စာလိပ်နှင့်သိုးသငယ်
1 ထိုအခါ တစ်ဖက်တစ်ချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်ယာလက်၌ ငါမြင်၏။-ယေဇ၊ ၂:၉-၁၀။ ဟေရှာ၊ ၂၉:၁၁။2 အားကြီးသော ကောင်းကင်တမန်တစ်ပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွာခြင်းငှာ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။- 3 ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှာ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တစ်ယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။- 4 ထိုအခါအသက်ကြီးသောသူတစ်ပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊- 5 တံဆိပ် ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှာ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။က၊ ၄၉:၉။ ဟေရှာ၊ ၁၁:၁၊၁၀။
6 ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။-ဟေရှာ၊ ၅၃:၇။ ဇာ၊ ၄:၁၀။7 သူသည်လာ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူ၏ လက်ယာလက်မှစာစောင်ကို ခံယူလေ၏။- 8 ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပတ္ထနာတည်းဟူသော မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကိုလည်းကောင်း၊ စောင်းတို့ကိုလည်းကောင်း၊ အသီးအသီးကိုင်၍ သိုးသငယ်ရှေ့၌ ပျပ်ဝပ်လျက်၊-ဆာ၊ ၁၄၁:၂။9,10 ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။-ထွ၊ ၁၉:၆။ ဆာ၊ ၃၃း၃၊ ၉၈း၁။ ဟေရှာ၊ ၄၂း၁၀။ ဗျာ၊ ၁:၆။11 ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေသင်္ချေမက အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ အသံကို ငါကြား၏။-ဒံ၊ ၇:၁၀12 ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။- 13 ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။- 14 သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပျပ်ဝပ်၍ ကိုးကွယ်ကြ၏။
得胜的羊羔配展开书卷
1 我看见那位坐在宝座上的,右手拿着书卷,这书卷的两面都写满了字,用七个印封着。2 我又看见一位大力的天使,大声宣告说:"谁配展开那书卷,拆开它的封印呢?"3 在天上、地上、地底下,没有一个能够展开书卷观看的。4 因为没有人配展开观看书卷,我就大哭。5 长老中有一位对我说:"不要哭!看哪,那从犹大支派出来的狮子,大卫的根,他已经得胜了,他能够展开那书卷,拆开它的七印。"
6 我又看见在宝座和四个活物中间,并且在众长老中间,有羊羔站着,像是被杀过的。他有七角七眼,就是 神的七灵,奉差遣到全地去的。7 羊羔走过去,从坐在宝座上那位的右手中取了书卷。8 他拿了书卷之后,四个活物和二十四位长老就俯伏在羊羔面前,各拿着琴和盛满了香的金炉,这香就是众圣徒的祈祷。9 他们唱着新歌,说:
"你配取书卷,配拆开封印,
因为你曾被杀,曾用你的血,
从各支派、各方言、各民族、各邦国,
把人买了来归给 神,
10 使他们成为我们 神的国度和祭司,
他们要在地上执掌王权。"
11 我又观看,听见了千千万万天使的声音,他们都在宝座、活物和长老的四周,12 大声说:
"被杀的羊羔是配得
权能、丰富、智慧、力量、
尊贵、荣耀、颂赞的!"
13 我又听见在天上、地上、地底下和海里的一切被造之物,以及天地间的万有,都说:
"愿颂赞、尊贵、荣耀、能力,
都归给坐在宝座上的那一位和羊羔,
直到永永远远!"
14 四个活物就说:"阿们!"众长老也俯伏敬拜。