ယေရှုနှင့်မောရှေ
1 ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။- 2 မောရှေသည် ဘုရားသခင်၏ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။- 3 အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသော အသရေရှိသကဲ့သို့၊ ယေရှုသည် မောရှေထက် သာ၍ကြီးသော အသရေကိုခံထိုက်သောသူ ဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ၏။- 4 အိမ်မည်သည်ကား၊ တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။- 5 မောရှေသည်၊ နောက်ဟောပြောလတ္တံ့သော အရာတို့ကို သက်သေခံခြင်းအလိုငှာ၊ အစေခံကဲ့သို့ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်၏။- 6 ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌လည်းကောင်း၊ မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌လည်းကောင်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။
ဘုရားသခင်လူစုတော်အတွက်ငြိမ်ဝပ်ချမ်းသာ
7 ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊- 8,9 ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင် ငါ့ကိုဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။- 10 ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။- 11 ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော်မူချက်ရှိသည်နှင့်အညီ၊-ဆာ၊ ၉၅း၈-၁၁။12 ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှာ သတိပြုကြလော့။- 13 ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှာ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။
14 ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ၏။- 15 ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ၊- 16 ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသော သူတို့ကား၊ အဘယ်သူနည်း။ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှ ထွက်လာသော သူအပေါင်းတို့သည် ထိုသို့ပြုကြသည် မဟုတ်လော။- 17 အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင် မဟုတ်လော။- 18 သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သောသူမှတစ်ပါး အဘယ်သူနည်း။- 19 သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။
耶稣比摩西更尊贵
1 因此,同蒙天召的圣洁的弟兄啊!你们应该想想耶稣,就是作使徒、作我们所宣认的大祭司的那一位。2 他忠于那位委派他的,好象摩西在 神的全家尽忠一样。3 他比摩西配得更大的荣耀,好象建造房屋的人比房屋配得更大的尊贵一样。4 因为每一间房屋都是人建造的,只有万物是 神建造的。5 摩西不过是个仆人,在 神的全家尽忠,为以后要传讲的事作证;6 但是基督却是儿子,管理自己的家。如果我们把坦然无惧的心和可夸的盼望持守到底,我们就是他的家了。
以色列人因不信得不到安息
7 所以,就像圣灵所说的:
"如果你们今天听从他的声音,
8 就不要硬着心,
好象在旷野惹他发怒、
试探他的日子一样;
9 在那里,你们的祖先以试验来试探我,
观看我的作为有四十年之久。
10 所以,我向那个世代的人发怒,说:‘他们心里常常迷误,
不认识我的道路。’
11 我就在烈怒中起誓,说:
‘他们绝不可进入我的安息。’"
12 弟兄们,你们要小心,免得你们中间有人存着邪恶、不信的心,以致离弃了永活的 神;13 趁着还有叫作"今天"的时候,总要天天互相劝勉,免得你们中间有人受了罪恶的诱惑,心里就刚硬了。14 如果我们把起初的信念坚持到底,就是有分于基督的人了。15 经上说:
"如果你们今天听从他的声音,
就不要硬着心,
像惹他发怒的时候一样。"
16 那时,听了他的话而惹他发怒的是谁呢?不就是摩西从埃及领出来的那些人吗?17 四十年之久, 神向谁发怒呢?不就是向那些犯了罪陈尸旷野的人吗?18 他又向谁起誓说,他们绝对不可以进入他的安息呢?不就是向那些不顺从的人吗?19 这样看来,他们不能进入安息,是因为不信的缘故。