တပည့်တော်တို့၏ခြေကိုဆေးခြင်း
1 ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။- 2 ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊- 3 ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည်သိတော်မူသည်နှင့်၊- 4 စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။- 5 ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါနှင့် သုတ်တော်မူ၏။
6 ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။- 7 ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။- 8 ပေတရုကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။- 9 ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကိုလည်းကောင်း၊ ဦးခေါင်းကိုလည်းကောင်း ဆေးတော်မူပါဟု လျှောက်ပြန်၏။- 10 ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတစ်ပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ 11 ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။
12 ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တစ်ဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။-လု၊ ၂၂:၂၇။13 သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။- 14 ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။- 15 ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကို ပြခဲ့ပြီ။- 16 ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ ကြီးမြတ်သည်မဟုတ်။-မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၅:၂၀။17 ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။- 18 သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။-ဆာ၊ ၄၁:၉။19 ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှာ၊ မရောက်မီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။- 20 ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။-မ၊ ၁၀:၄၀။ မာ၊ ၉:၃၇။ လု၊ ၉:၄၈၊၁၀:၁၆။
အပ်နှံခြင်းခံရမည့်အကြောင်း
21 ထိုသို့ယေရှုသည် မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။- 22 အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုကြ၏။- 23 ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊- 24 အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှာ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို အမှတ်ပေး၏။- 25 ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။- 26 ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။- 27 ထိုသူသည် မုန့်တစ်လုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။- 28 အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။- 29 အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။- 30 ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
ပညတ်တော်သစ်
31 ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။- 32 ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာမမြင့်မီ သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။- 33 ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။-ယော၊ ၇:၃၄။34 သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။-ယော၊ ၁၅:၁၂၊၁၇၊ ၁ယော၊ ၃:၂၃။ ၂ယော ၅။35 သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ပေတရုငြင်းဆိုမည်ကိုဖော်ပြခြင်း
36 ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။- 37 ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊- 38 ယေရှုက၊ ငါ့အဖို့ သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
耶稣为门徒洗脚
1 逾越节以前,耶稣知道自己离开这世界回到父那里去的时候到了。他既然爱世上属于自己的人,就爱他们到底。2 吃晚饭的时候魔鬼已经把出卖耶稣的意念放在西门的儿子加略人犹大的心里,3 耶稣知道父已经把万有交在他手中,并且知道自己从 神而来,又要回到 神那里去,4 就起身离席,脱去外衣,拿一条手巾束腰。5 然后他倒了一盆水,洗门徒的脚,并且用束腰的手巾擦干。6 轮到西门.彼得,彼得就说:"主啊,你要洗我的脚吗?"7 耶稣回答:"我所作的,你现在不知道,以后就会明白。"8 彼得说:"不行,你千万不可洗我的脚!"耶稣说:"如果我不洗你,你就与我没有关系了。"9 西门.彼得说:"主啊,那就不单洗我的脚,连我的手和头都洗吧!"10 耶稣说:"洗过澡的人,全身都洁净,只需要洗脚就可以了。你们是洁净的,但不是人人都是这样。"11 原来耶稣知道谁要出卖他,所以他说"你们不是人人都是洁净的"。
12 耶稣洗完了门徒的脚,就穿上外衣,再坐下来,对他们说:"我给你们作的,你们明白吗?13 你们称呼我‘老师,主’,你们说得对,我本来就是。14 我是主,是老师,尚且洗你们的脚,你们也应当彼此洗脚。15 我作了你们的榜样,是要你们也照着我所作的去行。16 我实实在在告诉你们,仆人不能大过主人,奉差遣的也不能大过差他的人。17 你们既然知道这些事,如果去实行,就有福了。18 我这话不是指着你们全体说的;我认识我所拣选的人,但是经上的话:‘那吃我饭的,用他的脚踢我’,必须应验。19 现在,事情还没有发生,我就告诉你们,使你们到时可以信我就是‘那一位’。20 我实实在在告诉你们,那接待我所差遣的,就是接待我;接待我的,就是接待那差我来的。"
耶稣预言要被人出卖(太26:20~25;可14:17~21;路22:21~23)
21 耶稣说了这话,心里很难过,就明明地说:"我实实在在告诉你们,你们中间有一个人要出卖我。"22 门徒面面相觑,不知道他是指着谁说的。23 门徒中有一个人,是耶稣所爱的,侧身挨近耶稣"侧身挨近耶稣"原文作"在耶稣的胸怀里"。24 西门.彼得向他示意,叫他问耶稣是指着谁说的。25 于是那个门徒贴近耶稣的胸怀,问他:"主啊,是谁呢?"26 耶稣回答:"我蘸一小块饼给谁,谁就是了。"于是他蘸了一小块饼,递给加略人西门的儿子犹大。27 犹大接过饼以后,撒但就进入他的心。耶稣对他说:"你要作的,快去作吧。"28 在座的人,没有一个知道耶稣为甚么对犹大说这话。29 犹大是管钱的,所以有人以为耶稣叫他去买过节用的东西,或是吩咐他拿点东西去赒济穷人。30 犹大吃了饼,立刻就出去;那时是黑夜了。
吩咐门徒要彼此相爱
31 他出去以后,耶稣就说:"现在人子得了荣耀, 神也在人子身上得了荣耀,32 神既然在人子身上得了荣耀,有些抄本无此句也要在自己身上荣耀人子,并且要立刻荣耀他。33 孩子们啊,我跟你们在一起的时候不多了。你们要寻找我,但是我对犹太人说过,现在也照样对你们说:‘我去的地方,是你们不能去的。’34 我给你们一条新命令,就是要你们彼此相爱;我怎样爱你们,你们也要怎样彼此相爱。35 如果你们彼此相爱,众人就会认出你们是我的门徒了。"
预言彼得不认主(太26:33~35;可14:29~31;路22:33~34)
36 西门.彼得对耶稣说:"主啊,你往哪里去?"耶稣回答:"我去的地方,你现在不能跟着我去,但后来却要跟着我去。"37 彼得说:"主啊,为甚么我现在不能跟着你去?为了你,我舍命也愿意!"38 耶稣说:"你愿意为我舍命吗?我实实在在告诉你,鸡叫之前,你必定三次不认我。"