ဘုရားသခင်ရှေ့၌ အဘယ်သို့ကုသိုလ်ရနိုင်သနည်း
1 တစ်ဖန် ရှုအာအမျိုးသားဗိလဒဒ်မြွက်ဆိုသည်ကား၊ 2 ဘုရားသခင်သည် အာဏာတော်နှင့်လည်းကောင်း၊ ကြောက်ရွံ့ရိုသေဖွယ်သော ဂုဏ်တော်နှင့်လည်းကောင်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။ 3 ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကို မလင်းဘဲနေသနည်း။ 4 သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဖွားမြင်သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။ 5 လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။ 6 ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဖွယ်ရာရှိသနည်းဟု မြွက်ဆို၏။
比勒达第三次发言
1 书亚人比勒达回答说:
2 " 神有治理之权,威严可畏,
他在高天之处施行和平。
3 他的天军怎能数算?
他的光一发谁不被照耀呢?
4 这样在 神面前,人怎能称为义呢?
妇人所生的,怎能算为洁净呢?
5 在 神的眼中,月亮都不明亮,
星星也不皎洁,
6 更何况如虫的人,
像蛆的世人呢!"