ကူမတော်မူရန်ဆုတောင်း
1 ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့ လွှင့်၍ ဆုတောင်းပတ္ထနာပြု၏။ 2 ရှေ့တော်၌ မြည်တမ်းသောစကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။ 3 အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ 4 လက်ယာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူ မရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူ မရှိပါ။ 5 အိုထာဝရဘုရား၊ ကိုယ်တော်ကို အော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏နေရာ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဖို့ ဖြစ်တော်မူ၏။ 6 အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ကြွေးကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့လက်မှ ကယ်နုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။ 7 နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲက နုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေရကြပါလိမ့်မည်။
在困苦中呼求 神拯救
大卫的训诲诗,是在山洞时作的,是一篇祷告。 1 我大声向耶和华呼求,
高声向耶和华恳求。
2 我在他面前倾吐我的苦情,
在他面前陈述我的患难。
3 我的灵在我里面软弱的时候,
你知道我的道路。
在我所行的路上,
敌人暗设网罗陷害我。
4 求你向我右边观看,
没有人关心我;
我没有逃难的地方,
也没有人照顾我。
5 耶和华啊!
我向你呼求;
我说:"你是我的避难所,
是我在活人之地的业分。
6 求你留心听我的呼求,
因为我落到极卑微的地步;
求你救我脱离逼迫我的人,
因为他们比我强大。
7 求你把我从牢狱中领出来,
好让我称赞你的名;
义人必环绕着我,
因为你以厚恩待我。"