1 ကာလမကြာမမြင့်မီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။- 2 ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။- 3 ကာလအချိန် ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
နှုတ်ခွန်းဆက်ခြင်း
4 ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင့်အထံတော်ကလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနှစ်ပါး အထံကလည်းကောင်း၊-ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။5 သစ္စာစောင့်သော သက်သေခံ ဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွတ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်ကလည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊-ဟေရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။6 မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။
7 ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။-မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။8 ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။-ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။
ခရစ်တော်၏ရူပါရုံ
9 ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံတော်မူခြင်းကိုလည်းကောင်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဖော်အဖက်၊ သင်တို့အစ်ကို ငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊- 10 သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုးခရာ အသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။- 11 မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကို စာစောင်၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးလိုက်လော့ဟု ဆိုသတည်း။
12 ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှာ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊- 13 ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။-ဒံ၊ ၇:၁၃၊၁၀:၅။14 ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွေးကဲ့သို့လည်းကောင်း၊ မိုးပွင့်ကဲ့သို့လည်းကောင်း ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။-ဒံ၊ ၇:၉၊၁၀:၆။15 ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။-ယေဇ၊ ၁:၂၄၊ ၄၃:၂။16 လက်ယာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့ ဖြစ်၏။
17 ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ယာလက်တော်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။-ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊၂၂:၁၃။18 အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။ မရဏနှင့် မရဏနိုင်ငံကိုလည်း ငါအစိုးရ၏။- 19 ထိုကြောင့်၊ သင်သည် မြင်ပြီးသော အရာတို့ကိုလည်းကောင်း၊ ယခုရှိသော အရာတို့ကိုလည်းကောင်း၊ နောင်ဖြစ်လတ္တံ့သော အရာတို့ကိုလည်းကောင်း ရေးထားလော့။- 20 ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။
耶稣基督的启示
1 耶稣基督的启示,就是 神赐给他,叫他把快要发生的事指示他的众仆人。他就差派天使显示给他的仆人约翰。2 约翰把 神的道,和耶稣基督的见证,凡是自己所看见的,都见证出来了。3 读这书上预言的人,和那些听见这预言并且遵守书中记载的人,都是有福的!因为时候近了。
问候七教会
4 约翰写信给在亚西亚的七个教会。愿恩惠平安,从那位今在、昔在、以后要来的 神,从他宝座前的七灵,5 又从那信实的见证人、死人中首先复生的、地上众君王的统治者耶稣基督临到你们。
他爱我们,用自己的血把我们从我们的罪中释放出来,6 又使我们成为国度,作他父 神的祭司。愿荣耀权能都归给他,直到永永远远。阿们。
7 看哪,他驾着云降临,
每一个人都要看见他,
连那些刺过他的人也要看见他,
地上的万族都要因他哀号。
这是必定的,阿们。
8 主 神说:"我是阿拉法,我是俄梅格;我是今在、昔在、以后要来,全能的 神。"
基督向约翰显现
9 我约翰,就是你们的弟兄,在耶稣里跟你们一同分享患难、国度和忍耐的,为了 神的道和耶稣的见证,曾经在那名叫拔摩的海岛上。10 有一个主日,我在灵里,听见在我后边有一个大声音,好象号筒的响声,11 说:"你所看见的,要写在书上,也要寄给以弗所、士每拿、别迦摩、推雅推拉、撒狄、非拉铁非、老底嘉七个教会。"
12 我转过身来要看看那跟我说话的声音是谁发的;一转过来,就看见七个金灯台。13 灯台中间有一位好象人子的,身上穿著直垂到脚的长衣,胸间束着金带。14 他的头和头发像白羊毛、像雪一样洁白,他的眼睛好象火焰,15 他的两脚好象在炉中精炼过的发光的铜,他的声音好象众水的声音。16 他的右手拿着七星,有一把两刃的利剑从他口中吐出来;他的脸发光好象正午的烈日。
17 我看见了他,就仆倒在他脚前,像死了一样。他用右手按着我,说:"不要怕!我是首先的,我是末后的,18 又是永活的;我曾经死过,看哪,现在又活着,直活到永永远远,并且拿着死亡和阴间的钥匙。19 所以,你要把所看见的,现在的,和今后将要发生的事都写下来。20 你所看见在我右手中的七星和七个金灯台的奥秘就是这样:七星是七个教会的使者,七灯台是七个教会。"