ကူမတော်မူရန်ဆုတောင်း
"ဒါဝိဒ်သည် ဥမင်၌ ရှောလုထံမှထွက်ပြေးသောအခါ စပ်ဆိုသောဆာလံ။"
1 အိုဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော်အရိပ်၌ ခိုလှုံပါ၏။ 2 ငါသည် အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကိုအော်ဟစ်မည်။ 3 ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကိုကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့် သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။ 4 ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာနေရ၏။ ဒေါသမီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့သွားတို့သည် လှံနှင့်မြား ဖြစ်ကြ၏။ သူတို့လျှာသည်လည်း ထက်သောသန်လျက်ဖြစ်၏။
5 အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။ 6 သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ကိုယ်ကျကြပြီ။ 7 အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ချီးမွမ်းထောမနာပြုပါမည်။ 8 အိုငါ့ဝိညာဉ်၊ နိုးလော့။ တယောနှင့် စောင်းတို့ နိုးကြလော့။ ငါလည်း စောစောနိုးမည်။ 9 အိုထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်း ဆိုပါမည်။ 10 အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ 11 အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။
祈求倚靠 神的荫庇(诗108:1~5)
大卫的金诗,交给诗班长,调用"休要毁坏",是大卫躲在山洞里逃避扫罗时作的。 1 神啊,求你恩待我!求你恩待我!
因为我投靠你;
我要投靠在你翅膀的荫下,
直到灾害过去。
2 我要向至高的 神呼求,
就是向为我成就他旨意的 神呼求。
3 神从天上施恩拯救我,
斥责那践踏我的人;细拉
神必向我发出他的慈爱和信实。
4 我躺卧在狮子中间,
就是在那些想吞灭人的世人中间;
他们的牙齿是枪和箭,
他们的舌头是快刀。
5 神啊!愿你被尊崇,过于诸天;
愿你的荣耀遍及全地。
6 他们为我的脚设下了网罗,
使我低头屈服;
他们在我面前挖了坑,
自己反掉进坑中。细拉
7 神啊!我的心坚定,我的心坚定;
我要歌唱,我要颂赞。
8 我的灵"灵"或译:"荣耀"或"肝";与16:9,30:12,108:1同啊!你要醒过来。
琴和瑟啊!你们都要醒过来。
我也要唤醒黎明。
9 主啊!我要在万民中称谢你,
在万族中歌颂你。
10 因为你的慈爱伟大,高及诸天,
你的信实上达云霄。
11 神啊!愿你被尊崇,过于诸天;
愿你的荣耀遍及全地。
祈愿恶人遭报
大卫的金诗,交给诗班长,调用"休要毁坏"。