ယေရှုနှင့်ရှမာရိအမျိုးသမီး
1 ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။- 2 တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက် သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊- 3 ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တစ်ဖန် ကြွတော်မူစဉ်တွင်၊- 4 ရှမာရိပြည်အလယ်၌ လျှောက်သွားရ၏။- 5 ယာကုပ်သည် မိမိသားယောသပ်အား ပေးသော မြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။-က၊ ၃၃:၁၉။ ယောရှု၊၂၄:၃၂။6 ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။
7 ရှမာရိမိန်းမတစ်ယောက်သည် ရေခပ်ခြင်းငှာ လာ၍၊ ယေရှုက၊ ငါသောက်ဖို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။- 8 အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှာ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။- 9 ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။-ဧဇ၊ ၄:၁-၅။ နေ၊ ၄:၁-၂။10 ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊- 11 မိန်းမက၊ သခင်၌ ရေခပ်စရာမရှိ၊ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါမည်နည်း။- 12 ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟုဆို၏။- 13 ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တစ်ဖန် ရေငတ်ဦးမည်။- 14 ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- 15 မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- 16 ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။- 17 မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည် မှန်၏။- 18 အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဖူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။
19 ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။- 20 အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊- 21 ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည် အချိန်ကာလ ရောက်ဆဲရှိ၏။- 22 သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။- 23 ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။- 24 ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။- 25 မိန်းမကလည်း၊ မေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။- 26 ယေရှုကလည်း၊ သင်နှင့်စကားပြောသောငါသည် မေရှိယပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
27 ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။- 28 ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊- 29 အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- 30 သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။- 31 မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊- 32 သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။- 33 ထိုကြောင့်တပည့်တော်တို့က၊ တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေးမြန်းကြလျှင်၊- 34 ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။- 35 ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။- 36 စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှာ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။- 37 တစ်ဦးကား ပျိုးကြဲ၏။ တစ်ဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။- 38 သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှာ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
39 ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။- 40 ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။- 41 အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊- 42 ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။
အမတ်တစ်ဦး၏သားကိုကုသခြင်း
43 နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။- 44 အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေခံတော်မူ၏။-မ၊ ၁၃:၅၇။ မာ၊ ၆:၄။ လု၊ ၄:၂၄။45 ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။-ယော၊ ၂:၂၃။46 ရေကို စပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တစ်ယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။-ယော၊ ၂:၁-၁၁။47 ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန်လေ၏။- 48 ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊- 49 သခင်၊ အကျွန်ုပ်သားမသေမီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။- 50 ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။- 51 လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။- 52 အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- 53 ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသော အချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။- 54 ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။
生命的活水
1 主知道法利赛人听见他收门徒和施洗比约翰更多2其实不是耶稣亲自施洗,而是他的门徒施洗,3 就离开了犹太,再往加利利去。4 他必须经过撒玛利亚。5 于是到了撒玛利亚的一座城,名叫叙加;这城靠近雅各给他儿子约瑟的那块地。6 在那里有雅各井。耶稣因为旅途疲倦了,就坐在井旁;那时大约正午。
7 有一个撒玛利亚妇人来打水。耶稣对她说:"请给我水喝。"8 那时,他的门徒都进城买食物去了。9 撒玛利亚妇人对耶稣说:"你是犹太人,怎么向我,一个撒玛利亚妇人要水喝呢?"原来犹太人和撒玛利亚人不相往来。10 耶稣回答她:"你若知道 神的恩赐,和对你说‘请给我水喝’的是谁,你必早已求他,他也必早把活水赐给你了。"11 妇人说:"先生,你没有打水的器具,井又深,你从哪里得活水呢?12 我们的祖先雅各把这口井留给我们,他自己和子孙以及牲畜都喝这井的水,难道你比他还大吗?"13 耶稣回答:"凡喝这水的,还要再渴;14 人若喝我所赐的水,就永远不渴。我所赐的水要在他里面成为涌流的泉源,直涌到永生。"15 妇人说:"先生,请把这水赐给我,使我不渴,也不用来这里打水。"
必须用心灵按真理敬拜 神
16 耶稣说:"你去,叫你的丈夫,然后回到这里来。"17 妇人对他说:"我没有丈夫。"耶稣说:"你说‘没有丈夫’是不错的。18 你以前有五个丈夫,现在有的并不是你的丈夫;你说这话是真的。"19 妇人说:"先生,我看出你是先知。20 我们的祖先在这山上敬拜 神,而你们却说,敬拜的地方必须在耶路撒冷。"21 耶稣说:"妇人,你应当信我,时候将到,那时你们敬拜父,不在这山上,也不在耶路撒冷。22 你们敬拜你们所不知道的,我们却敬拜我们所知道的,因为救恩是从犹太人出来的。23 然而时候将到,现在就是了,那用心灵按真理敬拜父的,才是真正敬拜的人;因为父在寻找这样敬拜他的人。24 神是灵,敬拜他的必须借着灵按真理敬拜他。"25 妇人说:"我知道那称为基督的弥赛亚要来;他来了,要把一切都告诉我们。"26 耶稣说:"我这现在跟你说话的就是他。"
27 正在这时候,门徒回来了,见耶稣和一个妇人说话,就很希奇;但是没有人问:"你要甚么?"或说:"你为甚么跟她说话?"28 那妇人撇下了她的水罐,进到城里去,对众人说:29 "你们来,看看一个人,他把我所作的一切都说出来,难道这人就是基督吗?"30 众人就出城,往耶稣那里去。
庄稼已经熟了
31 当时,门徒对耶稣说:"拉比,请吃。"32 耶稣说:"我有食物吃,是你们所不知道的。"33 门徒就彼此说:"难道有人拿东西给他吃了吗?"34 耶稣说:"我的食物就是遵行差我来者的旨意,并且完成他的工作。35 你们不是说‘还有四个月才到收获的时候’吗?我告诉你们,举目向田观看,庄稼已经熟了,可以收割了。36 收割的人得到工资,也积储五谷直到永生,使撒种的和收割的一同快乐。37 ‘这人撒种,那人收割’,这话是真的。38 我派你们去收割你们所没有劳苦的;别人劳苦,你们却享受他们劳苦的成果。"
39 因着那妇人作见证的话:"他把我所作的一切都说出来了",那城里就有许多撒玛利亚人信了耶稣。40 于是他们来到耶稣那里,求他和他们同住,耶稣就在那里住了两天。41 因着耶稣的话,信他的人就更多了。42 他们就对那妇人说:"现在我们信,不再是因为你的话,而是因为我们亲自听见了,知道这位真是世人的救主。"
治好大臣的儿子
43 两天之后,耶稣离开那里,往加利利去。44 耶稣自己说过:"先知在本乡是不受尊敬的。"45 耶稣到了加利利的时候,加利利人都欢迎他,因为他们曾经上耶路撒冷去过节,见过他所行的一切。
46 耶稣又到了加利利的迦拿,就是他变水为酒的地方。有一个大臣,他的儿子在迦百农患病。47 他听见耶稣从犹太到了加利利,就来见他,求他下去医治他的儿子,因为他的儿子快要死了。48 耶稣对他说:"你们若看不见神迹奇事,总是不肯信。"49 大臣说:"先生,求你趁我的孩子还没有死就下去吧!"50 耶稣告诉他:"回去吧,你的儿子好了。"那人信耶稣对他说的话,就回去了。51 正下去的时候,他的仆人迎着他走来,说他的孩子好了。52 他就向仆人查问孩子是甚么时候好转的。他们告诉他:"昨天下午一点钟,热就退了。"53 这父亲就知道,那正是耶稣告诉他"你的儿子好了"的时候,他自己和全家就信了。54 这是耶稣从犹太回到加利利以后所行的第二件神迹。