1 ထိုကြောင့် ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင်၊- 2 သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘောတညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။- 3 ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။- 4 ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။- 5 ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။- 6 ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊- 7 မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။- 8 ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။- 9 ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။- 10 အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊- 11 ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
12 သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ် နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။- 13 အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။- 14 သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။- 15,16 သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သား ဖြစ်ကြလိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲလျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိလိမ့်မည်။
17 ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။- 18 ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။
19 သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။- 20 အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသော သူတစ်ယောက်မျှ ငါတို့၌မရှိ။- 21 လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။- 22 သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။- 23 ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိသောအခါ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ချင်းစေလွှတ်မည်ဟု ကြံစည်မျှော်လင့်လျက် ငါနေ၏။- 24 ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲလမ်းသော စိတ်ရှိ၏။
25 သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖော်၊ ငါ့ကိုပြုစုသော သူတည်းဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။- 26 အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။- 27 သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှာ၊ ငါ့ကိုလည်း သနားတော်မူ၏။- 28 ထိုကြောင့် သင်တို့သည် သူ့ကိုတစ်ဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှာလည်းကောင်း၊ ငါသည်လည်း သက်သာခြင်းငှာလည်းကောင်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။- 29 သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့သောသူတို့ကို ရိုသေလေးမြတ်ကြလော့။- 30 အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံစေခြင်းငှာ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။
1 Se há, pois, alguma exortação em Cristo, se há alguma consolação de amor, se há alguma 2Co 13.13comunhão do Espírito, se há alguma Cl 3.12misericórdia e compaixão, 2 vd.Jo 3.29completai o meu gozo, de modo que vd.Rm 12.16;Fp 4.2tenhais o mesmo sentimento, tendo o mesmo amor, acordes no mesmo espírito, cuidando numa só coisa; 3 nada fazendo cp.Fp 1.17;Rm 2.8por porfia ou por Gl 5.26vanglória, mas com humildade, considerando vd.Rm 12.10; cp.Ef 5.21uns aos outros como superiores a si mesmos; 4 cp.Rm 15.1s.não atendendo cada um para o que é seu, mas cada qual também para o que é dos outros. 5 vd.Mt 11.29; cp.Rm 15.3Tende em vós este sentimento que houve também em vd.Fp 1.1Cristo Jesus, 6 o qual, Jo 1.1subsistindo em cp.2Co 4.4forma de Deus, cp.Jo 5.18;10.33;14.28não julgou que o ser igual a Deus fosse coisa de que não devesse abrir mão, 7 mas 2Co 8.9esvaziou-se, tomando a forma de vd.Mt 20.28servo, vd.Jo 1.14;Rm 8.3;Gl 4.4;Hb 2.17feito semelhante aos homens; 8 e, sendo reconhecido como homem, humilhou-se, tornando-se Hb 5.8; cp.Mt 26.39;Jo 10.18;Rm 5.19obediente até a morte Hb 12.2e morte de cruz. 9 vd.Hb 1.9Por isso, também Deus o vd.Mt 28.18;At 2.33;Hb 2.9exaltou soberanamente e lhe deu vd.Ef 1.21o nome que é sobre todo o nome, 10 para que em o nome de Jesus Rm 14.11se dobre todo joelho vd.Ef 1.10dos que estão nos céus, na terra e debaixo da terra, 11 e toda língua confesse que Jesus Cristo é o vd.Jo 13.13;Rm 10.9;14.9Senhor para glória de Deus Pai.
12 Assim, pois, meus amados, cp.Fp 1.5;4.15do modo como sempre obedecestes, efetuai a vossa Hb 5.9salvação com o vd.2Co 7.15temor e tremor, não tão somente como na minha presença, mas muito mais agora na minha ausência; 13 pois é 1Co 12.6;15.10; cp.Rm 12.3;Hb 13.21Deus o que opera eficazmente em vós tanto o querer como o perfazer, vd.Ef 1.5segundo a sua boa vontade. 14 Fazei tudo sem cp.1Co 10.10;1Pe 4.9murmurar, nem questionar, 15 para que vos torneis Lc 1.6;Fp 3.6irrepreensíveis e sinceros, Mt 5.45;Ef 5.1filhos de Deus sem defeito no meio duma geração vd.At 2.40má e perversa, no meio da qual cp.Mt 24.27apareceis como Gn 1.16astros no mundo, 16 expondo a palavra da vida, a fim de que, vd.Fp 1.6no Dia de Cristo, eu tenha motivo para me gloriar de que não vd.Gl 2.2corri em vão, nem Gl 4.11;1Ts 3.5; cp.Is 49.4trabalhei em vão. 17 Contudo, ainda que eu seja 2Tm 4.6; cp.2Co 12.15derramado em libação sobre o Rm 15.16; cp.Nm 28.6-7sacrifício e serviço da vossa fé, folgo e regozijo-me com todos vós; 18 e, pela mesma razão, folgai vós também e regozijai-vos comigo.
19 Espero, porém, no Senhor Jesus Fp 2.23enviar-vos brevemente vd.Fp 1.1Timóteo, para que também eu esteja animado, conhecendo o vosso estado. 20 Nenhum outro tenho de cp.1Co 16.10;2Tm 3.10igual sentimento, o qual sinceramente cuide dos vossos interesses; 21 pois todos eles vd.1Co 10.24;13.5; cp.Fp 2.4buscam o que é seu, não o que é de Cristo Jesus. 22 Mas conheceis o seu caráter Rm 5.4(Gr.)provado e que ele, vd.1Co 4.17como filho ao pai, serviu comigo a favor do evangelho. 23 Espero, pois, enviá-lo logo que eu tenha visto o estado dos meus negócios; 24 porém, cp.Fp 1.25confio no Senhor que também eu mesmo irei brevemente. 25 Julguei, contudo, necessário enviar-vos Fp 4.18Epafrodito, meu irmão, e cp.Rm 16.3,9,21;Fp 4.3;Fm 1,24, etc.cooperador, e Fm 2companheiro nas lutas, mas vosso 2Co 8.23; cp.Jo 13.16enviado para cp.Fp 4.18ministrar às minhas necessidades; 26 visto que ele tinha saudades de todos vós e estava angustiado por terdes sabido que ele estivera doente. 27 Pois, de fato, esteve doente e quase à morte, mas Deus compadeceu-se dele e não somente dele, mas também de mim, para que eu não tivesse tristeza sobre tristeza. 28 Por isso, vo-lo envio com mais urgência, para que, vendo-o, vos regozijeis novamente e para que eu tenha menos tristeza. 29 Rm 16.2Recebei-o, então, no Senhor, com toda a alegria, 1Co 16.18e tende em honra a tais homens, 30 porque, cp.At 20.24pela causa de Cristo, chegou às portas da morte, arriscando a sua vida, a fim de vd.1Co 16.17; cp.Fp 4.10suprir o que vos faltava fazer no serviço para comigo.