အနှစ်တစ်ထောင်
1 တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။- 2 ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဖမ်း၍၊ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။-က၊ ၃:၁။3 အနှစ်တစ်ထောင် မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန် ခဏလွှတ်ရဦးမည်။
4 ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။- 5 ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင် မကုန်မီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပထမထမြောက်ခြင်း ဖြစ်သတည်း။- 6 ပထမထမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။
စာတန်အရေးနိမ့်ခြင်း
7 ထိုအနှစ်တစ်ထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကို ရ၍၊- 8 အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှာလည်းကောင်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှာလည်းကောင်း တက်လိမ့်မည်။-ယေဇ၊၇:၂၊ ၃၈:၂၊၉၊၁၅။9 ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကိုလည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကိုလည်းကောင်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကိုမျိုလေ၏။- 10 သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့။
နောက်ဆုံးတရားစီရင်ခြင်း
11 တစ်ဖန်တုံ၊ ဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။-ဒံ၊ ၇:၉-၁၀။12 သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။- 13 သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။- 14 ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။- 15 အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။
捆绑撒但一千年
1 我又看见一位天使从天上降下来,手里拿着无底坑的钥匙和一条大锁炼。2 他捉住了那龙,那古蛇,就是魔鬼,撒但,把牠捆绑了一千年。3 天使把牠拋在无底坑里,关起来,封上印,使牠不能再迷惑列国,等到那一千年完了。以后,必须暂时释放牠。
4 我又看见一些宝座,有人坐在上面,他们得了审判的权柄。我也看见那些因为替耶稣作见证,并且因为 神的道而被斩首的人的灵魂。他们没有拜过兽或兽像,也没有在额上或手上受过兽的记号。他们都复活了,与基督一同作王一千年。5 其余的死人还没有复活,等到那一千年完了。这是头一次的复活。6 在头一次复活有分的人是有福的、圣洁的,第二次的死没有能力辖制他们。他们还要作 神和基督的祭司,与他一同作王一千年。
撒但的失败
7 那一千年完了,撒但就要从监牢里被释放出来。8 他要出来迷惑地上四方的列国,就是歌革和玛名,使他们聚集争战。他们的人数好象海边的沙那么多。9 他们上来遍满了全地,围住了圣徒的营和那蒙爱的城,就有火从天上降下来,毁灭了他们。10 那迷惑他们的魔鬼,被拋在硫磺的火湖里,就是兽和假先知所在的地方。他们必昼夜受痛苦,直到永永远远。
白色大宝座的审判
11 我又看见一个白色的大宝座,和坐在上面的那位。天地都从他面前逃避,再也看不见了。12 我又看见死了的人,无论大小,都站在宝座前。案卷都展开了,还有另一卷,就是生命册,也展开了。死了的人都凭着这些案卷所记载的,照着他们所行的受审判。13 于是海把其中的死人交出来,死亡和阴间也把其中的死人交出来,他们都照着各人所行的受审判。14 死亡和阴间也被拋在火湖里。这火湖就是第二次的死。15 凡是名字没有记在生命册上的,他就被拋在火湖里。