ပဋိညာဉ်တရားသစ်၏အစေခံများ
1 ငါတို့သည် တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်းကြသလော။ သို့မဟုတ် ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတစ်ပါး ပေးစေခြင်းငှာလည်းကောင်း၊ သင်တို့သည် သူတစ်ပါးထံသို့ ပေးစေခြင်းငှာလည်းကောင်း၊ ငါတို့သည် အချို့သောသူကဲ့သို့ အလိုရှိကြသလော။- 2 သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဖတ်တတ်သော ငါတို့စာပင် ဖြစ်ကြသတည်း။- 3 အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍လည်းကောင်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍လည်းကောင်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။- 4 ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။
5 သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခုကိုကြံစည်ခြင်းငှာ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊- 6 ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။- 7 ထိုမှတစ်ပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သော ရောင်ခြည်ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊- 8 ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။- 9 အပြစ်စီရင်တတ်သော တရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရားသည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။- 10 နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဖူးသော အရာသည် ဘုန်းကွယ်လျက် ရှိ၏။- 11 ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။
12 ထိုသို့သော ယုံကြည်မျှော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည့်အလင်း ဟောပြောကြ၏။- 13 ပယ်ရှင်းသောအရာ၏ အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှာ မောရှေသည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။- 14 သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် ဓမ္မဟောင်းကျမ်းစာကို ဖတ်ကြသောအခါ အနက်အဓိပ္ပာယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။ 15 ယခုတိုင်အောင်လည်း၊ မောရှေ၏ကျမ်းစာကို ဖတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက် ရှိသေး၏။- 16 သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်းလိမ့်မည်။- 17 သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။- 18 ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်း ရှိရကြ၏။
新旧约之比较
1 难道我们又在自我推荐吗?难道我们像有些人,要拿荐信给你们,或向你们拿荐信吗?2 你们就是我们的荐信,写在我们的心里,是众人所认识所诵读的,3 显明你们自己是基督的书信,是借着我们写成的,不是用墨,而是用永活 神的灵写的;不是写在石版上,而是写在心版上。
4 我们在 神面前,借着基督才有这样的信心。5 我们不敢以为自己有资格作甚么,我们所能够作的是出于 神。6 他使我们有资格作新约的仆役,这新约不是从仪文来的,而是从圣灵来的;因为仪文会使人死,而圣灵却使人活。
7 如果那以文字刻在石上使人死的律法的工作,尚且带有荣光,以致以色列人因着摩西脸上短暂的荣光,不能注视他的脸,8 那出于圣灵的工作不是更有荣光吗?9 如果那定人有罪的工作尚且有荣光,那使人称义的工作就更有荣光了!10 那从前有荣光的,现在因那超越的荣光,就算不得有荣光;11 如果那短暂的有荣光,那长存的就更有荣光了。
12 所以,我们既然有这样的盼望,就大大地放胆行事,13 不像摩西那样,把帕子蒙在脸上,使以色列人看不见那短暂的荣光的结局。14 但是他们的心思迟钝,因为直到今日,他们诵读旧约的时候,这帕子仍然存在,没有揭开,唯有在基督里才能把这帕子废掉。15 可是直到今日,他们每逢诵读摩西的书的时候,这帕子还盖在他们的心上。16 但他们甚么时候归向主,这帕子就甚么时候除掉了。17 主就是那灵;主的灵在哪里,哪里就有自由。18 我们众人脸上的帕子既然已经揭开,反映主的荣光"反映主的荣光"或译:"对着镜子看见主的荣光",就变成主那样的形象,大有荣光。这是主所作成的,他就是那灵。