လူငါးထောင်ကိုကျွေးမွေးခြင်း
1 ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။- 2 အနာရောဂါစွဲသောသူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။- 3 ယေရှုသည်တောင်ပေါ်သို့ တက်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။- 4 ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။
5 ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။- 6 ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှာသာ မေးတော်မူ၏။- 7 ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တစ်ဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဖိုးထိုက်သောမုန့် မလောက်ပါဟု လျှောက်၏။- 8 ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊- 9 မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- 10 ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သောလူတို့သည် လျောင်းကြ၏။- 11 ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။- 12 ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊- 13 စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။- 14 ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။- 15 ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တစ်ယောက်တည်းကြွတော်မူပြန်၏။
ရေပေါ်မှာစက်တော်ဖြန့်ခြင်း
16 ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ပြီးလျှင်၊ ကပေရနောင်မြို့သို့ ရောက်အံ့သောငှာ အိုင်ကိုကူးကြ၏။- 17 ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။- 18 လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။- 19 ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။- 20 ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာခံယူကြ၏။- 21 လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။
ယေရှုကိုရှာကြခြင်း
22 အိုင်တစ်ဖက်၌နေသော လူအစုအဝေးတို့သည်ကား၊- 23 အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊- 24 ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။
ငါသည်အသက်မုန့်ဖြစ်၏။
25 အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။- 26 ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။- 27 မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
28 ထိုသူတို့ကလည်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။- 29 ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။- 30 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။- 31 ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဖို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။ထွ၊ ၁၆:၄၊ ၁၅။ ဆာ၊ ၇၈:၂၄။
32 ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။- 33 ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊- 34 သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။- 35 ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။- 36 သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။- 37 ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။- 38 အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။- 39 ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာလည်းကောင်း၊- 40 သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။
41 ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- 42 ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။- 43 ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။- 44 ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- 45 အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ၊ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။-ဟေရှာ၊ ၅၄:၁၃။46 ထိုသို့ငါဆိုသော်၊ ဘုရားသခင့်အထံတော်က ကြွလာသောသူမှတစ်ပါး တစ်စုံတစ်ယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။- 47 ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။- 48 ငါသည် အသက်မုန့်ဖြစ်၏။- 49 သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။- 50 ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။- 51 ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။
52 ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။- 53 ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။- 54 ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- 55 ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။- 56 ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။- 57 အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။- 58 ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊- 59 ကပေရနောင်မြို့တရားဇရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။
ထာဝရအသက်နှင့်ယှဉ်သောစကား
60 တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်းဟု ဆိုကြ၏။- 61 ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့ပြစ်တင်သည်ကို ယေရှုသည် အလိုအလျောက်သိတော်မူလျှင်၊ ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။- 62 လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။- 63 ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။- 64 သို့သော်လည်း သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏။- 65 ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှ ငါထံသို့မလာနိုင်ဟု အထက်က ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကိုလည်းကောင်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကိုလည်းကောင်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။
66 ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့် မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။- 67 ထိုကြောင့် ယေရှုသည် တစ်ကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှာ အလိုရှိကြသလောဟု မေးတော်မူလျှင်၊- 68 ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။-မ၊ ၁၆:၁၆။ မာ၊ ၈:၂၉။ လု၊ ၉:၂၀။69 ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်ဟု လျှောက်လေ၏။- 70 ယေရှုကလည်း၊ တစ်ကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည်ဟု မိန့်တော်မူ၏။- 71 ထိုသို့မိန့်တော်မူသော်၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သားယုဒရှကာရုတ်ကို ဆိုလိုသတည်း။
给五千人吃饱的神迹(太14:13~21;可6:32~44;路9:10~17)
1 这些事以后,耶稣渡过加利利海,就是提比里亚海。2 有一大群人,因为看见了他在病人身上所行的神迹,就跟随了他。3 耶稣上了山,同门徒坐在那里。4 那时犹太人的逾越节近了。5 耶稣举目观看,见一大群人向他走过来,就对腓力说:"我们从哪里买饼给这些人吃呢?"6 他说这话,是要试验腓力,因他自己早已知道要怎样作。7 腓力回答:"就算二百银币买的饼,每人分一点,也是不够的。"8 有一个门徒,就是西门.彼得的弟弟安得烈,对耶稣说:9 "这里有个小孩子,带着五个大麦饼、两条鱼;只是分给这么多人,有甚么用呢?"10 耶稣吩咐他们:"你们叫众人坐下。"原来那地方的草很多,众人就坐下,单是男人的数目约有五千。11 耶稣拿起饼来,祝谢了,就分给坐着的人;分鱼也是这样,都是随着他们所要的。12 他们吃饱了之后,耶稣对门徒说:"把剩下的零碎收拾起来,免得浪费。"13 门徒就把众人吃剩那五个大麦饼的零碎收拾起来,装满了十二个篮子。14 众人看见耶稣所行的神迹,就说:"这真是那要到世上来的先知。"15 耶稣知道群众要来强迫他作王,就独自又退到山上去了。
耶稣在海面上行走(太14:22~33;可6:47~51)
16 到了晚上,他的门徒下到海边去。17 他们上了船,要渡海往迦百农去。那时天已经黑了,耶稣还没有到他们那里。18 忽然海上起了狂风,波浪翻腾。19 门徒摇橹约行了五六公里,看见耶稣在海面上行走,渐渐靠近船,就害怕起来。20 耶稣对他们说:"是我,不要怕。"21 他们这才把他接上船,船就立刻到了他们要去的地方。
耶稣是生命的食物
22 第二天,站在海那边的群众,看见只有一只小船留在那里,并且知道耶稣没有和他的门徒一同上船,门徒是自己去的;23 不过有几只从提比里亚来的船停在那里,靠近他们在主祝谢以后吃饼的地方。24 群众见耶稣和门徒都不在那里,就上船往迦百农去找耶稣。25 他们在对岸找到了耶稣,就问他:"拉比,你几时到这里来的?"26 耶稣回答:"我实实在在告诉你们,你们找我,不是因为看见了神迹,而是因为吃了饼又吃饱了。27 不要为那必朽坏的食物操劳,却要为那存到永生的食物操劳,就是人子所要赐给你们的,因为人子是父 神所印证的。"28 众人又问他:"我们应该作甚么,才算是作 神的工作呢?"29 耶稣回答:"信 神所差来的,就是作 神的工了。"30 于是他们就说:"你要行甚么神迹,让我们看了就信你呢?你到底能作甚么呢?31 我们的祖宗在旷野吃过吗哪,正如经上所记:‘他把从天上来的食物赐给他们吃。’"32 耶稣对他们说:"我实实在在告诉你们,不是摩西把那从天上来的食物赐给你们,而是我父把天上来的真食物赐给你们;33 因为 神的食物就是从天上降下来,把生命赐给世人的那一位。"
34 他们对耶稣说:"主啊,求你常把这食物赐给我们。"35 耶稣说:"我就是生命的食物,到我这里来的,必定不饿;信我的,永远不渴。36 但我告诉你们,你们虽然见了我,还是不信。37 凡是父赐给我的人,必到我这里来;到我这里来的,我决不丢弃他,38 因为我从天上降下来,不是要行自己的意思,而是要行那差我来者的旨意。39 那差我来者的旨意就是:他所赐给我的人,我连一个也不失落,并且在末日我要使他们复活。40 因为我父的旨意,是要使所有看见了子而信的人有永生,并且在末日我要使他们复活。"
41 犹太人因为耶稣说"我是从天上降下来的食物",就纷纷议论他。42 他们说:"这不是约瑟的儿子耶稣吗?他的父母我们不都认识吗?他现在怎么说‘我是从天上降下来的’呢?"43 耶稣回答:"你们不要彼此议论。44 如果不是差我来的父吸引人,就没有人能到我这里来;到我这里来的,在末日我要使他复活。45 先知书上记着:‘众人都必受 神的教导。’凡听见从父那里来的教训而又学习的,必到我这里来。46 这不是说有人见过父;只有从 神那里来的那一位,他才见过父。47 我实实在在告诉你们,信的人有永生。48 我就是生命的食物,49 你们的祖宗在旷野吃过吗哪,还是死了。50 这是从天上降下来的食物,使人吃了就不死。51 我就是从天上降下来生命的食物,人若吃了这食物,就必活到永远。我要赐的食物就是我的肉,是为了世人的生命而赐的。"
52 于是,犹太人彼此争论,说:"这个人怎能把他的肉给我们吃呢?"53 耶稣就对他们说:"我实实在在告诉你们,你们若不吃人子的肉,不喝人子的血,就没有生命在你们里面。54 吃我肉、喝我血的,就有永生,在末日我要使他复活;55 因为我的肉是真正的食物,我的血是真正的饮料。56 吃我肉、喝我血的人,就住在我里面,我也住在他里面。57 正如永活的父差遣了我,我也因父活着;照样,吃我肉的人也必因我而活。58 这就是从天上降下来的食物,不像吗哪,你们的祖宗吃过,还是死了;吃这食物的,必活到永远。"59 这些话是耶稣在迦百农会堂里教导人的时候说的。
永生之道
60 他的门徒中,有许多人听了,就说:"这话很难,谁能接受呢?"61 耶稣心里知道门徒为了这事议论纷纷,就对他们说:"这话使你们动摇吗?62 如果你们看见人子升到他原来所在的地方,又怎样呢?63 使人活的是灵,肉体是无济于事的。我对你们所说的话是灵、是生命。64 然而你们中间却有不信的人。"原来从起初耶稣就知道那些不信的是谁,那要把他出卖的又是谁。65 耶稣跟着说:"所以我对你们说过,如果不是父所赐的,没有人能到我这里来。"
66 从此,他的门徒中有许多人退去了,不再与他同行。67 于是耶稣对十二门徒说:"你们也想离去吗?"68 西门.彼得回答:"主啊,你有永生之道,我们还跟从谁呢?69 我们已经相信,并且知道你是 神的圣者。"70 耶稣说:"我不是拣选了你们十二个人吗?但你们中间有一个是魔鬼。"71 耶稣这话是指着加略人西门的儿子犹大说的,因为他虽然是十二门徒之一,却要出卖耶稣。