ခမည်းတော်ထံသွားရာလမ်း
1 တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။- 2 ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။- 3 ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။- 4 ငါသည် အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။- 5 သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊- 6 ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။- 7 သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ဟု မိန့်တော်မူ၏။
8 ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊- 9 ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုရသနည်း။- 10 ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။- 11 ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။- 12 ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊- 13 သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။- 14 သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်။
ဝိညာဉ်တော်၏ကတိတော်
15 ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊- 16 ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။- 17 ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။- 18 ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။- 19 ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။- 20 ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။- 21 ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။
22 ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။- 23 ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူ့ဆီသို့ကြွ၍ နေရာချမည်။- 24 ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။- 25 ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။- 26 ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။- 27 ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။- 28 ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။- 29 ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှာ၊ မရောက်မီ ယခုပင်သင်တို့အား ငါပြောနှင့်ပြီ။- 30 ယခုမှစ၍ ငါသည်သင်တို့နှင့် များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။- 31 ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း၊ လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။
耶稣是道路真理生命
1 "你们心里不要难过,你们应当信 神,也应当信我。2 在我父的家里,有许多住的地方;如果没有,我怎么会告诉你们我去是要为你们预备地方呢?下半节或译:"如果没有,我早就对你们说了,因为我去是为你们预备地方。"3 我若去为你们预备地方,就必再来接你们到我那里去,好使我在哪里,你们也在哪里。4 我去的地方,你们知道那条路。"5 多马说:"主啊,我们不知道你去的地方,怎能知道那条路呢?"6 耶稣对他说:"我就是道路、真理、生命,如果不是借着我,没有人能到父那里去。7 如果你们认识我,就必认识我的父;从今以后,你们认识他,并且看见了他。"8 腓力说:"主啊,请把父显示给我们,我们就满足了。"9 耶稣说:"腓力,我跟你们在一起这么久了,你还不认识我吗?那看见了我的就是看见了父,你怎么还说‘把父显示给我们’呢?10 你不信我是在父里面,父是在我里面吗?我对你们说的话,不是凭着自己说的,而是住在我里面的父作他自己的事。11 你们应当信我是在父里面,父是在我里面;不然,也要因我所作的而相信。12 我实实在在告诉你们,我所作的事,信我的人也要作,并且要作比这些更大的,因为我往父那里去。13 你们奉我的名无论求甚么,我必定成全,使父在子的身上得着荣耀。14 你们若奉我的名向我求甚么,我必定成全。
耶稣求父赐下保惠师
15 "如果你们爱我,就要遵守我的命令。16 我要请求父,他就会赐给你们另一位保惠师,使他跟你们永远在一起。17 这保惠师就是真理的灵,世人不能接受他,因为看不见他,也不认识他。你们却认识他,因为他跟你们住在一起,也要在你们里面。18 我不会撇下你们为孤儿,我要回到你们这里来。19 不久以后,世人不再看见我,你们却要看见我,因为我活着,你们也要活着。20 到那日,你们就知道我是在我父里面,你们是在我里面,我也在你们里面。21 那领受我的命令,并且遵守的,就是爱我的;爱我的,我父必定爱他,我也要爱他,并且要亲自向他显现。"22 犹大不是加略人犹大对耶稣说:"主啊,你为甚么要亲自向我们显现,不向世人显现呢?"23 耶稣回答:"人若爱我,就要遵守我的话,我父必定爱他,并且我们要到他那里去,跟他住在一起。24 不爱我的,就不会遵守我的话。你们所听见的道,不是我的,而是那差我来的父的道。
25 "我还跟你们在一起的时候,就对你们讲了这些事。26 但保惠师,就是父因我的名要差来的圣灵,他要把一切事教导你们,也要使你们想起我对你们所说过的一切话。27 我留下平安给你们,我把自己的平安赐给你们;我给你们的,不像世界所给的。你们心里不要难过,也不要恐惧。28 你们听见我对你们说过:‘我去,但还要回到你们这里来。’你们若爱我,就要喜乐,因为我到父那里去,又因为父是比我大的。29 现在事情还没有发生,我就已经告诉你们,使你们在事情发生的时候可以相信。30 我不会再跟你们讲很多的事,因为这世界的统治者将到;他在我身上毫无作用,31 但这些事是要使世人知道我爱父,并且知道父怎样吩咐了我,我就怎样作。起来,我们走吧!"