1 ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။- 2 သင်တို့၌ ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်း များပြားပါစေသော။
3 ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက်ခြင်းငှာ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရားဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှာ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်း ရှိ၏။- 4 အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။- 5 ထိုကြောင့် သင်တို့သည် သိနှင့်သော်လည်း ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာဟူမူကား၊ ထာဝရဘုရားသည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ မယုံကြည်သော သူတို့ကို တစ်ဖန် ဖျက်ဆီးတော်မူ၏။- 6 ထိုမှတစ်ပါး၊ မိမိတို့အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။- 7 ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။
8 ယခု ယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ကိုယ်ကို ညစ်ညူးစေ၍၊ အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။- 9 ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူစေသတည်းဟူ၍ သာပြောဆို၏။- 10 ထိုသူတို့မူကား၊ မိမိတို့နားမလည်သော အရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကို ပုပ်ပျက်စေတတ်ကြ၏။- 11 သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့ လိုက်ကြ၏။ အခကိုရခြင်းငှာ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွင်းခြင်း ရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ ရောက်ကြ၏။- 12 မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေ၍ နုတ်ပစ်သော သစ်ပင်ကဲ့သို့လည်းကောင်း၊- 13 မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့လည်းကောင်း၊ ကြယ်ပျံကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုကြယ်ပျံတို့အဖို့ တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။
14,15 အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။- 16 ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သောသူ ဖြစ်ကြ၏။
17,18 ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ရယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။- 19 ထိုသူတို့သည် သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူ ဖြစ်ကြ၏။
20 ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပတ္ထနာပြုလျက်၊- 21 ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှာ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍ နေကြလော့။- 22 ပိုင်းခြား၍သိတတ်သော ဉာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။- 23 ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နုတ်ကယ်တင်ကြလော့။
24 ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊- 25 ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးအာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။
ရှင်ယုဒဩဝါဒစာပြီး၏။
1 Mt 13.55;Mc 6.3; cp.Lc 6.16;Jo 14.22;At 1.13(?)Judas, Rm 1.1servo de Jesus Cristo e irmão de Tiago, Rm 1.6s.aos eleitos, que são amados em Deus Pai e Jo 17.11s.; cp.Jd 21;1Pe 1.5guardados para Jesus Cristo, 2 Gl 6.16;1Tm 1.2, etc.misericórdia, paz e caridade vos 1Pe 1.2;2Pe 1.2sejam multiplicadas.
3 Hb 6.9;Jd 17,20; cp.Jd 1Amados, enquanto eu empregava toda a diligência para vos escrever sobre a nossa cp.Tt 1.4comum salvação, vi-me obrigado a dirigir-vos esta carta, exortando-vos a 1Tm 6.12pelejar Jd 20;At 6.7pela fé uma vez para sempre 2Pe 2.21confiada At 9.13aos santos. 4 Pois certos homens 2Tm 3.6; cp.Gl 2.4se introduziram furtivamente (ímpios, cuja sentença cp.1Pe 2.8há muito tempo está lavrada), os quais transformam At 11.23a graça de nosso Deus em cp.2Pe 2.7dissolução 2Pe 2.1; cp.2Tm 2.12;Tt 1.16;1Jo 2.22e negam a nosso único Mestre e Senhor, Jesus Cristo.
5 Ora, eu vos quero 2Pe 1.12s.;3.1s.lembrar (se bem que 1Jo 2.20sabeis tudo uma vez para sempre) que o Senhor, 1Co 10.5-10;Hb 3.16s.tendo libertado a um povo, tirando-o da terra do Egito, destruiu, em seguida, aqueles que não creram; 6 que 2Pe 2.4os anjos que não guardaram o seu principado, mas abandonaram o seu próprio domicílio, ele 2Pe 2.9os tem reservado, com cadeias eternas em trevas, para o juízo do grande Dia; 7 assim 2Pe 2.6Sodoma, Gomorra e Dt 29.23;Os 11.8as cidades vizinhas, tendo-se prostituído, como aqueles de que acabo de falar, 2Pe 2.2e seguindo após outra carne, foram postas como 2Pe 2.6exemplo, sofrendo a Mt 25.41;2Ts 1.8s.;2Pe 3.7pena do fogo eterno. 8 Contudo, da mesma maneira também estes, sonhando, não somente cp.2Pe 2.10contaminam o seu corpo, como também desprezam a dominação e maldizem as dignidades. 9 Mas, quando Dn 10.13,21;12.1;Ap 12.7Miguel, 1Ts 4.16; cp.2Pe 2.11o arcanjo, discutindo com o Diabo, altercava sobre cp.Dt 34.6o corpo de Moisés, não ousou fulminar-lhe sentença de blasfemo, mas disse: Zc 3.2O Senhor te repreenda. 10 2Pe 2.12Estes, porém, na verdade, maldizem tudo o que ignoram e se perdem em todas aquelas coisas cp.Fp 3.19que compreendem naturalmente, 2Pe 2.12como animais sem razão. 11 Ai deles! Porque entraram no Gn 4.3-8; cp.Hb 11.4;1Jo 3.12caminho de Caim, e, por amor do lucro, se atiraram 2Pe 2.15; cp.Nm 31.16;Ap 2.14ao erro de Balaão, Nm 16.1-3,31-35e pereceram na revolta de Coré. 12 Estes são os cachopos 2Pe 2.13; cp.1Co 11.20ss.em vossos ágapes, quando banqueteiam convosco sem medo; Ez 34.2,8,10pastores que se apascentam a si mesmos; Pv 25.14; cp.2Pe 2.17nuvens sem água, Ef 4.14levadas pelos ventos; árvores do outono, sem fruto, duas vezes mortas, cp.Mt 15.13desarraigadas; 13 Is 57.20ondas furiosas do mar, espumando Fp 3.19as suas próprias torpezas; estrelas errantes, 2Pe 2.17; cp.Jd 6para as quais tem sido reservado o negrume das trevas para sempre. 14 A estes também é que profetizou Gn 5.18,21ss.Enoque, o sétimo depois de Adão, quando disse: Dt 33.2;Mt 16.27; cp.Dn 7.10;Hb 12.22Eis que o Senhor veio, com miríades de seus santos, 15 cp.2Pe 2.6ss.a executar juízo sobre todos e a convencer a todos os ímpios de todas as obras ímpias que impiamente cometeram e de todas as palavras duras que cp.1Tm 1.9pecadores ímpios pronunciaram contra ele. 16 Estes são Nm 16.11,41;1Co 10.10murmuradores, queixosos, 2Pe 2.10;Jd 18andando segundo as suas cobiças; a sua boca fala 2Pe 2.18de coisas soberbas, mostrando admiração a pessoas cp.2Pe 2.3por causa de interesse.
17 Vós, porém, Jd 3amados, 2Pe 3.2lembrai-vos das palavras que foram preditas cp.Hb 2.3pelos apóstolos de nosso Senhor Jesus Cristo, 18 os quais vos diziam que, 2Pe 3.3; cp.At 20.29;1Tm 4.1;2Tm 3.1s.;4.3nos últimos tempos, viriam zombadores, Jd 16; cp.Jd 4andando segundo as suas ímpias cobiças. 19 Estes são os homens que causam divisões, cp.1Co 2.14s.;Tg 3.15sensuais, que não têm o Espírito. 20 Mas vós, Jd 3amados, Cl 2.7;1Ts 5.11edificando-vos sobre a vossa santíssima fé Ef 6.18e orando no Espírito Santo, 21 guardai-vos no amor de Deus, Tt 2.13;Hb 9.28;2Pe 3.12esperando a misericórdia de nosso Senhor Jesus Cristo, para a vida eterna. 22 Tende misericórdia de alguns que estão na dúvida 23 e salvai-os, Am 4.11;Zc 3.2; cp.1Co 3.15arrebatando-os do fogo; de outros, tende misericórdia com temor, cp.Ap 3.4;Zc 3.3s.aborrecendo até a túnica manchada pela carne.
24 Rm 16.25Àquele que vos pode guardar de tropeçardes e vos 2Co 4.14apresentar diante da sua glória sem defeito, em 1Pe 4.13grande gozo, 25 ao Jo 5.44;1Tm 1.17único Lc 1.47Deus, nosso Salvador, por Jesus Cristo, nosso Senhor, Rm 11.36seja glória, majestade, domínio e poder, cp.Hb 13.8antes de toda a eternidade, e agora, e por todos os séculos. Amém.