ဝါကြွားခြင်းကိုစီရင်ခြင်း
"ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်ကြောင်းကို ဧဒုံအမျိုးသားဒေါဂသည် ရှောလုထံသို့လာ၍လျှောက်သောအခါ စပ်ဆိုသောဆာလံ။"
1 အားကြီးသောအချင်းလူ၊ သင်သည်သူ့အကျိုးကိုဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ်တည်၏။ 2 သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကိုဖျက်ခြင်းအမှုကို ပြုစုတတ်၏။ 3 သင်သည် သုစရိုက်ထက် ဒုစရိုက်ကိုလည်းကောင်း၊ ဖြောင့်မတ်သောစကားထက် မုသားစကားကိုလည်းကောင်း သာ၍နှစ်သက်တတ်၏။ 4 အို လှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏။ 5 အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲကနှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏နေရာထဲက နုတ်ပစ်တော်မူမည်။ 6 ဖြောင့်မတ်သောသူတို့သည်မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။ 7 ဘုရားသခင်ကို မခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ ခိုင်ခံ့သောသူကိုကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။ 8 ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်။ 9 ကိုယ်တော် စီရင်တော်မူသောကြောင့်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့မှာ နာမတော်ကိုမျှော်လင့်ပါမည်။
陷害人的必遭 神报应
大卫的训诲诗,交给诗班长,是在以东人多益来告诉扫罗:"大卫到了亚希米勒家"以后作的。本篇细字标题在《马索拉文本》为52:1~21 勇士啊!你为甚么以作恶自夸呢?
神的慈爱是常存的。
2 你图谋毁灭,
你的舌头锋利像剃刀,
常弄诡诈。
3 你喜爱作恶过于行善,
喜爱撒谎过于说实话。细拉
4 你喜爱你诡诈的舌头,
所说一切毁灭人的话。
5 神必把你永远拆毁;
他必把你挪去,把你从帐棚中揪出来,
把你从活人之地连根拔起。细拉
6 义人必看见而惧怕;
他们必讥笑他,说:
7 "看哪!这就是那不以 神为自己保障的人,
他只倚靠自己丰盛的财富,
以毁灭别人来加强自己的力量。"
8 至于我,我就像神殿中茂盛的橄榄树一样;
我倚靠 神的慈爱,直到永永远远。
9 我要永远称谢你,因为你行了这事;
我必在你圣民的面前,宣扬"宣扬"原文作"仰望"你的名,
因你的名是美好的。