1 တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတစ်ယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတစ်ပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊- 2 သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။- 3 ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။- 4 ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတစ်ပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှာ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ကြံစည်ပြီးမှ၊- 5 သခင်၏ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကိုမေးလျှင်၊- 6 ထိုသူက၊ ဆီအခွက်တစ်ထောင်ပေးရန် ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို၏။- 7 ထိုနောက် အခြားသောသူကိုခေါ်၍၊ ငါ၏သခင်ကိုဆပ်ပေးရန် သင်၌ အဘယ်မျှလောက်ရှိသနည်းဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါး အတင်းတစ်ထောင် ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။- 8 မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက် သာ၍ လိမ္မာကြ၏။- 9 တစ်ဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေသောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတ္တံ့သော အဆွေရှိစေခြင်းငှာ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
10 အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။- 11 သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။- 12 သူတစ်ပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။- 13 အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကိုလည်းကောင်း မခံနိုင်ကြဟု မိန့်တော်မူ၏။-မ၊ ၆:၂၄။
14 ငွေကို တပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင်၊ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- 15 ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။- 16 ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။-မ၊ ၁၁:၁၂-၁၃။17 ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတစ်လုံးပျက်စီးလွယ်သည်ထက်၊ ကောင်းကင်နှင့် မြေကြီး ပျက်စီးလွယ်၏။- 18 အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။ လင်ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။မ၊ ၅:၃၂။ ၁ကော၊ ၇:၁၀-၁၁။
19 တစ်ဖန်တုံ၊ သူဌေးတစ်ယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကို ဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက်နေ၏။- 20 လာဇရုအမည်ရှိသော သူဆင်းရဲတစ်ယောက်သည် တစ်ကိုယ်လုံး၌ အနာစိမ်းပေါက်၍၊- 21 သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည်လာ၍ အနာစိမ်းများကို လျက်ကြ၏။- 22 တစ်နေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။- 23 မရဏနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကိုခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကိုလည်းကောင်း အဝေးကမြင်လျှင်၊- 24 အို အဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။- 25 အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကို ခံရ၏။- 26 ထိုမှတစ်ပါး၊ ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီး တည်လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူ မကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင်ဟု ဆို၏။- 27 သူဌေးကလည်၊ အို အဘ၊ ထိုသို့မှန်လျှင်၊- 28 အကျွန်ုပ်၌ ညီငါးယောက်ရှိပါသည် ဖြစ်၍၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှာ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊- 29 အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များ ရှိကြ၏။ ပရောဖက်တို့၏ စကားကို နားထောင်ကြစေဟု ဆို၏။- 30 သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော်၊- 31 အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တစ်ယောက်သောသူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။
1 Disse Jesus também aos discípulos: Havia um homem rico que tinha um administrador; e este lhe foi denunciado como Lc 16.13esbanjador dos seus bens. 2 Chamou-o e perguntou-lhe: Que é isso que ouço dizer de ti? Dá conta da tua administração; pois já não podes mais ser meu administrador. 3 Disse o administrador consigo: Que hei de fazer, já que o meu amo me tira a administração? Não tenho forças para cavar, de mendigar tenho vergonha. 4 Eu sei o que hei de fazer para que, quando for despedido do meu emprego, me recebam em suas casas. 5 Tendo chamado cada um dos devedores do seu amo, perguntou ao primeiro: Quanto deves ao meu amo? 6 Respondeu ele: Cem cados de azeite. Disse-lhe, então: Toma a tua conta, senta-te depressa e escreve cinquenta. 7 Depois, perguntou a outro: E tu quanto deves? Respondeu ele: Cem coros de trigo. Disse-lhe: Toma a tua conta e escreve oitenta. 8 O amo louvou ao administrador iníquo por haver procedido sabiamente; porque os filhos Mt 12.32;Lc 20.34deste mundo são mais sábios para com a sua geração do que Jo 12.36;Ef 5.8;1Ts 5.5os filhos da luz. 9 Eu vos digo: cp.Mt 19.21;Lc 11.41;12.33Granjeai amigos com Lc 16.11,13;Mt 6.24as riquezas da iniquidade, para que, quando estas cp.Lc 16.4vos faltarem, vos recebam eles nos tabernáculos eternos. 10 Mt 25.21,23Quem é fiel no pouco também é fiel no muito; e quem é injusto no pouco também é injusto no muito. 11 Se, pois, não fostes fiéis nas Lc 16.9riquezas injustas, quem vos confiará as verdadeiras? 12 Se não fostes fiéis no alheio, quem vos dará o que é nosso? 13 Mt 6.24Nenhum servo pode servir a dois senhores; porque ou há de aborrecer a um e amar ao outro ou há de unir-se a um e desprezar ao outro. Não podeis servir a Deus e as riquezas.
14 Os fariseus, que eram 2Tm 3.2avarentos, ouviam tudo isso Lc 23.35e mofavam dele. 15 Disse-lhes Jesus: Lc 10.29; cp.Lc 18.9,14Vós sois os que vos justificais diante dos homens, mas 1Sm 16.7;Pv 21.2;Rm 8.27;At 1.24Deus conhece os vossos corações; pois o que é elevado entre os homens é abominação diante de Deus. 16 Mt 11.12s.A lei e os profetas duraram até João; desde esse tempo, cp.Mt 4.23o evangelho do reino de Deus é anunciado, e todos, à força, entram nele. 17 É, Mt 5.18porém, mais fácil passar o céu e a terra do que cair um til da lei.
18 Mt 5.32Todo aquele que repudia sua mulher e casa com outra comete adultério; e quem casa com a mulher repudiada comete adultério.
19 Havia um homem rico que se vestia de púrpura e de linho finíssimo e que todos os dias se regalava esplendidamente. 20 Um mendigo chamado Lázaro, coberto de chagas, cp.At 3.2fora deitado ao seu portão, 21 desejoso de fartar-se com as migalhas que caíam da mesa do rico; e até os cães vinham lamber-lhe as úlceras. 22 Morreu o mendigo e foi levado pelos anjos para cp.Jo 13.23;1.18o seio de Abraão; morreu também o rico, e foi sepultado. 23 No Mt 11.23Hades, estando em tormentos, levantou os olhos e viu ao longe a Abraão e a Lázaro no seu seio. 24 Clamou: Lc 16.30; cp.Lc 3.8;19.9Pai Abraão, tem compaixão de mim! E manda a Lázaro que molhe a ponta do seu dedo e me refresque a língua, porque estou atormentado Mt 25.41nesta chama. 25 Mas Abraão respondeu: Filho, lembra-te cp.Lc 6.24que recebeste os teus bens na tua vida, e Lázaro, do mesmo modo os males; agora, porém, ele está consolado, e tu, em tormentos. 26 Demais, entre nós e vós está firmado um grande abismo, de modo que os que querem passar daqui para vós não podem, nem os de lá, passar para nós. 27 Ele replicou: Pai, eu te rogo, então, que o mandes à casa de meu pai, 28 (pois tenho cinco irmãos), para os At 2.40;8.25;10.42;18.5;20.21ss.;23.11;28.23;Gl 5.3;Ef 4.17;1Ts 2.11;4.6avisar, a fim de não suceder virem eles também para este lugar de tormento. 29 Mas Abraão disse: Eles têm cp.Lc 4.17;At 15.21;Jo 5.45-47Moisés e os profetas; ouçam-nos. 30 Respondeu ele: Não, Lc 16.24; cp.Lc 3.8;19.9pai Abraão, mas, se alguém for ter com eles dentre os mortos, hão de se arrepender. 31 Replicou-lhe Abraão: Se não ouvem a Moisés e aos profetas, tampouco se deixarão persuadir, ainda que ressuscite alguém dentre os mortos.