1 လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သကာကိုလည်းကောင်း၊ အပြစ်ဖြေရာ ယဇ်ကိုလည်းကောင်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှာ ခန့်ထားတော်မူသောသူ ဖြစ်၏။- 2 သူသည် ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှာ တတ်နိုင်၏။- 3 ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှာ ပူဇော်ရ၏။- 4 ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတစ်ပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ။- 5 ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကို မိမိချီးမြှောက်သည်မဟုတ်။ သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏။-ဆာ၊ ၂း၇။6 ထိုသို့နှင့်အညီ ကျမ်းစာတစ်ချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း။ဆာ၊ ၁၁၀း၄။
7 ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊- 8 ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။- 9 ထိုသို့ စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။- 10 မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ၏။
ယုံကြည်ခြင်းကိုမစွန့်ရန်သတိပေးခြင်း
11 ထိုမေလခိဇေဒက်၏အကြောင်းကို ငါတို့ ပြောစရာစကားအများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ်နုံ့သောကြောင့် အပြောခက်လှ၏။- 12 သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌ တစ်ဖန် သင်ရသော အကြောင်းရှိသည်ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။- 13 နို့ကိုသာ သုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။- 14 ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။
1 每一个大祭司都是从人间选出来,奉派替人办理与 神有关的事,为的是要献上礼物和赎罪的祭物。2 他能够温和地对待那些无知和迷误的人,因为他自己也被软弱所困。3 因此,他怎样为人民的罪献祭,也应该怎样为自己的罪献祭。4 没有人可以自己取得这大祭司的尊荣,只有像亚伦一样,蒙 神选召的才可以。
5 照样,基督也没有自己争取作大祭司的尊荣,而是曾经对他说:
"你是我的儿子,
我今日生了你"
的 神荣耀了他;6 就像他在另一处说:
"你是照着麦基洗德的体系,
永远作祭司的。"
7 基督在世的时候,曾经流泪大声祷告恳求那位能救他脱离死亡的 神;因着他的敬虔,就蒙了应允。8 他虽然是儿子,还是因着所受的苦难学会了顺从。9 他既然顺从到底"他既然顺从到底"或译:"他既然达到完全",就成了所有顺从他的人得到永远救恩的根源;10 而且蒙 神照着麦基洗德的体系,称他为大祭司。
劝勉信徒要长大成人
11 论到这些事,我们有很多话要说,可是很难解释;因为你们已经迟钝了,听不进去。12 到这个时候,你们应该已经作老师了;可是你们还需要有人再把 神道理的初步教导你们。你们成了只能吃奶而不能吃干粮的人!13 凡是吃奶的,还是个婴孩,对公义的道理没有经历;14 只有长大成人的,才能吃干粮,他们的官能因为操练纯熟,就能分辨是非了。