မော်ဒကဲ၏တန်ခိုးကြီးခြင်း
1 ရှင်ဘုရင် အာရွှေရုသည် မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်တွင်ရှိသော ကျွန်းတို့ပေါ်၌လည်းကောင်း၊ ငွေတော်ခွဲကြောင်း အစရှိသော၊ 2 အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက်ရှိ၏။ 3 ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသောအရာကိုရ၍ ယုဒလူတို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကိုသာ ပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။
ဧသတာဝတ္ထုပြီး၏။
末底改的声誉
1 亚哈随鲁王使陆地和众海岛的居民都向他进贡。2 他所行有权能的事迹,以及末底改被尊为大的详细经过,不是都写在玛代和波斯王的史记上吗?3 犹大人末底改的地位仅次于亚哈随鲁王,在犹大人中被尊为大,得民众同胞的爱戴;他为自己的族人求福祉,向他们说平安的话。