1 ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ်ကျွန်ခံပြီးမှ တစ်ဖန်လှန်ပြန်၍ ပုန်ကန်လေ၏။ယေ၊ ၂၅:၁-၃၈။ ဒံ၊ ၁:၁-၂။2 ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်ဆီးစေခြင်းငှာ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော်မူ၏။ 3,4 မနာရှေမင်းပြုမိသမျှသော အပြစ်၊ အသေမခံထိုက်သောသူတို့ကိုသတ်၍ သူတို့အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှာ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။ 5 ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 6 ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ 7 အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသောမြေကို ဗာဗုလုန်ရှင်ဘုရင်ယူသောကြောင့်၊ နောက်တစ်ဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
ယုဒဘုရင်ယေခေါနိ
8 ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာသန်၏သမီးနဟုတ္တအမည်ရှိ၏။ 9 ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
10 ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ၏။ 11 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထားကြသောအခါ၊ 12 ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။ယေ၊ ၂၂:၂၄-၃၀၊၂၄:၁-၁၀၊၂၉:၁-၂။13 ထာဝရဘုရား မိန့်တော်မူဖူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဖို့ ဣသရေလရှင်ဘုရင်လုပ်သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။ 14 ယေရုရှလင်မြို့သားမှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတစ်သောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကိုသိမ်းသွား၍၊ သာမညဆင်းရဲသားမှတစ်ပါး အဘယ်သူမျှ မကျန်ကြွင်းရ။ 15 ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသော ပြည်သားများအပေါင်း၊ယေဇ၊ ၁၇:၁၂၊16 စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြားအပြားသော ဆရာသမားတစ်ထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
17 ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။ယေ၊ ၃၇:၁၊ယေဇ၊ ၁၇:၁၃။
ယုဒဘုရင်ဇေဒကိ
18 ဇေဒကိသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီးဟာမုတာလအမည်ရှိ၏။ယေ၊ ၂၇:၁-၂၂၊၂၈:၁-၁၇။19 ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 20 ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။ယေဇ၊ ၁၇:၁၅။
约雅敬背叛巴比伦
1 约雅敬在位的时候,巴比伦王尼布甲尼撒来攻打他,约雅敬就臣服他三年,后来却反悔,背叛他。2 耶和华差派迦勒底的军队、亚兰的军队、摩押的军队和亚扪人的军队攻打他,他差他们攻击犹大,毁灭它,就像耶和华借着他的仆人众先知预言的话。3 这事临到犹大完全是出于耶和华的命令,因着玛拿西的罪,就是他所行的一切,要把他们从自己面前赶走;4 又因着他所流无辜人的血,他使耶路撒冷满了无辜人的血,耶和华决不赦免。
5 约雅敬其余的事迹和他所行的一切,不是都记在犹大列王的年代志上吗?6 约雅敬和他的祖先一同长眠,他的儿子约雅斤接续他作王。7 埃及王不再从本国出征,因为巴比伦王占据了所有从前属于埃及王的领土,从埃及小河直到幼发拉底河。
约雅斤作犹大王(代下36:9)
8 约雅斤登基的时候是十八岁,他在耶路撒冷作王三个月;他母亲名叫尼护施他,是耶路撒冷人以利拿单的女儿。9 他行耶和华看为恶的事,好象他的祖先一切所行的。
巴比伦王上来围攻耶路撒冷
10 那时,巴比伦王尼布甲尼撒的臣仆来到耶路撒冷,城就被围困。11 尼布甲尼撒的臣仆正在围城的时候,巴比伦王尼布甲尼撒亲自来到耶路撒冷。12 犹大王约雅斤和他的母亲、众臣仆、众领袖,以及众太监,出城投降巴比伦王。巴比伦王于是捉住他。那时,是巴比伦王在位第八年。
约雅斤与臣民被掳到巴比伦(代下36:10)
13 他又从耶路撒冷把耶和华殿一切宝物和王宫的宝物取去,并且把以色列王所罗门在耶和华殿所做的一切金器都捣毁,就像耶和华所说的。14 他又掳去耶路撒冷的众民、众领袖,以及英勇的战士共一万人,还有工匠、铁匠;除了国民中最贫穷的以外,没有剩下的。15 他把约雅斤掳到巴比伦去,又把太后、后妃、太监和国中的要员都从耶路撒冷掳到巴比伦;16 还有七千位战士,一千位工匠和铁匠,全都是能作战的勇士,巴比伦王把他们都掳到巴比伦去。
巴比伦王立西底家作王(代下36:10~16;耶52:1~3)
17 巴比伦王立约雅斤的叔叔玛探雅接续他作王,并且把玛探雅的名字改为西底家。
18 西底家登基的时候是二十一岁,他在耶路撒冷作王十一年;他母亲名叫哈慕他,是立拿人耶利米的女儿。19 他行耶和华眼中看为恶的事,像约雅敬一切所行的。20 因为耶和华的怒气向耶路撒冷和犹大发作,直到他把他们从自己的面前赶走。后来,西底家背叛了巴比伦王。