မောရှေအောင်မြင်သောမင်းများ
1 ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိသမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊ 2 အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တစ်ဝက်၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ အမ္မုန်ပြည်စွန်းအပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်လည်းကောင်း၊ 3 အရှေ့မျက်နှာ၌လွင်ပြင်မှစ၍ ဂင်္နေသရက်အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါမြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်လည်းကောင်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင်ရှိဟုန်တစ်ပါး၊ 4,5 ဟေရမုန်တောင်နှင့် သာလကပြည်ကိုလည်းကောင်း၊ ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင်အောင် ဗာရှန်ပြည် တစ်လျှောက်လုံးကိုလည်းကောင်း၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ်ပြည်တစ်ဝက်ကိုလည်းကောင်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌နေသော အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ ဗာရှန်ရှင်ဘုရင်ဩဃတစ်ပါး၊တော၊ ၂၁:၂၁-၃၅၊ တရား၊ ၂:၂၆—၃:၁၁။6 ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန်မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အပိုင်ပေးလေ၏။တော၊ ၃၂:၃၃၊တရား၊ ၃:၁၂။
ယောရှုအောင်မြင်သောမင်းများ
7,8 ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့မှစ၍၊ စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလအမျိုးသားလုပ်ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊ 9 ယေရိခေါမင်းကြီးတစ်ပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတစ်ပါး၊ 10 ယေရုရှလင်မင်းကြီးတစ်ပါး၊ ဟေဗြုန်မင်းကြီးတစ်ပါး၊ 11 ယာမုတ်မင်းကြီးတစ်ပါး၊ လာခိရှမင်းကြီးတစ်ပါး၊ 12 ဧဂလုန်မင်းကြီးတစ်ပါး၊ ဂေဇာမင်းကြီးတစ်ပါး၊ 13 ဒေဗိရမင်းကြီးတစ်ပါး၊ ဂေဒါမင်းကြီးတစ်ပါး၊ 14 ဟောမာမင်းကြီးတစ်ပါး၊ အာရဒ်မင်းကြီးတစ်ပါး၊ 15 လိဗနမင်းကြီးတစ်ပါး၊ အဒုလံမင်းကြီးတစ်ပါး၊ 16 မက္ကဒါမင်းကြီးတစ်ပါး၊ ဗေသလမင်းကြီးတစ်ပါး၊ 17 တာပွါမင်းကြီးတစ်ပါး၊ ဟေဖာမင်းကြီးတစ်ပါး၊ 18 အာဖက်မင်းကြီးတစ်ပါး၊ လာရှရုန်မင်းကြီးတစ်ပါး၊ 19 မာဒုန်မင်းကြီးတစ်ပါး၊ ဟာဇော်မင်းကြီးတစ်ပါး၊ 20 ရှိမရုန်မင်းကြီးတစ်ပါး၊ အာခရှပ်မင်းကြီးတစ်ပါး၊ 21 တာနက်မင်းကြီးတစ်ပါး၊ မေဂိဒ္ဒေါမင်းကြီးတစ်ပါး၊ 22 ကေဒေရှမင်းကြီးတစ်ပါး၊ ကရမေလတောင်ပေါ်မှာ ယောကနမ်မင်းကြီးတစ်ပါး၊ 23 ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတစ်ပါး၊ ဂိလဂါလပြည်မှာ ဂေါအိမ်မင်းကြီးတစ်ပါး၊ 24 တိရဇမင်းကြီးတစ်ပါး၊ မင်းကြီးပေါင်းသုံးဆယ်တစ်ပါးတည်း။
摩西在河东击败诸王
1 以色列人在约旦河东向日出之地击杀了那地的两个王,占领了他们的地,就是从亚嫩谷直到黑门山,和东边的亚拉巴全境。2 这两个王,一个是住在希实本的亚摩利人的王西宏;他管辖的地区,是从亚嫩谷旁的亚罗珥起,包括山谷中部和基列的一半,直到雅博河,就是亚扪人的境界;3 东边有亚拉巴,上至基尼烈海,下至亚拉巴海,就是盐海,东边是往伯.耶西末的路;南边直到毘斯迦的山麓。4 另一个是巴珊王噩按照《马索拉文本》,"巴珊王噩"作"巴珊王噩的境界";现参照《七十士译本》翻译,他是利乏音人的余民,住在亚斯他录和以得来;5 他管辖的地区,是黑门山、撒迦、巴珊全地,直到基述人和玛迦人的境界,还有基列的一半,直到希实本王西宏的境界。6 耶和华的仆人摩西和以色列人把这两个王击杀了。耶和华的仆人摩西把地分给流本人、迦得人和玛拿西半个支派的人作产业。
约书亚在河西击败诸王
7 以下是约书亚和以色列人在约旦河西,从黎巴嫩谷的巴力.迦得,直到延伸至西珥的哈拉山等地,所击杀的众王;约书亚按着分配办法把那地分给以色列各支派作产业;8 就是赫人、亚摩利人、迦南人、比利洗人、希未人、耶布斯人所住的山地、高原、亚拉巴、山坡、旷野和南地。
9 他们的王,一个是耶利哥王,一个是伯特利旁边的艾城王,10 一个是耶路撒冷王,一个是希伯仑王,11 一个是耶末王,一个是拉吉王,12 一个是伊矶伦王,一个是基色王,13 一个是底璧王,一个是基德王,14 一个是何珥玛王,一个是亚拉得王,15 一个是立拿王,一个是亚杜兰王,16 一个是玛基大王,一个是伯特利王,17 一个是他普亚王,一个是希弗王,18 一个是亚弗王,一个是拉沙仑王,19 一个是玛顿王,一个是夏琐王,20 一个是伸仑.米仑王,一个是押煞王,21 一个是他纳王,一个是米吉多王,22 一个是基低斯王,一个是靠近迦密的约念王,23 一个是多珥山地的多珥王,一个是吉甲的戈印王,24 一个是得撒王,共计三十一个王。