သတို့သမီးအိပ်မက်
1 ငါ့ဝိညာဉ်ချစ်သောသူကို ညအခါ အိပ်ရာပေါ်မှာ ငါရှာ၏။ ရှာသော်လည်း မတွေ့။ 2 ငါထမည်။ မြို့လမ်းတို့တွင်လည်မည်။ ငါ့ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင် ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။ 3 မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကိုတွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သောသူကို မြင်ကြသလောဟု ငါမေး၏။ 4 သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါ့ဝိညာဉ်ချစ်သောသူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင်၍ ငါ့ကိုဖွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့၏။
5 ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလို မနိုးမီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သောသမင်ဒရယ်များကို တိုင်တည်၍၊ သင်တို့ကိုငါမှာထား၏။
သတို့သားရောက်လာပြီ
6 မုရန်၊ လောဗန်အစရှိသော ကုန်သည်ရောင်းတတ်သော နံ့သာမှုန့်မျိုးကိုမီးရှို့၍၊ ထသော မီးခိုးတိုင်သဏ္ဌာန်ရှိလျက် တောထဲကလာသော ထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။
ရှောလမုန်မင်း၏ ယာဉ်ပျံတော်ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုးသားသူရဲ အခြွေအရံရှိကြ၏။ 7 ထိုသူအပေါင်းတို့သည် ဓားကိုင်လျက်၊ စစ်မှုစစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။ 8 ညအခါစိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်း မိမိပေါင်၌ မိမိဓားကို မြှောင်ထားလျက်ရှိ၏။ 9 လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။ 10 ကွန်းစင်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ပိုင်းကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ဗလာဖြင့်လည်းကောင်း ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီးတို့သည် မေတ္တာနှင့် ချယ်လှယ်ကြပြီ။
11 ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင်သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင်သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန်မင်းကြီးကို သွား၍ဖူးမြင်ကြလော့။
佳偶寻找良人
1 我夜间躺在床上,
寻找我心所爱的,
我寻找他,却找不到他。
2 我说:"我要起来,走遍全城,
在街上,在广场上,
寻找我心所爱的。"
我寻找他,却找不到他。
3 城中的守卫巡逻的时候,找着我;
我就问他们:"你们有没有看见我心所爱的?"
4 我刚刚离开他们,
就遇见我心所爱的;
我把他拉住,不让他走,
等到我带他到我母亲的家,
进到怀我者的内室。
5 耶路撒冷的众女子啊!
我指着羚羊、田间的母鹿恳求你们,
不要激动,不要挑动爱情,
等它自发吧。
所罗门的迎亲队伍
6 那从旷野上来,
好象烟柱;
用商人贩卖的各种香粉、
没药和乳香熏过的,是谁呢?
7 看哪!是所罗门的御轿,
四周有六十个勇士,
都是以色列中的勇士。
8 个个手拿武器,能征惯战;
各人腿上配有利剑,以防夜间的袭击。
9 所罗门王用黎巴嫩木,
为自己做了一乘华轿。
10 他用银子做轿柱,
用金子做轿底,
用紫色料子做轿的座垫;
内部所铺设的,
是耶路撒冷众女子的爱情。
11 锡安的众女子啊!
你们出来看看所罗门戴着的冠冕,
就是在他结婚的日子,
在他心里喜乐的时候,
他母亲给他戴上的。