အသက်ရေစီးရာမြစ်
1 တစ်ဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။-ယေဇ၊ ၄၇:၁။ ဇာ၊ ၁၄:၈။2 မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်၏။-က၊ ၂:၉။ ယေဇ၊၄၇:၁၂။3 နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။-ဇာ၊ ၁၄:၁၁။4 မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော် ရေးထားလျက်ရှိလိမ့်မည်။- 5 ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတ္တံ့။ဟေရှာ၊ ၆၀:၁၉။ ဒံ၊ ၇:၁၈။
6 ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည်၊ ကာလမကြာမမြင့်မီ ဖြစ်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှာ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။- 7 ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။- 8 ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှာ ပျပ်ဝပ်၏။- 9 သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။
10 တစ်ဖန်တုံ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။- 11 မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။-ဒံ၊ ၁၂:၁၀။12 ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။-ဟေရှာ၊ ၄၀:၁၀၊ ၆၂:၁၁။ ဆာ၊ ၂၈:၄။ ယေ၊ ၁၇:၁၀။13 ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏။-ဗျာ၊ ၁:၈၊၁၇၊ ၂:၈။ ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။14 အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။- 15 ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထုကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကိုနှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။- 16 ငါယေရှုသည် အသင်းတော်တို့အဖို့ ဤအရာများကို သင်တို့အားသက်သေခံစေခြင်းငှာ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။-ဟေရှာ၊၁၁:၁၊၁၀။17 ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။-ဟေရှာ၊ ၅၅:၁။
18 ဤစာစောင်၏အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။-တရား၊ ၄:၂။ ၁၂:၃၂။19 အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကား အချို့ကိုနုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နုတ်ပယ်တော်မူမည်။- 20,21 ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု၊ ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏ အာမင်။ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။
ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ရှင်ယောဟန် စီရင်ရေးထားသောဗျာဒိတ်ကျမ်းပြီး၏။
1 天使又指示我一道明亮如水晶的生命水的河流,从 神和羊羔的宝座那里流出来,2 经过城里的街道。河的两边有生命树,结十二次果子,每月都结果子;树叶可以医治列国。3 所有咒诅都不再有了。城里有 神和羊羔的宝座,他的仆人都要事奉他,4 也要见他的面。他的名字必写在他们的额上。5 不再有黑夜了,他们也不需要灯光或日光了,因为主 神要光照他们。他们要作王,直到永永远远。
耶稣再来
6 天使对我说:"这些话是可信的、真实的!主,就是众先知之灵的 神,差遣了他的天使,把那快要发生的事,指示他的仆人。"7 "看哪!我必快来!那遵守这书上预言的人是有福的!"
8 听见又看见了这些事的,就是我约翰。我听见又看见了之后,就俯伏在指示我这些事的天使脚前要拜他。9 他对我说:"千万不可以这样!我和你,以及你的弟兄众先知,还有那些遵守这书上的话的人,都是同作仆人的。你应当敬拜 神。"10 他又对我说:"不要封住这书上的预言,因为时候近了。11 不义的,要他仍旧不义;污秽的,要他仍旧污秽;行义的,要他仍旧行义;圣洁的,要他仍旧圣洁。"
12 "看哪,我必快来!赏赐在我,我要照着各人所行的报应他。13 我是阿拉法,是俄梅格;我是首先的,也是末后的;我是创始的,也是成终的。"
14 那些洗净自己袍子的人是有福的!他们可以有权到生命树那里,也可以从门进到城里。15 在城外,有那些狗,那些行邪术的、淫乱的、杀人的、拜偶像的,以及所有喜爱说谎的和实行说谎的人。
16 "差遣了我的使者、为众教会向你们证明这些事的,就是我耶稣。我是大卫的根,又是他的后裔,我是明亮的晨星。"17 圣灵和新娘都说:"来!"听见的人也要说:"来!"口渴的人也要来!愿意的人都要白白接受生命的水!
18 我警告所有听见这书上预言的人:如果有人在这些预言上加添甚么, 神必把写在这书上的灾难加在他身上。19 如果有人从这书上的预言删减甚么, 神必从这书上所记的生命树和圣城删去他的分。
20 证明这些事的那一位说:"是的,我必快来!"阿们!主耶稣啊,请你来吧!
21 愿主耶稣的恩惠与所有的圣徒同在!阿们!