ခရစ်တော်၏တစ်ခါတည်းပူဇော်ခြင်း
1 တစ်နည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ် ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။- 2 တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တစ်ဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တစ်ခါတည်းသာပူဇော်၍၊ နောက်တစ်ဖန် မပူဇော်ဘဲနေရကြမည် မဟုတ်လော။- 3 ယခုမူကား ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်း အောက်မေ့ခြင်းရှိ၏။- 4 အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။
5 ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။- 6 မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊- 7 အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှာ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။- 8 ပညတ်တရားအတိုင်း ပြုရသောဝတ်ကို ရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့် ပူဇော်သကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူဟု အထက်က ဆိုနှင့်ပြီးမှ၊- 9 တစ်ဖန်တုံ၊ အို ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှာ သွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှာ ပထမဝတ်ကို ပယ်၏။- 10 ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တစ်ခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။
11 ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သောယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။- 12 ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊- 13 မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမီတိုင်အောင် မျှော်လင့်လျက် နေတော်မူ၏။- 14 အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှာ၊ တစ်ခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။- 15 ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ၊- 16 နောင်ကာလအခါ သူတို့၌ ငါပေးသော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊-ယေ၊ ၃၁း၃၃။17 တစ်ဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။-ယေ၊ ၃၁း၃၄။18 ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တစ်ဖန် အပြစ်ဖြေသော ပူဇော်သကာကို ပြုစေရာအကြောင်းမရှိ။
အထံတော်သို့တိုးင်ချဉ်းကပ်
19,20 ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊- 21 ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်လည်းကောင်း၊ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်လည်းကောင်း၊- 22 ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖျန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။- 23 မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ကတိထားတော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။- 24 ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကို ရှာ၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။- 25 လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။
26 အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊- 27 ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သော မျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဖို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။- 28 မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံ နှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။- 29 ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ သွေးကို အပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသောသူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။- 30 ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ၍လည်းကောင်း၊ ထာဝရဘုရားသည် မိမိလူတို့အဖို့ တရားစီရင်မည်ဟူ၍လည်းကောင်း မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ၏။-တရား၊ ၃၂း၃၅၊ ၃၆၊ ဆာ၊ ၁၃၅း၁၄။31 အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှု ဖြစ်သတည်း။
32,33 သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်လည်းကောင်း၊ ထိုသို့ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဖော် ဖြစ်သဖြင့်လည်းကောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာများကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။- 34 ထိုအခါ သင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသောစိတ် ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတစ်ပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဖို့ ကောင်းကင်ဘုံ၌ သာ၍မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။- 35 ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။- 36 ဘုရားသခင်၏အလိုတော်ကို ဆောင်ပြီးမှ၊ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။- 37 အဘယ်ကြောင့်နည်း ဟူမူကား၊ ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မီ ရောက်တော်မူလိမ့်မည်။- 38 ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ၏။- 39 ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူ မဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူ ဖြစ်ကြ၏။
1 律法既然是以后要来的美好事物的影子,不是本体的真象,就不能凭着每年献同样的祭品,使那些进前来的人得到完全。2 如果敬拜的人一次得洁净,良心就不再觉得有罪,那么,献祭的事不是早就停止了吗?3 可是那些祭品,却使人每年都想起罪来,4 因为公牛和山羊的血不能把罪除去。
5 所以,基督到世上来的时候,就说:
"祭品和礼物不是你所要的,
你却为我预备了身体。
6 燔祭和赎罪祭,
不是你所喜悦的;
7 那时我说:
‘看哪!我来了,
经卷上已经记载我的事,
神啊!我来是要遵行你的旨意。’"
8 前面说:"祭品和礼物,燔祭和赎罪祭,不是你所要的,也不是你所喜悦的。"这些都是按照律法献的;9 接着又说:"看哪!我来了,是要遵行你的旨意。"可见他废除那先前的,为要建立那后来的。10 我们凭着这旨意,借着耶稣基督一次献上他的身体,就已经成圣。
11 所有的祭司都是天天站着事奉,多次献上同样的祭品,那些祭品永远不能把罪除去。12 唯有基督献上了一次永远有效的赎罪祭,就在 神的右边坐下来。13 此后,只是等待 神把他的仇敌放在他的脚下,作他的脚凳。14 因为他献上了一次的祭,就使那些成圣的人永远得到完全。
15 圣灵也向我们作见证,因为后来他说过:
16 "主说:‘在那些日子以后,
我要与他们所立的约是这样:
我要把我的律法放在他们的心思里面,
写在他们的心上。’"
17 又说:"我决不再记着他们的罪恶,
和不法的行为。"
18 这一切既然都赦免了,就不必再为罪献祭了。
劝勉和警告
19 所以,弟兄们!我们凭着耶稣的血,可以坦然无惧地进入至圣所。20 这进入的路,是他给我们开辟的,是一条通过幔子、又新又活的路,这幔子就是他的身体。21 我们既然有一位伟大的祭司治理 神的家,22 我们良心的邪恶既然被洒净,身体也用清水洗净了,那么,我们就应该怀着真诚的心和完备的信,进到 神面前;23 又应该坚持我们所宣认的盼望,毫不动摇,因为那应许我们的是信实的。24 我们又应该彼此关心,激发爱心,勉励行善。25 我们不可放弃聚会,好象有些人的习惯一样;却要互相劝勉。你们既然知道那日子临近,就更应该这样。
26 如果我们领受了真理的知识以后,还是故意犯罪,就再没有留下赎罪的祭品了;27 只好恐惧地等待着审判,和那快要吞灭众仇敌的烈火。28 如果有人干犯了摩西的律法,凭着两三个证人,他尚且得不到怜悯而死;29 何况是践踏 神的儿子,把那使他成圣的立约的血当作俗物,又侮辱施恩的圣灵的人,你们想想,他不是应该受更严厉的刑罚吗?30 因为我们知道谁说过:
"伸冤在我,我必报应。"
又说:
"主必定审判他自己的子民。"
31 落在永活的 神手里,真是可怕的。
要忍耐行完 神的旨意
32 你们要回想从前的日子,那时,你们蒙了光照,忍受了许多痛苦的煎熬;33 有时在众人面前被辱骂,遭患难;有时却成了遭遇同样情形的人的同伴。34 你们同情那些遭监禁的人;你们的家业被抢夺的时候,又以喜乐的心接受,因为知道自己有更美长存的家业。35 所以,你们不可丢弃坦然无惧的心,这样的心是带有大赏赐的。36 你们还需要忍耐,好使你们行完了 神的旨意,可以领受所应许的。37 因为:
"还有一点点的时候,
那要来的就来,
并不迟延。
38 我的义人必因信得生,
如果他后退,
我的心就不喜悦他。"
39 但我们不是那些后退以致灭亡的人,而是有信心以致保全生命的人。