ယေရှုကိုစေ့စေ့ထောက်ရှုကြ
1 ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။- 2 ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏။- 3 အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။
4 သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေး ထွက်သည်တိုင်အောင် မခံရကြသေး။- 5 ထိုမှတစ်ပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။- 6 ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။- 7 သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစ်စုံတစ်ယောက်ရှိသလော။- 8 သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ၏။- 9 တစ်နည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။- 10 အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တစ်ခဏသာ ဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။- 11 ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။
သတိပေးချက်များ
12 ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။- 13 ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှာ၊ သင်တို့သွားဖို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။- 14 လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကိုလည်းကောင်း၊ သန့်ရှင်းခြင်း ပါရမီကိုလည်းကောင်း မီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။- 15 သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကိုမရဘဲ မနေစေခြင်းငှာလည်းကောင်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့နှောင့်ယှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့် မညစ်ညူးစေခြင်းငှာလည်းကောင်း၊- 16 မတရားသော မေထုန်၌မှီဝဲသောသူ မရှိစေခြင်းငှာလည်းကောင်း၊ တစ်နပ်စာအဖိုးနှင့် သားဦးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရို မသေပြုသောသူ မရှိစေခြင်းငှာလည်းကောင်း၊ သတိနှင့် ကြည့်ရှုကြလော့။- 17 သင်တို့သိသည်အတိုင်း၊ ဧသောသည် နောက်မှ ကောင်းချီးမင်္ဂလာကို အမွေခံခြင်းငှာ အလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းချီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်း အခွင့်ကို မတွေ့မရ။
18 ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့လည်းကောင်း၊ လောင်သောမီးသို့လည်းကောင်း၊ မည်းသောတိမ်တိုက်၊ မှောင်မိုက်၊ မိုးသက်မုန်တိုင်းသို့ လည်းကောင်း၊- 19 တံပိုးမှုတ်ခြင်း အသံသို့လည်းကောင်း၊ နှုတ်ကပတ်တော် အသံသို့လည်းကောင်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်း တောင်းပန်ကြ၏။- 20 အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင်၊ ကျောက်ခဲနှင့် ပစ်၍ သေစေဟု ပညတ်တော်မူသံကို လူတို့သည် နားမခံနိုင်ကြ။- 21 ထိုသို့ ထင်ရှားသောအရာသည် အလွန် ကြောက်မက်ဖွယ်ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းရှိသည်ဟု ဆို၏။- 22 သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့လည်းကောင်း၊- 23 ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့လည်းကောင်း၊- 24 ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖျန်းဆွတ်ခြင်း၏ အသွေးထံသို့လည်းကောင်း ရောက်ကြ၏။
25 သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။- 26 အထက်က ဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတစ်ဖန် ငါသည် မြေကြီးနှင့် ကောင်းကင်ကို လှုပ်ဦးမည်ဟု ကတိတော်ရှိ၏။- 27 တစ်ဖန် ဟူသောစကား၏အဓိပ္ပာယ်ကား၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှာ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။- 28 ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။- 29 ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။
专一注视耶稣
1 所以,我们既然有这么多的见证人,像云彩围绕着我们,就应该脱下各样的拖累,和容易缠住我们的罪,以坚忍的心奔跑那摆在我们面前的赛程;2 专一注视耶稣,就是那位信心的创造者和完成者。他因为那摆在面前的喜乐,就忍受了十字架,轻看了羞辱,现在就坐在 神宝座的右边。3 这位忍受罪人那样顶撞的耶稣,你们要仔细思想,免得疲倦灰心。
主必管教他所爱的
4 你们与罪恶斗争,还没有对抗到流血的地步;5 你们又忘记了那劝你们好象劝儿子的话,说:
"我儿!你不可轻看主的管教,
受责备的时候也不要灰心;
6 因为主所爱的,他必管教,
他又鞭打所收纳的每一个儿子。"
7 为了接受管教,你们要忍受,因为 神待你们好象待儿子一样;哪有儿子不受父亲管教的呢?8 作儿子的都受过管教。如果你们没有受管教,就是私生子,不是儿子了。9 还有,肉身的父亲管教我们,我们尚且敬重他们;何况那万灵的父,我们不是更要顺服他而得生吗?10 肉身的父亲照着自己的意思管教我们,只有短暂的日子;唯有 神管教我们,是为着我们的好处,使我们在他的圣洁上有分。11 但是一切管教,在当时似乎不觉得快乐,反觉得痛苦;后来却为那些经过这种操练的人,结出平安的果子来,就是义。
把下垂的手发软的腿挺起来
12 所以,你们要把下垂的手和发软的腿挺直起来;13 也要把你们所走的道路修直,使瘸子不至于扭脚,反而得到复原。14 你们要竭力寻求与众人和睦,并且要竭力追求圣洁。如果没有圣洁,谁也不能见主。15 你们要小心,免得有人失去了 神的恩典;免得有苦根长起来缠绕你们,因而污染了许多人;16 又免得有人成为淫乱的和贪恋世俗的,好象以扫一样,为了一点点食物,竟把自己长子的名分出卖了。17 你们知道,后来以扫想要承受祝福,却被拒绝了;他虽然带着眼泪寻求,还是没有反悔的余地。
不可违背那警戒人的 神
18 你们不是来到那座摸得着的山。那里有烈火、密云、幽暗、暴风、19 号筒的响声和说话的声音;那些听见这声音的人,都请求 神不要再向他们多说话;20 因为他们担当不起那命令:"就是走兽挨近这山,也要用石头把牠打死。"21 当时,显出的景象是那么可怕,连摩西也说:"我非常恐惧战兢。"22 你们却是来到锡安山和永活的 神的城,就是天上的耶路撒冷;在那里有千万的天使聚集,23 有名字登记在天上众长子的教会,有审判众人的 神,有被成全的义人的灵魂,24 有新约的中保耶稣,还有他所洒的血。这血所传的信息比亚伯的血所传的更美。
25 你们要谨慎,不要弃绝那位说话的,因为从前的人弃绝了那位在地上警戒他们的,尚且不能逃罪;何况现在我们背弃那位从天上警戒我们的呢?26 当时他的声音震动了地;现在他却应许说:"下一次,我不但要震动地,还要震动天。"27 "下一次"这句话,是表明那些被震动的,要像被造之物那样被除去,好使那些不能震动的可以留存,28 因此,我们既然领受了不能震动的国,就应该感恩,照着 神所喜悦的,用虔诚敬畏的心事奉他;29 因为我们的 神是烈火。