1 သက္ကရာဇ် တစ်ဆယ်နှစ်ခု၊ ဒွါဒသမလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည်မှာ၊ သင်သည် လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ ဖြစ်၏။ အိုင်၌နေသော မိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့် ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။ 3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့် သင့်ကိုအုပ်မိ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့်မည်။ 4 ငါသည် သင့်ကို ကုန်းပေါ်မှာတင်၍ လွင်ပြင်၌ပစ်ထားမည်။ မိုးကောင်းကင်ငှက်အပေါင်းတို့ကို သင့်အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာကျွေးမည်။ 5 သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။ 6 သင်မှယိုသော အသွေးဖြင့် မြေကိုတောင်ထိပ်တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။ 7 သင့်ကို ငါဆုံးစေသောအခါ မိုးကောင်းကင်ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကိုမိုးအုံ့စေ၍ လသည်လည်း အလင်းကို မပေးရ။ဟေရှာ၊ ၁၃:၁၀။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ ဗျာ၊ ၆:၁၂-၁၃၊၈:၁၂။8 သင့်အထက်၊ မိုးကောင်းကင်၌ ထွန်းလင်းသောအလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင်မိုက်နှင့် ဖုံးလွှမ်းမည်။ 9 သင်မသိဖူးသော အတိုင်းတိုင်းအပြည်ပြည်တို့တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြားစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။ 10 အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများတို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ရှေ့မှာ ဓားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှုကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသောနေ့၌ သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ဓားသည် သင့်အပေါ်သို့ ရောက်လိမ့်မည်။ 12 ခွန်အားကြီးသောသူ၊ ကြောက်မက်ဖွယ်သော လူမျိုးအပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲစေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သားအလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည်။ 13 များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တစ်ဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ။ 14 ထိုရေကို ငါကြည်စေ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 15 ငါသည် အဲဂုတ္တုပြည်၌ ဥစ္စာရှိသမျှကို ကုန်စေခြင်းငှာ သုတ်သင်ပယ်ရှင်း၍၊ ပြည်သူပြည်သား အပေါင်းတို့ကို ဒဏ်ခတ်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ 16 ဤရွေ့ကား၊ အဲဂုတ္တုပြည်အတွက် ပြုရသော မြည်တမ်းခြင်းတည်း။ အမျိုးမျိုးသော သတို့သမီးတို့သည်လည်း မြည်တမ်း၍၊ အဲဂုတ္တုပြည်နှင့် ပြည်သား အလုံးအရင်းရှိသမျှတို့အတွက် မြည်တမ်းကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17 သက္ကရာဇ် တစ်ဆယ်နှစ်ခု၊ ပထမလ တစ်ဆယ်ငါးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 18 အချင်းလူသား၊ အဲဂုတ္တုပြည်သားအလုံးအရင်းအတွက် မြည်တမ်းခြင်းကို ပြုလော့။ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နေရာ မြေအောက်အရပ်သို့ တိုင်အောင်၊ ကျော်စောသောလူမျိုး သတို့သမီးတို့နှင့်တကွ နှိမ့်ချလျက် မြွက်ဆိုရမည်မှာ၊ 19 သင်သည် သူတစ်ပါးထက်သာ၍ လှသလော။ အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့်အတူ ဆင်းသက်၍ နေရာကျလော့။ 20 ဓားဘေး၌ အပ်သည်ဖြစ်၍၊ ဓားဖြင့်သေသော သူတို့နှင့်အတူ လဲ၍သေရသောကြောင့်၊ သူကိုယ်တိုင်မှစ၍ သူ၏ လူအလုံးအရင်း ရှိသမျှတို့ကို ဆွဲကြလော့။ 21 ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏနိုင်ငံထဲက သူနှင့် သူ၏အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့်မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ဓားနှင့်သေ၍၊ အရေဖျားလှီးခြင်းမခံသောအဖြစ်၌ လဲနေလျက်ရှိကြ၏။ 22 ထိုအရပ်၌ အာရှုရနှင့် သူ၏လူအလုံးအရင်းအပေါင်းလည်း ရှိကြ၏။ သူတို့သည် ဓားဖြင့်သေ၍ လဲနေလျက်၊ ပတ်လည်အရပ်ရပ်တို့၌ သူတို့သင်္ချိုင်းများရှိကြ၏။ 23 ထိုသင်္ချိုင်းတို့သည် ဥမင်အတွင်းအနားမှာ စီးလျက်၊ မင်းသင်္ချိုင်း၌ ပတ်လည်ခြံရံလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူရှိသမျှတို့သည် ဓားဖြင့်သေ၍ လဲနေကြ၏။ 24 ထိုအရပ်၌ ဧလံနှင့် သူ၏သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ဓားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ မြေအောက်အရပ်သို့ဆင်းသွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နှင့်အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျကြ၏။ 25 မိမိအလုံးအရင်းနှင့်အိပ်၍ သူတို့ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ ဓားဖြင့်သေကြ၏။ အသက်ရှင်သောသူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း၊ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နှင့်အတူ အရှက်ကွဲသဖြင့်၊ သေသောသူတို့နှင့် အတူ နေရာကျကြ၏။ 26 ထိုအရပ်၌ မိမိအလုံးအရင်း ရှိသမျှတို့နှင့်အတူ မေရှက်လည်းရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ အသက်ရှင်သောသူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ဓားဖြင့် သေလျက်နေကြ၏။ 27 သူတို့သည် ရှေးကာလ၌ လဲ၍သေသော၊ အရေဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့် အတူအိပ်၍ နေရကြလိမ့်မည် မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏နေရာ၌ လူကြီးတို့ကို ကြောက်စေတတ်သော်လည်း၊ စစ်တိုက်လက်နက်ပါလျက် မရဏနိုင်ငံထဲသို့ ဆင်းသွား၍၊ မိမိဓားကို မိမိခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့အပြစ် တည်လျက်ရှိကြ၏။ 28 သင်သည်လည်း၊ အရေဖျားလှီးခြင်းကိုမခံသော လူတို့အလယ်၌ ကျိုးပျက်၍၊ ဓားဖြင့်သေသော သူတို့နှင့်အတူ လဲလျက်နေရလိမ့်မည်။ 29 ထိုအရပ်၌ ဧဒုံလည်းရှိ၏။ ဧဒုံရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက်၊ ဓားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ၍၊ အရေဖျားလှီးခြင်းကို မခံသောလူ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ၏။ 30 ထိုအရပ်၌ မြောက်ပြည်မင်း၊ ဇိဒုန်မင်းအပေါင်းတို့သည် ရှိကြ၏။ ကိုယ်တန်ခိုးကို ရှက်လျက်၊ ထိတ်လန့်လျက် သေသောသူတို့နှင့်အတူ ဆင်းသွားကြပြီ။ ဓားဖြင့်သေသော သူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ အိပ်ကြ၏။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အရှက်ကွဲလျက် နေကြ၏။ 31 ဖာရောဘုရင်သည် ထိုလူများတို့ကိုမြင်၍၊ ဓားဖြင့်သေသော မိမိလူအလုံးအရင်းရှိသမျှတို့ကြောင့် ပူပန်သောစိတ်လျော့၍၊ ဖာရောဘုရင်နှင့် မိမိဗိုလ်ခြေအပေါင်းတို့သည် သက်သာကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 32 အသက်ရှင်သော သူတို့၏နေရာ၌ သူသည် သူတစ်ပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော်လည်း၊ ဖာရောဘုရင်နှင့် သူ၏လူအလုံးအရင်း ရှိသမျှတို့သည် ဓားဖြင့် သေသောသူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူတို့အလယ်၌ လဲ၍နေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
1 No Ez 32.17;Ez 30.20;31.1;33.21ano duodécimo, no mês duodécimo, ao primeiro dia do mês, veio a mim a palavra de Jeová, dizendo: 2 Filho do homem, faze Ez 32.16;Ez 19.1;27.2;28.12uma lamentação sobre Faraó, rei do Egito, e dize-lhe: Foste assemelhado a um Ez 19.2-6;38.13;Jr 4.7;Na 2.11-13leão novo das nações; contudo, tu és como um Ez 29.3;Is 27.1dragão nos mares; Jr 46.7-8pulavas nos teus rios, e Ez 34.18turbavas com os pés as águas, e sujavas os teus rios. 3 Assim diz o Senhor Jeová: Estenderei sobre ti a minha Ez 12.13;17.20;19.8;Hc 1.14-15rede por meio duma companhia de muitos povos; e eles te tirarão na minha rede. 4 Arrojar-te-ei Ez 29.5;31.12-13;39.4-5,17-20;Jr 8.2em terra, e te lançarei sobre a face do campo, e farei pousar sobre ti todas as Is 18.6aves do céu, e fartarei de ti os animais de toda a terra. 5 Porei as tuas carnes sobre Ez 35.8os montes e encherei os vales da tua altura. 6 Ez 35.6;Êx 7.17;Is 34.3,7;Ap 14.20Com o teu sangue também regarei a terra Ez 32.2onde nadas, até os montes; e as correntes se encherão de ti. 7 Quando eu Jó 18.5-6;Pv 13.9te extinguir, Ez 30.3,18;34.12;Êx 10.21-23;Is 34.4cobrirei os céus e farei enegrecer as Is 13.10suas estrelas; encobrirei Jl 2.2-31;3.15;Am 8.9o sol com uma nuvem, e a lua não dará a sua luz. 8 Farei enegrecer sobre ti todos os brilhantes Gn 1.14luminares do céu, e trarei trevas sobre a tua terra, diz o Senhor Jeová. 9 Também Ez 27.29-32;28.19;Ap 18.10-15vexarei o coração de muitos povos, quando eu Êx 15.14-16levar a efeito a tua destruição entre as nações, nos países que não tens conhecido. 10 Farei que muitos povos fiquem Ez 27.35pasmados de ti, e os seus Ez 26.16reis serão sobremaneira amedrontados por causa de ti, quando eu brandir Dt 32.41;Jr 46.10a minha espada diante deles; Ez 30.9estremecerão cada momento, cada qual pela sua vida, no dia da tua queda.
11 Pois assim diz o Senhor Jeová: Ez 30.24-25;Jr 43.10-11;46.13,24-26A espada do rei de Babilônia virá sobre ti. 12 Pelas espadas dos poderosos, farei cair a tua multidão; Ez 28.7;30.11;31.12terríveis dentre as nações são todos eles; Ez 30.18despojarão a soberba do Egito, e toda a sua multidão será destruída. 13 Do lado de muitas águas, também destruirei todos os seus Ez 29.8animais; nem os turbará mais Ez 32.2;Ez 29.11;34.18o pé de homem, nem os turbarão unhas de animais. 14 Então, tornarei claras as suas águas e farei correr os seus rios como azeite, diz o Senhor Jeová. 15 Quando eu fizer a terra do Egito Ez 29.12,19-20;Sl 107.34desolada, e deserta, e destituída daquilo de que estava cheia; quando eu ferir a todos os que nela habitarem, Ez 6.7;30.19,26;Êx 7.5;14.4,18;Sl 9.16;83.17-18saberão que eu sou Jeová. 16 Esta é a Ez 32.2;Ez 26.17;2Sm 1.17;3.33-34;2Cr 35.25;Jr 9.17lamentação que se fará, que farão as filhas das nações sobre o Egito e sobre toda a sua multidão, diz o Senhor Jeová.
17 Também no Ez 32.1;Ez 31.1;33.21duodécimo ano, aos quinze dias do mês, veio a mim a palavra de Jeová, dizendo: 18 Filho do homem, Ez 32.2,16;Ez 21.6;Is 16.9;Mq 1.8pranteia sobre a multidão do Egito e Ez 43.3;Jr 1.10;Os 6.5precipita-o, a ele e as filhas das nações formosas, Ez 32.24;Ez 31.14,16,18às partes inferiores da terra, juntamente com os que descem à cova. 19 Ez 31.2,18A quem sobrepujas em formosura? Is 14.15Desce e deita-te com Ez 32.21,24,29-30;Ez 31.18;Jr 9.25-26os incircuncisos. 20 No meio dos que são Ez 32.21, etc.;Ez 31.17mortos à espada, cairão; à espada, está entregue; Sl 28.3arrastai-o e todas as suas multidões. 21 Do meio do Sheol Ez 32.27;Is 14.9-12os fortes entre os poderosos falarão dele com os que lhe dão socorro; Ez 32.31-32já desceram, jazem quietos os incircuncisos, mortos à espada.
22 Ali, está Ez 27.23;31.3,16Assíria e toda a sua companhia. Os seus sepulcros estão ao redor dela; todos eles foram mortos, caíram à espada. 23 Os seus sepulcros são postos nas extremidades da cova, e a sua companhia está em redor do seu sepulcro. Foram mortos, caíram à espada todos esses que Ez 32.24-25, etc.causaram terror na terra dos viventes.
24 Ali, está Gn 10.22;14.1;Is 11.11;Jr 25.25;49.34-39Elão e toda a sua multidão, ao redor do seu sepulcro. Foram mortos, caíram à espada, desceram incircuncisos Ez 32.18;Ez 26.20;31.14,18às partes inferiores da terra todos esses que Ez 32.23causaram o seu terror Jó 28.13;Sl 27.13;52.5;142.5;Is 38.11;Jr 11.19na terra dos viventes Ez 32.25,30;Ez 16.52,54e levaram a sua vergonha juntamente com os que descem à cova. 25 Puseram-lhe Sl 139.8a cama no meio dos mortos com toda a sua multidão; os seus sepulcros estão ao redor dele. Todos esses Ez 32.19incircuncisos foram mortos à espada, porque o seu Ez 32.23terror se infundiu na terra dos viventes, Ez 32.24e levaram a sua vergonha com os que descem à cova. Está posto no meio dos que foram mortos.
26 Ali, estão Ez 27.13;38.2-3;39.1;Gn 10.2Meseque, Ez 27.13;38.2-3;39.1;Gn 10.2;Is 66.19Tubal e toda a sua multidão. Os seus sepulcros estão ao redor dele; todos esses Ez 32.19incircuncisos foram mortos à espada, porque Ez 32.32causaram o seu terror na terra dos viventes. 27 Is 14.18-19Não estão com os Ez 32.21;Jó 3.13-15poderosos que dentre os incircuncisos caíram, que com as suas armas de guerra desceram ao Sheol e puseram as suas espadas debaixo das suas cabeças, Jó 20.11;Sl 109.18tendo as suas iniquidades sobre os seus ossos, porque eram o Ez 32.23terror dos poderosos na terra dos viventes. 28 Mas tu serás quebrado no meio dos Ez 32.19incircuncisos e te deitarás com os que foram mortos à espada.
29 Ali, está Ez 25.13;35.9,15;Is 34.5-15;Jr 49.7-22Edom, os seus reis e todos os seus príncipes, que, com o seu poder, foram postos entre os que foram mortos à espada; deitar-se-ão com os Ez 32.19incircuncisos e com os que descem à cova. 30 Ali estão os príncipes do Ez 38.6,15;39.2;Jr 1.15;25.26Norte, todos eles, e todos os Ez 28.21-23;Jr 25.22sidônios, que desceram com os mortos. Envergonhados estão pelo terror que o seu poder causava; jazem Ez 32.19incircuncisos com os que foram mortos à espada Ez 32.24e levam a sua vergonha com os que descem à cova.
31 Ez 32.18,21Faraó os verá Ez 14.22;31.16e se consolará sobre toda a sua multidão, sim, Faraó e todo o seu exército, mortos à espada, diz o Senhor Jeová. 32 Pois pus o Ez 32.23terror dele Ez 32.24na terra dos viventes; e ele será posto no meio Ez 32.19dos incircuncisos, com os que Ez 32.20foram mortos à espada, sim, Faraó e toda a sua multidão, diz o Senhor Jeová.