ရန်သူကိုကွယ်ကာရန်ဆုတောင်း
"ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ။"
1 အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ 2 အကျွန်ုပ်ပြုသောပတ္ထနာနှင့် အကျွန်ုပ်မြွက်သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား။ 3 အကြောင်းမူကား၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် အကျွန်ုပ်ကိုရန်ဘက်ပြု၍ ထကြပါပြီ။ ကြမ်းတမ်းသောသူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင်၏မျက်နှာတော်ကို မထောက်ကြပါ။
4 ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရား ရှိတော်မူ၏။ 5 ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။ 6 အကျွန်ုပ်သည်လည်း၊ စေတနာစိတ်နှင့် ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား၊ နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကောင်းမြတ်တော်မူ၏။ 7 အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခထဲက ကယ်နုတ်တော်မူသဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့်မြင်၍ အားရပါ၏။
祈求 神拯救脱离仇敌攻击
大卫的训诲诗,交给诗班长,用丝弦的乐器伴奏,是在西弗人去对扫罗说:"大卫不是在我们中间躲藏吗?"以后作的。本篇细字标题在《马索拉文本》为54:1~21 神啊!求你因你的名拯救我,
求你以你的大能为我伸冤。
2 神啊!求你垂听我的祷告,
留心听我口中的言语。
3 因为傲慢的人"傲慢的人"有古抄本作"外族人"起来攻击我,
强横的人寻索我的性命;
他们不把 神放在眼里。
细拉
4 看哪! 神是我的帮助;
主是扶持我性命的。
5 愿灾祸报应在我仇敌的身上;
愿你因你的信实消灭他们。
6 我要甘心情愿献祭给你;
耶和华啊!我必称赞你的名,
因你的名是美好的。
7 他救我脱离了一切患难;
我亲眼看见了我的仇敌灭亡。