ဗိမာန်တော်သို့င်ခြင်း
1 ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း၊ ပိုင်တော်မူ၏။၁ကော၊ ၁၀:၂၆။2 အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ်မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
3 ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည် ရပ်နေရမည်နည်းဟူမူကား၊ 4 သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသောသူ၊ မုသားကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊မ၊ ၅:၈။5 ထာဝရဘုရား၏လက်တော်မှ ကောင်းချီးမင်္ဂလာကိုလည်းကောင်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏လက်တော်မှ ဖြောင့်မတ်ခြင်းတရားကိုလည်းကောင်း ခံရလိမ့်မည်။ 6 ထိုသူသည် ထာဝရဘုရားကိုရှာသောအမျိုး၊ မျက်နှာတော်ကိုရှာသော ယာကုပ်အမျိုးဖြစ်သတည်း။
7 အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကို ကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ 8 ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။ 9 အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ 10 ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူသတည်း။
耶和华是荣耀的王
大卫的诗。 1 地和地上所充满的,
世界和住在世上的,都是属于耶和华的。本节在《马索拉文本》包括细字标题
2 因为他把地奠定在海上,
使世界安定在众水之上。
3 谁能登上耶和华的山?
谁能站在他的圣所中呢?
4 就是手洁心清的人,
他不倾向虚妄,
起誓不怀诡诈。
5 他必领受从耶和华来的福分,
也必蒙拯救他的 神称他为义。
6 这就是求问耶和华的那一类人,
就是寻求你面的雅各。细拉
7 众城门哪!抬起你们的头来;
古老的门户啊!你们要被举起,
好让荣耀的王进来。
8 那荣耀的王是谁呢?
就是强而有力的耶和华,
在战场上大有能力的耶和华。
9 众城门哪!抬起你们的头来;
古老的门户啊!你们要被举起,
好让荣耀的王进来。
10 那荣耀的王是谁呢?
万军之耶和华,他就是那荣耀的王。细拉