1 သင်တို့သည် မြေကို အမွေခံခြင်းငှာ စာရေးတံချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတစ်ကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။ 2 ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဖို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်း အတောင်ငါးဆယ် ရှိရမည်။ 3 ထိုသို့ အလျားနှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။ 4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကိုဆောင်ခြင်းငှာ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့် သန့်ရှင်းရာဌာန တည်စရာဖို့ သန့်ရှင်းသောမြေဖြစ်ရမည်။ 5 အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာဖို့ ဖြစ်ရမည်။ 6 မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသောအရပ် တစ်ဖက်တစ်ချက်၌ အလျား တစ်သောင်းငါးထောင်၊ အနံ ငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဖြစ်ရမည်။
7 သန့်ရှင်းသောမြေကွက်နှင့် မြို့တော် နယ်နိမိတ် အနောက်ဘက်တစ်လျှောက်လုံးတစ်ပိုင်း၊ အရှေ့ဘက်တစ်လျှောက်လုံးတစ်ပိုင်းသည် မင်းသားအဖို့ ဖြစ်ရမည်။ 8 ငါ၏မင်းသားတို့သည် နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလပြည်၌ မင်းသားပိုင်သောမြေ ဖြစ်ရမည်။ ကြွင်းသောမြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။
9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလမင်းသားတို့၊ ရောင့်ရဲသောစိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သောအမှုတို့ကို ပြုကြလော့။ နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
10 မှန်သောချိန်ခွင်၊ မှန်သောဧဖာ၊ မှန်သောဗတ်တို့ကို သုံးရကြမည်။ဝတ်၊ ၁၉:၃၆။11 ဧဖာနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါးသည် ဟောမဲကို အမှီပြု၍၊ ဧဖာသည် တစ်ဟောမဲတွင် ဆယ်စုတစ်စု၊ ဗတ်သည်လည်း တစ်ဟောမဲတွင် ဆယ်စုတစ်စုရှိရမည်။ 12 ဂေရာနှစ်ဆယ်ကို တစ်ကျပ်၊ အကျပ်ခြောက်ဆယ်ကို တစ်မာနေရှိရမည်။
13 ချီးမြှောက်ရာ ပူဇော်သကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တစ်ဟောမဲတွင် တစ်ဩမဲကို ပူဇော်ရမည်။ 14 ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တစ်ကောရတွင် ဗတ်ဆယ်စုတစ်စုကို ပူဇော်ရမည်။ တစ်ဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တစ်ကောရသည် ဆယ်ဗတ်ဖြစ်သတည်း။ 15 သူတို့အပြစ်ကို ဖြေခြင်းငှာ ဣသရေလကျက်စားရာ၊ ရေများသောအရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တစ်ကောင်ကို ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 16 ထိုချီးမြှောက်ရာ ပူဇော်သကာကို ပြည်သူပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။ 17 မင်းသားသည်လည်း ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက်အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။
18 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။ 19 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင် အသွေးအချို့ကိုယူ၍ အိမ်တော်တိုင်၌လည်းကောင်း၊ ယဇ်ပလ္လင် အောက်ထစ် လေးထောင့်၌လည်းကောင်း၊ အတွင်းတံတိုင်း တံခါးတိုင်၌လည်းကောင်း ထည့်ရမည်။ 20 ထိုမှတစ်ပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူအတွက် ခုနစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။
21 ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။ထွ၊ ၁၂:၁-၂၀။ တော၊ ၂၈:၁၆-၂၅။22 ထိုနေ့၌ မင်းသားသည် ကိုယ်ဖို့လည်းကောင်း၊ ပြည်သူပြည်သား အပေါင်းတို့ဖို့လည်းကောင်း၊ နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ် ပူဇော်ရမည်။ 23 ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ရာယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသောသိုးထီး ခုနစ်ကောင်ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ် တစ်ကောင်ကိုလည်းကောင်း နေ့တိုင်းပူဇော်ရမည်။ 24 နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တစ်ကောင်တစ်ကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သကာဖို့ မုန့်ညက်တစ်ဧဖာ၊ ဆီတစ်ဟိန်ကို ပြင်ဆင်ရမည်။ 25 သတ္တမလ တစ်ဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ဆီပူဇော်သကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံးပြုရမည်။ဝတ်၊ ၂၃:၃၃-၃၆။ တော၊ ၂၉:၁၂-၃၈။
1 Demais, quando Ez 47.21;48.29;Nm 34.13;Js 13.7;14.3repartirdes a terra em herança por sortes, oferecereis uma Ez 48.8-9oblação a Jeová, uma Zc 14.20-21santa porção da terra; o comprimento será o comprimento de vinte e cinco mil Ez 45.2;Ez 42.16canas, e a largura será de dez mil. Ela será santa em todo o seu termo ao redor. 2 Dessa porção o santuário ocupará Ez 42.16-20quinhentas canas de comprimento e quinhentas de largura, em quadro ao redor; e os seus subúrbios terão cinquenta cúbitos ao redor. 3 Dessa medida medirás vinte e cinco mil canas de comprimento e dez mil de largura; Ez 48.10e nela será o santuário, que é santíssimo. 4 É ela uma Ez 45.1santa porção da terra; será para os Ez 48.10-11sacerdotes, ministros do santuário, que Ez 40.45;43.19;Nm 16.5se aproximam para servir a Jeová; e lhes servirá de lugar para as suas casas e de lugar santo para o santuário. 5 Ez 48.13Os levitas, ministros da casa, terão vinte e cinco mil canas de comprimento e dez mil de largura, para possessão sua, para vinte câmaras. 6 Para a possessão da Ez 48.15-18,30-35cidade, dareis cinco mil canas de largura e vinte e cinco mil de comprimento, ao lado da oblação da santa porção, o que será para toda a casa de Israel. 7 O que se der ao Ez 34.24;37.24;46.16-18;48.21príncipe estará duma e da outra parte da santa oblação e da possessão da cidade, defronte da santa oblação e defronte da possessão da cidade, do lado ocidental, para o ocidente, e do lado oriental para o oriente; e de comprimento corresponderá a uma das porções desde o termo ocidental até o termo oriental. 8 Na terra lhe será um possessão em Israel; os meus príncipes Ez 19.7;22.27;46.18;Is 11.3-5;Jr 23.5não oprimirão mais o meu povo, mas distribuirão a terra pela casa de Israel, Js 11.23segundo as suas tribos.
9 Assim diz o Senhor Jeová: Ez 44.6Baste-vos, príncipes de Israel; cessai da Ez 7.11,23;8.17;Jr 6.7violência e rapina Jr 22.3;Zc 8.16e executai juízo e justiça; tirai do meu povo as vossas Ne 5.1-5exações, diz o Senhor Jeová. 10 Tereis Lv 19.36;Dt 25.15;Pv 16.11;Am 8.4-6;Mq 6.10-11balanças justas, Is 5.10e efa justo, e bato justo. 11 O efa e o bato serão duma só medida, de maneira que o bato contenha a décima parte dum ômer, e o efa, a décima parte dum ômer; conforme o ômer, será a sua medida. 12 Êx 30.13;Lv 27.25;Nm 3.47O siclo terá vinte óbolos. O vosso mane será vinte siclos, vinte e cinco siclos e quinze siclos.
13 Esta é a oblação que haveis de oferecer: a sexta parte dum efa de cada ômer de trigo, e dareis a sexta parte dum efa de cada ômer de cevada; 14 a porção determinada de azeite, do bato de azeite, será a décima parte dum bato tirado do coro, que é dez batos, a saber, o ômer; pois dez batos fazem um ômer; 15 um cordeiro do rebanho, de cada duzentos, das bem regadas pastagens de Israel; Ez 45.17para ofertas de cereais, e para holocaustos, e para ofertas pacíficas, a fim Lv 1.4;6.30de fazer expiação por eles, diz o Senhor Jeová. 16 Êx 30.14-15Todo o povo da terra concorrerá a essa oblação para Is 16.1o príncipe em Israel. 17 Ez 46.4-12Tocará ao príncipe dar 1Rs 8.64;1Cr 16.2;2Cr 31.3os holocaustos, e as ofertas de cereais, e as ofertas de libações, Lv 23.1-44; Nm 28.1—29.39nas festas e Is 66.23nas luas novas e nos sábados, em todas as festas fixas da casa de Israel. Ele preparará a oferta pelo pecado, e a oferta de cereais, e o holocausto, e as Ez 43.27;1Rs 8.63ofertas pacíficas, para fazer expiação pela casa de Israel.
18 Assim diz o Senhor Jeová: Êx 12.2No primeiro mês, Ez 46.1,3,6no primeiro dia do mês, tomarás um bezerro Lv 22.20;Hb 9.14sem mancha Ez 43.22,26;Lv 16.16,33e purificarás o santuário. 19 O sacerdote tomará do sangue da oferta pelo pecado e pô-lo-á nas ombreiras da casa, Ez 43.20;Lv 16.18-20e nos quatro cantos das Ez 43.14,17,20seções do altar, e nos postes da porta do átrio interior. 20 Assim farás no sétimo dia do mês a favor de cada um que Lv 4.27;Sl 19.12erra e do que é simples; assim, fareis Ez 45.15,18;Lv 16.20expiação pela casa.
21 No primeiro mês, aos quatorze dias do mês, tereis Êx 12.1-24;Lv 23.5-8uma Páscoa, festa de sete dias; comer-se-ão pães asmos. 22 Nesse dia, o príncipe preparará para si e para todo o povo da terra um Lv 4.14novilho como oferta pelo pecado. 23 Durante os Lv 23.8sete dias da festa, preparará um Nm 28.16-25holocausto a Jeová, Nm 23.1-2;Jó 42.8sete novilhos e sete carneiros sem mancha, cada dia durante os sete dias; e um bode cada dia como oferta pelo pecado. 24 Prepará uma Ez 46.5-7;Nm 28.12-15oferta de cereais, um efa para cada novilho, e um efa para cada carneiro, e um him de azeite para cada efa. 25 No Lv 23.33-43;Nm 29.12-38;2Cr 5.3;7.8,10sétimo mês, aos quinze dias do mês, na festa, fará o mesmo por sete dias, segundo a oferta pelo pecado, segundo o holocausto e segundo a oferta de cereais, segundo o azeite.