ယဇ်ပုရောဟိတ်မေလခိဇေဒက်
1 မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းချီးပေးပြီးလျှင်၊- 2 အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဖို့တစ်ဖို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတစ်ပါး၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊- 3 အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။- 4 အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဖို့တစ်ဖို့လှူ၍ အလှူခံသောထိုမင်းသည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။- 5 ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သော သူတည်းဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဖို့တစ်ဖို့ကို ခံရသောအခွင့်ရှိကြ၏။- 6 သူတို့အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏လက်မှ ဆယ်ဖို့တစ်ဖို့ကို ခံလေ၏။ ကတိတော်တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။- 7 ကြီးသောသူသည် ငယ်သောသူကို ကောင်းချီးပေးတတ်သည်ကို ငြင်းခုံဖွယ်မရှိ။- 8 ထိုမှတစ်ပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဖို့တစ်ဖို့ကို ခံလေ့ရှိ၏။ ထိုအခါမူကား အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဖို့တစ်ဖို့ကိုခံရ၏။- 9 ထိုမှတစ်ပါး၊ ဆယ်ဖို့တစ်ဖို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကိုပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။- 10 အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည် မိမိအဘ၏ကိုယ်၌ ရှိသတည်း။
11 တစ်နည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။- 12 ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။- 13 ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တစ်ယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင်ပေ၏။- 14 အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟု မောရှေသည် တစ်ခွန်းကိုမျှမပြော။
မေလခိဇေဒက်နည်းတူ
15 ထိုမှတစ်ပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။- 16 ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည် မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း။- 17 အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံတော်မူသတည်း။ဆာ၊ ၁၁၀း၄။
18 ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊- 19 ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မျှော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမျှော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။- 20 ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ၏။- 21 ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို မရ၊ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊-ဆာ၊ ၁၁၀း၄။22 သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။- 23 ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည်ဖြစ်၍ အများရှိရကြ၏။- 24 ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။- 25 ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။
26 ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။- 27 အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်လည်းကောင်း၊ လူများအပြစ်ကြောင့်လည်းကောင်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်း မရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တစ်ခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးစေတော်မူပြီ။- 28 ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲ စုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း။
至高 神的祭司麦基洗德
1 这麦基洗德就是撒冷王,又是至高 神的祭司。亚伯拉罕杀败众王回来的时候,麦基洗德迎接他,并且给他祝福。2 亚伯拉罕也把自己得来的一切,拿出十分之一来给他。麦基洗德这名字翻译出来,头一个意思就是"公义的王";其次是"撒冷王",就是"平安的王"的意思。3 他没有父亲,没有母亲,没有族谱,也没有生死的记录,而是与 神的儿子相似,永远作祭司。
麦基洗德的祭司职分
4 你们想一想这人是多么伟大啊!祖先亚伯拉罕也要从上等的掳物中,拿出十分之一来给了他。5 那些领受祭司职分的利未子孙,奉命按照律法向人民,就是自己的弟兄,收取十分之一;虽然他们都是出于亚伯拉罕的。6 可是那不与他们同谱系的麦基洗德,反而收纳了亚伯拉罕的十分之一,并且给这蒙受应许的人祝福。7 向来都是位分大的给位分小的祝福,这是毫无疑问的。8 在这里,收取十分之一的,都是必死的;但在那里,收纳十分之一的,却被证实是一位活着的。9 并且可以这样说,连那收取十分之一的利未,也透过亚伯拉罕缴纳了十分之一。10 因为麦基洗德迎接亚伯拉罕的时候,利未还在他祖先的身体里面。
耶稣按麦基洗德体系作祭司
11 这样看来,如果借着利未人的祭司制度能达到完全的地步人民是在这制度下领受律法的,为甚么还需要照着麦基洗德的体系,另外兴起一位祭司,而不照着亚伦的体系呢?12 祭司的制度既然更改了,律法也必须更改。13 因为这些话所指的那位,原是属于另外一个支派的,这支派向来没有人在祭坛前供职。14 我们的主明明是从犹大支派出来的,关于这个支派,摩西并没有提及祭司的事。15 如果有另一位像麦基洗德那样的祭司兴起来,那么,这里所说的就更明显了。16 他成了祭司,不是按着律法上肉身的条例,却是按着不能毁坏的生命的大能。17 因为有为他作证的说:
"你永远作祭司,
是照着麦基洗德的体系。"
18 一方面,从前的条例因为软弱,没有用处,就废弃了;19 因为律法从来没有使甚么得到完全,另一方面,它却带来了更美的盼望,借着这盼望,我们就可以亲近 神。
20 此外,还有关于誓言的事。其他成为祭司的,并不是用誓言立的;21 只有耶稣是用誓言立的,因为那立他的对他说:
"主已经起了誓,
决不改变,
你永远作祭司。"
22 耶稣既然是用誓言立的,就成了更美好的约的保证。23 一方面,从前那些作祭司的,因为受死亡的限制,不能长久留任,所以人数众多。24 另一方面,因为耶稣是永远长存的,就拥有他永不更改的祭司职位。25 因此,那些靠着他进到 神面前的人,他都能拯救到底;因为他长远活着,为他们代求。
26 这样的一位大祭司,对我们本是合适的。他是圣洁、没有邪恶、没有玷污、从罪人中分别出来、高过众天的。27 他不必像那些大祭司,天天先为自己的罪献祭,然后为人民的罪献祭;因为他献上了自己,就把这事一次而永远的成全了。28 律法所立的大祭司,都是软弱的人;可是在律法以后,用誓言所立的儿子,却是成为完全直到永远的。