သိုးသငယ်နှင့်တစ်သိန်းလေးသောင်းလေးထောင်
1 ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌ အက္ခရာတင်သောသူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။-ယေဇ၊ ၉:၄။ ဗျာ၊ ၇:၃။2 သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုးကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။- 3 ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ ရှေ့၌လည်းကောင်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင် မှတစ်ပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။- 4 ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူ ဖြစ်ကြ၏။ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့အထဲက ရွေးနုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသောအသီး ဖြစ်ကြ၏။- 5 အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။ဇေ၊ ၃:၁၃။
ကောင်းကင်တမန်သုံးပါး
6 မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက၊- 7 ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။- 8 ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီဟု လိုက်၍ပြောဆို၏။-ဟေရှာ၊ ၂၁:၉။ ယေ၊ ၅၁:၈။ ဗျာ၊ ၁၈:၂။9 ထိုမှတစ်ပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည်ဖြစ်စေ၊- 10 ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။-ဟေရှာ၊ ၅၁:၁၇။ က၊ ၁၉:၂၄။ ယေဇ၊၃၈:၂၂။11 ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညမပြတ် သက်သာမရကြဟု၊ လိုက်၍ ကြီးသောအသံနှင့် ပြောဆို၏။-ဟေရှာ၊ ၃၄:၁၀။12 ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။- 13 တစ်ဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။
မြေကြီး၌ရိတ်သိမ်းခြင်း
14 တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။-ဒံ၊ ၇:၁၃။15 ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။-ယောလ၊၃:၁၃။16 မိုးတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။- 17 ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သောတံစဉ်ပါ၏။- 18 မီးကိုအစိုးရသော ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲကထွက်၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့် ခေါ်လျက်၊ သင်၏ ထက်သောတံစဉ်ကို လွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။- 19 ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ၏။- 20 မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍ အသွေးသည် တစ်ဆယ်ခြောက်ယူဇနာခရီး တစ်လျှောက်လုံး၌ မြင်းဇက်ကြိုးကို မီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။ဟေရှာ၊ ၆၃:၃။ မြည်၊ ၁:၁၅။ ဗျာ၊ ၁၉:၁၅။
救赎的新歌
1 我又观看,见羊羔站在锡安山上,跟他在一起的还有十四万四千人。他们的额上都写着他的名和他父的名。2 我听见有声音从天上来,好象众水的声音,好象大雷的声音;我所听见的声音,又像琴师弹奏的琴声。3 他们在宝座前,在四个活物和众长老面前唱新歌;除了从地上买来的那十四万四千人以外,没有人能学这歌。4 这些人没有跟妇女在一起而使自己玷污,他们原是童身的。羊羔无论到哪里去,他们都跟随他。这些人是从世人中买来的,作初熟的果子归给 神和羊羔。5 在他们口中找不着谎言;他们是没有瑕疵的。
三个天使的信息
6 我又看见另一位天使在高空飞翔,有永远的福音要传给住在地上的人,就是各邦国、各支派、各方言、各民族的人。7 他大声说:"应当敬畏 神,把荣耀归给他!因为他审判的时候到了,应当敬拜创造天、地、海和众水泉源的那一位!"
8 又有第二位天使接着说:"倾倒了!大巴比伦倾倒了!它曾经叫列国喝它淫乱烈怒的酒。"
9 又有第三位天使接着他们大声说:"如果有人拜兽和兽像,又在自己的额上或手上受了记号,10 他就必定喝 神烈怒的酒:这酒是斟在 神震怒的杯中,纯一不杂的。他必定在众天使和羊羔面前,在火与硫磺之中受痛苦。11 他们受痛苦的烟往上冒,直到永永远远。那些拜兽和兽像的,以及接受牠名字的记号的人,日夜得不到安息。"12 在这里,那些遵守 神的命令和耶稣的信仰的圣徒,要有忍耐。
13 我听见从天上有声音说:"你要写下来!从今以后,那在主里死去的人有福了!"圣灵说:"是的,他们脱离自己的劳苦,得享安息了,他们的作为也随着他们。"
收割地上的庄稼
14 我又观看,见有一片白云,云上坐着一位好象人子的,头上戴着金冠,手里拿着锋利的镰刀。15 有另一位天使从圣所出来,对那坐在云上的大声呼喊:"伸出你的镰刀来收割吧!因为收割的时候已经到了,地上的庄稼已经熟透了。"16 于是那坐在云上的向地上挥动镰刀,地上的庄稼就被收割了。
17 又有另一位天使从天上的圣所出来,他也拿着一把锋利的镰刀。18 接着,又有一位天使从祭坛那里出来,是有权柄掌管火的;他向那拿着锋利镰刀的天使大声说:"伸出你锋利的镰刀来,收取地上葡萄树累累的果子吧!因为葡萄已经熟透了。"19 于是,那天使向地上挥动镰刀,收取了地上的葡萄,把葡萄扔在 神烈怒的大压酒池里。20 那压酒池在城外被踹踏,就有血从压酒池流出来,涨到马的嚼环那么高,流到三百公里"三百公里"原文作"一千六百司他町"那么远。