ဟောရှေနှင့်သစ္စာမဲ့သောမိန်းမ
1 တစ်ဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့သည် အခြားတစ်ပါးသော ဘုရားတို့ကို ဖူးမျှော်၍၊ စပျစ်သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရားချစ်တော်မူသည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကိုခံလျက် မျောက်မထားသော မိန်းမကို သွား၍ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ 2 ထိုမိန်းမကို ငွေတစ်ဆယ်ငါးကျပ်၊ မုယောဆန်တစ်ဟောမဲခွဲနှင့် ငါရွေးပြီးမှ၊ 3 သင်သည် ငါ့အဖို့ နေ့ရက်များစွာစောင့်၍ နေရမည်။ ပြည့်တန်ဆာ မလုပ်ရ။ အခြားသောယောက်ျားနှင့် မပေါင်းဖော်ရ။ သို့ပြုလျှင်၊ သင့်အဖို့ ငါစောင့်၍နေမည်ဟု ပြောထား၏။ 4 အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။ 5 ထိုနောက်မှ ဣသရေလအမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သူတို့ရှင်ဘုရင် ဒါဝိဒ်ကိုလည်းကောင်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှာ၊ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက်ပြေးကြလိမ့်မည်။
何西阿赎回不忠的妻子
1 耶和华对我说:"你再去爱一个妇人,这妇人是为情人所爱,又是个淫妇,就像耶和华爱以色列人,虽然他们转去跟随别神,喜爱葡萄饼。"
2 于是,我用一百七十一克银子,一百五十公斤大麦,买她回来归我。
3 我对她说:"你要给我独居多日,不要行淫,不要有别的男人,我也必不与你同房。"
以色列回转归主再蒙眷爱
4 因为以色列人也要独居多日;没有君王,没有领袖,没有祭祀,没有柱像,没有以弗得,也没有家中的神像。
5 后来以色列人必归回,寻求耶和华他们的 神,寻求大卫他们的王。在末后的日子,他们必战战兢兢来到耶和华那里,接受他的恩惠。