သာဒိအသင်းတော်သို့
1 သာဒိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူ၏ အမိန့်တော်ကား၊ သင်၏အကျင့်ကို ငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။- 2 မအိပ်ဘဲ စောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင်ရှေ့၌ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ။- 3 ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။-မ၊ ၂၄:၄၃-၄၄။ လု၊ ၁၂:၃၉-၄၀။ ဗျာ၊ ၁၆:၁၅။4 သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသောသူ နည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူဝတ်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။- 5 ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တော်တို့ ရှေ့၌လည်းကောင်း သူ၏နာမကို ငါဝန်ခံမည်။-ထွ၊ ၃၂:၃၂-၃၃။ ဆာ၊ ၆၉:၂၈။ ဗျာ၊ ၂၀:၁၂။ မ၊ ၁၀:၃၂။ လု၊ ၁၂:၈။6 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
ဖိလဒေလဖိအသင်းတော်သို့
7 ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။-ဟေရှာ၊ ၂၂:၂၂။ ယောဘ၊၁၂:၁၄။8 သင်၏အကျင့်ကို ငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်းမူကား၊ သင်သည် အနည်းငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။- 9 ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသားစကားကို ပြောသောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ ပျပ်ဝပ်စေခြင်းငှာလည်းကောင်း၊ ငါသည် သင့်ကိုချစ်သည်ဟု သိစေခြင်းငှာလည်းကောင်း ငါပြုမည်။-ဟေရှာ၊ ၄၉:၂၃၊ ၆၀:၁၄၊ ၄၃:၄။10 သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ်တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတ္တံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကို ငါစောင့်ရှောက်မည်။- 11 ငါသည် အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူမျှမယူစေခြင်းငှာ၊ ရခဲ့ပြီးသောအရာကို စွဲကိုင်လော့။- 12 အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တစ်ဖန် သူသည် ပြင်သို့မရွေ့ရ။ ငါ၏ ဘုရားသခင့် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရှုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏ နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။-ဗျာ၊ ၂၁:၁။ ဟေရှာ၊ ၆၂:၂၊ ၆၅:၁၅။13 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
လောဒိကိအသင်းတော်သို့
14 လောဒိကိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွတ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊- 15 သင်၏အကျင့်ကို ငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။- 16 ထိုသို့ အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။- 17 သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။- 18 သင်သည် ဥစ္စာရတတ်ခြင်းငှာ၊ မီးနှင့်ချွတ်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှာ ခြုံစရာဖို့၊ ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှာ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။- 19 ငါချစ်သမျှသော သူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။-သု၊ ၃:၁၂။ ဟေဗြဲ၊၁၂:၆။20 ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။- 21 ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။- 22 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
给撒狄教会的信
1 "你要写信给在撒狄教会的使者,说:
‘那有 神七灵和七星的这样说:我知道你的行为,你有名声,说你是活着的,其实你是死的。2 你要警醒,把那些剩下来将要死的坚强起来;因为我见你的行为在我 神面前是不完全的。3 所以,你应当回想你是怎样领受、怎样听见的;应该遵守,也应该悔改。你若不警醒,我就要像贼来到一样。我甚么时候来到你那里,你决不能知道。4 然而在撒狄你还有几名是未曾玷污自己衣服的,他们要身穿白衣与我同行;因为他们是配得上的。5 得胜的,也必这样身穿白衣,我决不从生命册上涂抹他的名,我还要在我父和他的众天使面前,承认他的名。6 圣灵向众教会所说的话,有耳的就应当听。’
给非拉铁非教会的信
7 "你要写信给在非拉铁非教会的使者,说:
‘那圣洁的、真实的,
拿着大卫的钥匙,
开了就没有人能关,
关了就没有人能开的"拿着大卫的钥匙……没有人能开的"引自赛22:22,这样说:
8 我知道你的行为,看哪!我已经在你面前给你一道开着的门,是没有人能关的;因为你有一点点力量,也遵守我的道,没有否认我的名。9 看哪!从撒但的一党,就是自称是犹太人,其实不是犹太人,而是说谎的人中,我要使他们一些人来在你脚前下拜,并且知道我已经爱了你。10 你既然遵守了我忍耐的道,我也必定保守你脱离那试炼的时候;这就是那将要临到普天下,来试炼住在地上的人的时候。11 我必快来!你要持守你所有的,不要让人拿走你的冠冕。12 得胜的,我要叫他在我 神的圣所里作柱子,他决不再出去,我也要把我 神的名,和我 神的城的名,就是那从天上、从我 神那里降下来的新耶路撒冷,以及我的新名,都写在他身上。13 圣灵向众教会所说的话,有耳的就应当听。’
给老底嘉教会的信
14 "你要写信给在老底嘉教会的使者,说:
‘那位阿们的,忠信真实的见证人, 神创造万有的根源,这样说:15 我知道你的行为,你不冷也不热;我巴不得你或冷或热。16 因为你好象温水,不热也不冷,所以我要把你从我口中吐出去。17 你说:我是富足的,已经发了财,毫无缺乏。却不知你是困苦的、可怜的、贫穷的、瞎眼的、赤身的。18 我劝你向我买精炼的金子,使你富足;又买白衣穿上,使你赤身的羞耻不会显露出来;也买眼药膏抹你的眼睛,使你可以看见。19 凡是我所爱的,我就责备管教;所以你要热心,也要悔改。20 看哪!我站在门外敲门;如果有人听见我的声音就开门的,我要进到他那里去,我要跟他在一起,他也要跟我在一起吃饭。21 得胜的,我必定赐他和我一同坐在我的宝座上,正像我得了胜和我父一同坐在他的宝座上一样。22 圣灵向众教会所说的话,有耳的就应当听。’"