(ဆာ၊ —)
မင်္ဂလာအစစ်အမှန်
1 မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ 2 လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ 3 အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။ယေ၊ ၁၇:၈။
4 မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။ 5 ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။ 6 အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။
诗篇卷一
有福的人
1 有福的人:
不从恶人的计谋,
不站罪人的道路,
不坐好讥笑的人的座位。
2 他喜爱的是耶和华的律法,
他昼夜默诵的也是耶和华的律法。
3 他像一棵树,栽在溪水旁,
按时结果子,
叶子总不枯干;
他所作的一切,尽都顺利。
4 恶人却不是这样,
他们好象糠秕,
被风吹散。
5 因此,在审判的时候,恶人必站立不住;
在义人的团体中,罪人也必这样。
6 因为耶和华看顾义人的道路,
恶人的道路却必灭亡。