ဘုရားသခင်၏သစ္စာတော်
1 ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ 2 ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ 3 သန့်ရှင်းသောနာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကိုရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ 4 ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ 5 စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ 6 ထာဝရဘုရား၏ကျွန် အာဗြဟံအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊ 7 ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံး၌ တရားစီရင်ပိုင်တော်မူ၏။ 8-12 ငါသည်သင်တို့အမွေခံရာဖို့ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍၊ ဣဇာက်၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။က၊ ၁၂:၇၊၁၇:၈၊၂၆:၃၊၂၈:၁၃။13 သူတို့သည် တစ်မြို့မှ တစ်မြို့သို့လည်းကောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ လှည့်လည်၍ သွားကြသောအခါ၊ 14 သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကို ဆုံးမလျက်၊ 15 ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။က၊ ၂၀:၃-၇။
16 တစ်ဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကိုခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊က၊ ၄၁:၅၃-၅၇။17 ကျွန်ဖြစ်စေဖို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။က၊ ၃၇:၂၈၊၄၅:၅။18 သူ့ကိုခြေချင်းခတ်၍ သံနှင့် ညှဉ်းဆဲကြ၏။ 19 သူ၏စကားမပြည့်စုံမီတိုင်အောင်၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း စုံစမ်းခြင်းကိုခံရ၏။က၊ ၃၉:၂၀—၄၀:၂၃။20 လူတို့ကို အစိုးရသောအရှင်တည်းဟူသော ရှင်ဘုရင်သည်စေလွှတ်၍ သူ့ကိုနုတ်ပြီးမှ ချမ်းသာပေးတော်မူ၏။က၊ ၄၁:၁၄။21 သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိတို့ကိုချည်နှောင်၍၊က၊ ၄၁:၃၉-၄၁။22 မှူးတော်မတ်တော်တို့ကို ဆုံးမပိုင်သောအခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
23 ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။က၊ ၄၆:၆၊၄၇:၁၁။24 ဘုရားသခင်သည် မိမိလူတို့ကိုအလွန်များပြားစေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။ထွ၊ ၁:၇-၁၄။25 မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကိုပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။ 26 တစ်ဖန် မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွှတ်တော်မူ၏။ထွ၊ ၃:၁—၄:၁၇။27 အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေတော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဖွယ်သောအမှုတို့ကိုပြုကြ၏။ 28 မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။ထွ၊ ၁၀:၂၁-၂၃။29 သူတို့ရေများကိုအသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။ထွ၊ ၇:၁၇-၂၁။30 သူတို့မြေသည် များစွာသောဖားတို့ကို မင်းအိပ်ရာအခန်းတို့၌ပင် ဖွားလေ၏။ထွ၊ ၈:၁-၆။31 အမိန့်တော်ရှိ၍ ယင်ရဲနှင့် ခြင်တို့သည် တစ်ပြည်လုံးကို နှံ့ပြားကြ၏။ထွ၊ ၈:၂၀-၂၄၊၈:၁၆-၁၇။32 မိုးရေအစား မိုးသီးကိုလည်းကောင်း၊ သူတို့မြေပေါ်မှာ မီးလျှံကိုလည်းကောင်း ပေးတော်မူ၏။ 33 သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုထိခိုက်၍၊ တစ်ပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော်မူ၏။ထွ၊ ၉:၂၂-၂၅။34 အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည်လာ၍၊ 35 သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကိုလည်းကောင်း၊ မြေဩဇာအသီးအနှံတို့ကိုလည်းကောင်း ကိုက်စားကြ၏။ထွ၊ ၁၀:၁၂-၁၅။36 သူတို့အစွမ်းသတ္တိ အထွတ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။ထွ၊ ၁၂:၂၉။
37 မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသောသူ တစ်ယောက်မျှမရှိ။ 38 အဲဂုတ္တုပြည်သည် သူတို့ကိုကြောက်သောကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တစ်ပြည်လုံး ဝမ်းမြောက်၏။ 39 သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍၊ ညအခါလင်းစရာဖို့ မီးကိုပေးတော်မူ၏။ထွ၊ ၁၃:၂၁-၂၂။40 သူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။ထွ၊ ၁၆:၂-၁၅။41 ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။ထွ၊ ၁၇:၁-၇၊တော၊ ၂၀:၂-၁၃။42 အကြောင်းမူကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဖူးသော သန့်ရှင်းသော ကတိတော်ကို အောက်မေ့တော်မူ၏။ 43 ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ 44,45 သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တစ်ပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။ယောရှု၊ ၁၁:၁၆-၂၃။
称颂守约和施行奇事的 神(代上16:8~22)
1 你们要称谢耶和华,求告他的名;
在万民中传扬他的作为。
2 你们要向他歌唱,歌颂他,
讲论他一切奇妙的作为。
3 你们要以他的圣名夸耀;
愿寻求耶和华的人都心里欢喜。
4 你们要追求耶和华与他的能力,
常常寻求他的面。
5 记念他所作的奇事、
他的神迹,
和他口里的判词。
6 他仆人亚伯拉罕的后裔啊!
他所拣选的人,雅各的子孙哪!
7 他是耶和华我们的 神,
他的判词充满全地。
8 他永远记念他的约,
他记念他所吩咐的话,直到千代,
9 就是与亚伯拉罕所立的约,
向以撒所起的誓。
10 他把这约向雅各定为律例,
向以色列坚立为永远的约,
11 说:"我必把迦南地赐给你们,
作你们产业的分。"
12 那时,他们人数不多,
实在很少,而且是在那地寄居的。
13 他们从这邦飘流到那邦,
从这国飘流到另一国。
14 他不容任何人欺压他们,
为了他们的缘故,他曾指责君王,说:
15 "不可伤害我的受膏者,
也不可恶待我的先知。"
16 他命令饥荒临到那地,
断绝了一切粮食的供应。
17 在他们之前,他差遣一个人去,
就是被卖为奴的约瑟。
18 人用脚镣弄伤他的脚,
他的颈项被铁链锁着,
19 直到他的话应验,
耶和华的话为他证实的时候。
20 王就派人去释放他,
统治众民的把他释放了。
21 王立他执掌朝政,
管理王一切所有的,
22 使他可以随意捆绑王的群臣,
把智慧教导王的长老。
23 后来以色列到了埃及,
雅各在含地寄居。
24 耶和华使他的子民生育众多,
使他们比他们的敌人更强盛。
25 他改变敌人的心去憎恨他的子民,
用诡诈待他的众仆人。
26 他差派了他的仆人摩西,
和他拣选的亚伦。
27 他们在敌人中间施行他的神迹,
在含地显明他的奇事。
28 他命黑暗降下,使那地黑暗;
他的话是不能违背的。
29 他使埃及的水都变成血,
使他们的鱼都死掉。
30 在他们的地上,以及君王的内室,
青蛙多多滋生。
31 他一发命令,苍蝇就成群而来,
并且虱子进入他们的四境。
32 他给他们降下冰雹为雨,
又在他们的地上降下火焰。
33 他击打他们的葡萄树和无花果树,
又毁坏他们境内的树木。
34 他一发命令,蝗虫就来,
蚱蜢也来,多得无法数算,
35 吃尽了他们地上的一切植物,
吃光了他们土地的出产。
36 他击杀了他们境内所有的长子,
就是他们强壮的时候所生的头生子。
37 他领自己的子民带着金银出来;
他们众支派中没有一个畏缩的。
38 他们出来的时候,埃及人很欢喜,
因为埃及人都惧怕他们。
39 他展开云彩作遮盖,
夜间有火光照。
40 他们一求,他就使鹌鹑飞来,
并且用天上的粮食使他们饱足。
41 他裂开盘石,水就涌流出来;
在干旱之处水流成河。
42 因为他记念他向自己的仆人亚伯拉罕应许的圣言。
43 他带领自己的子民欢欢乐乐出来,
带领自己的选民欢呼着出来。
44 他把多国的地土赐给他们,
他们就承受众民劳碌的成果,
45 为要使他们谨守他的律例,
遵守他的律法。
你们要赞美耶和华。