အလင်း၌အသက်ရှင်ခြင်း
1 ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူ ကျင့်ကြလော့။- 2 ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။
3 မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။- 4 မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ရယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။- 5 မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။- 6 လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။- 7 ထိုကြောင့် သူတို့နှင့် ဆက်ဆံ၍ မကျင့်ကြနှင့်။- 8 အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။- 9 အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ်သတည်း။- 10 သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။- 11 အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။- 12 အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏။- 13 အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ်၏။- 14 ထိုကြောင့် အိပ်ပျော်သောသူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။
15 ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။- 16 ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။- 17 ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။- 18 လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။- 19 ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဖတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။- 20 ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။
ခင်ပွန်းနှင့်ဇနီး
21 ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကို နှိမ့်ချလျက် နေကြလော့။- 22 အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။- 23 အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။- 24 အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။- 25 အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။- 26,27 ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလိုငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။- 28 ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။- 29 ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။- 30 အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏ အသားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။- 31 ထိုအကြောင်း အကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။- 32 ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ဆိုသတည်း။- 33 သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။
1 因此,你们既然是蒙爱的儿女,就应当效法 神。2 要凭着爱心行事,好象基督爱我们,为我们舍己,当作馨香的供品和祭物献给 神。3 至于淫乱和任何污秽或贪心的事,在你们中间连提都不可提,才合圣徒的体统。4 更不要讲淫秽和愚妄的话,或下流的笑话,这些都与你们不相称;却要说感谢的话。5 因为你们确实知道,无论是淫乱的、污秽的或贪心的贪心就是拜偶像,都得不到在基督和 神的国里的基业。
要作光明的儿女
6 不要给别人用空言欺骗了你们,正因为这些事, 神的震怒必定临到那些悖逆的人。7 所以,不要与他们同流合污。8 你们从前是黑暗的,现今在主里却是光明的,行事为人就应当像光明的儿女。9 光明所结的果子,就是一切良善、公义、诚实。10 你们要察验甚么是主所喜悦的。11 不要参与暗昧无益的事,倒要把它揭露出来,12 因为他们暗中所作的事,连提起来也是羞耻的。13 凡被光揭露的,都是显而易见的。14 因为一切显露出来的就是光,所以有话说:
"睡了的人哪,醒过来,
从死人中起来吧!
基督必要照亮你。"
15 所以,你们行事为人要谨慎,不要像愚昧人,却要像聪明人。16 要把握时机,因为这时代邪恶。17 因此,不要作糊涂人,要明白甚么是主的旨意。18 不要醉酒,醉酒能使人放荡乱性,却要让圣灵充满。19 应当用诗章、圣诗、灵歌,彼此呼应,口唱心和地赞美主。20 凡事要奉我们主耶稣基督的名,常常感谢父 神,21 还要存敬畏基督的心,彼此顺服。
丈夫与妻子
22 你们作妻子的,要顺服自己的丈夫,好象顺服主一样,23 因为丈夫是妻子的头,好象基督是教会的头;基督又是教会全体的救主。24 教会怎样顺服基督,妻子也要照样凡事顺服丈夫。25 你们作丈夫的,要爱妻子,好象基督爱教会,为教会舍己,26 为的是要用水借着道把教会洗净,成为圣洁,27 可以作荣耀的教会归给自己,甚么污点皱纹等也没有,而是圣洁没有瑕疵的。28 丈夫也应当这样爱妻子,好象爱自己的身体一样。爱妻子的,就是爱自己了。29 从来没有人恨恶自己的身体,总是保养顾惜,好象基督对教会一样,30 因为我们是他身上的肢体。31 为了这缘故,人要离开父母,与妻子结合,二人成为一体。32 这是极大的奥秘,但我是指着基督和教会说的。33 无论怎样,你们各人都要爱自己的妻子,好象爱自己一样。妻子也应当敬重丈夫。