ဘုန်းအသရေနှင့်လူ၏ဂုဏ်ဒြပ်
1 အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။ 2 ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကိုလည်းကောင်း၊ အငြိုးထားသောသူကိုလည်းကောင်း၊ တိတ်ဆိတ်စွာနေစေခြင်းငှာ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင်တော်မူ၏။မ၊ ၂၁:၁၆။3 လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော်၊ 4 လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ယောဘ၊ ၇:၁၇-၁၈၊ဆာ၊ ၁၄၄:၃၊ဟေဗြဲ၊ ၂:၆-၈။5 သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ 6 ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန် မိုးကောင်းကင်ငှက်၊၁ ကော၊ ၁၅:၂၇၊ဧ၊ ၁:၂၂၊ဟေဗြဲ၊ ၂:၈။7,8 ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌သွားတတ်သောတိရစ္ဆာန်မှစ၍၊ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။ 9 အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူသတည်း။
神的威严,人的尊贵
大卫的诗,交给诗班长,用"迦特"的乐器。 1 耶和华我们的主啊!
你的名在全地是多么威严,
你把你的荣美彰显在天上。
2 因你仇敌的缘故,
你从小孩和婴儿的口中,
得着了赞美"得着了赞美"或译:"建立了能力",
使仇敌和报仇的无话可说。
3 我观看你手所造的天,
和你所安放的月亮和星星。
4 啊!人算甚么,你竟记念他?
世人算甚么,你竟眷顾他?
5 你使他比天使"天使"或译:" 神"低微一点,
却赐给他荣耀尊贵作冠冕。
6 你叫他管理你手所造的,
把万物都放在他的脚下,
7 就是所有的牛羊、
田间的走兽、
8 空中的飞鸟、海里的鱼,
和海里游行的水族。
9 耶和华我们的主啊!
你的名在全地是多么威严。