တမန်တော်များ၏အမှုတော်
1 ခရစ်တော်၏ အစေအပါ ကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့လည်းကောင်း၊ သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။- 2 ထိုမှတစ်ပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။- 3 သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။- 4 အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။- 5 ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့။
6 ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍ သူတစ်ပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည်စေခြင်းငှာလည်းကောင်း၊ မာနစိတ်ထောင်လွှားသည်နှင့် တစ်ယောက်ကိုမှီဝဲ၍ တစ်ယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှာလည်းကောင်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏အကျိုးကိုထောက်၍ ငါနှင့် အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။- 7 ထိုမှတစ်ပါး၊ အဘယ်သူသည် သင့်ကို ထူးခြားစေသနည်း။ သူတစ်ပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။- 8 ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသောအခွင့် ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှာ အလိုရှိ၏။- 9 သတ်ဖို့ရာထားသောသူကဲ့သို့ အခြားသောသူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။- 10 ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသောသူဖြစ်၍၊- 11 ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်နွမ်းပါးခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊- 12 ကိုယ်လက်နှင့် ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။-တ၊ ၁၈:၃။13 အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အကြေးကဲ့သို့လည်းကောင်း၊ အရပ်ရပ်ထဲက လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။
14 သင်တို့သည် ရှက်စေခြင်းငှာ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့မှတ်၍ သတိပေး၏။- 15 သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတစ်သောင်းရှိငြားသော်လည်း၊ အဘအများ မရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ပွားစေပြီ။- 16 သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန်၏။-၁ကော၊ ၁၁:၁။ ဖိ၊ ၃:၁၇။17 ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါစေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှာ သူသည် ပြသတိုက်တွန်းလိမ့်မည်။- 18 ငါသည် သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။- 19 သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိလျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာနထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။- 20 အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။- 21 သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်လည်းကောင်း၊ လာရမည်လော။
基督的使徒遭人轻视
1 这样,人应该把我们看作基督的仆人, 神奥秘的事的管家。2 对于管家的要求,就是要他忠心。3 我被你们论断,或被人间法庭审判,我都认为是极小的事,连我自己也不论断自己。4 我虽然问心无愧,却不能因此自以为义,因为判断我的是主。5 所以时候还没有到,你们不要批评,直等到主来;他要照出黑暗中的隐情,显明人心里的动机。那时,各人要从 神那里得着称赞。
6 弟兄们,我为你们的缘故,拿了这些事来比拟自己和亚波罗,让你们在我们身上学到的,不会超过圣经所记的,免得你们中间有人自高自大,看重这个轻视那个。7 使你与人不同的是谁呢?你有甚么不是领受的呢?既然是领受的,为甚么要自夸,好象不是领受的呢?8 你们已经满足了,已经丰富了,不需要我们,自己作王了。我恨不得你们真的作了王,让我们也可以跟你们一同作王!9 我想 神是把我们作使徒的列在最后,好象定了死刑的人,因为我们成了一台戏给宇宙观看,就是给天使和世人观看!10 我们为基督的缘故,成了愚笨的;你们在基督里,倒成了聪明的。我们软弱,你们倒强壮;你们受人尊敬,我们倒被轻视。11 直到现在,我们还是又饥又渴,衣不蔽体,又挨打,又没有栖身的地方,12 并且劳苦,亲手作工。被人咒骂,我们就祝福;遭受迫害,我们就忍受;13 被人毁谤,我们却好好地劝导;直到现在,人还是把我们当作世上的垃圾,万物的渣滓。
14 我写这些话,不是要叫你们羞愧,而是把你们当作我亲爱的儿女一样劝戒你们。15 纵然你们在基督里有上万的启蒙教师,可是父亲却不多,因为是我在基督耶稣里借着福音生了你们。16 所以我劝你们要效法我。17 因此,我打发提摩太到你们那里去。他是我在主里亲爱又忠心的儿子,他要提醒你们我在基督里是怎样行事为人,正如我在各处教会中所教导的一样。18 有人以为我不会到你们那里去,就自高自大。19 然而主若愿意,我很快就要到你们那里去;到时我要知道的,不是那些自高自大的人所讲的,而是他们的能力。20 因为 神的国不在乎言语,而在乎权能。21 你们愿意怎么样呢?要我带着刑杖到你们那里去,还是以温柔的灵,带着爱心去呢?