(:-:)
1 သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခေါနိမင်းကြီးနန်းကျ ပဥ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသောသူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊ဗျာ၊ ၁၉:၁၁။2 မိုးကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံတို့ကိုမြင်ရ၏။၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊၃၆:၉-၁၀။3 ထိုအခါ ခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည်ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။
4 ငါကြည့်ရှု၍၊ ပြင်းစွာသောလေ၊ ကြီးစွာသော မိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။ မီးစက်ထဲက ဟရှမေလရွှေရောင် ထွက်လေ၏။ 5 ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဌာန်ဟူမူကား၊ လူ၏ပုံသဏ္ဌာန်ကိုဆောင်၍၊ဗျာ၊ ၄:၆။6 မျက်နှာလေးခုစီ၊ အတောင်လည်းလေးခုစီရှိကြ၏။ 7 ခြေထောက်သည် ဖြောင့်သော ခြေထောက်ဖြစ်၏။ ခြေဖဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သောကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာ အတောင်အောက်၌ လူလက်ရှိ၏။ 8 ထိုလေးပါးတို့သည် မျက်နှာတို့နှင့်လည်းကောင်း၊ အတောင်တို့နှင့်လည်းကောင်း ပြည့်စုံကြ၏။ 9 အတောင်ချင်း တစ်ခုနှင့်တစ်ခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့သွားသောအခါ တစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။ 10 မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့် လည်းကောင်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်လည်းကောင်း ပြည့်စုံကြ၏။ယေဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။11 အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်း စပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက်ရှိကြ၏။ 12 ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သွားကြ၏။ သွားသောအခါတစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။ 13 ထိုသတ္တဝါတို့၏ အဆင်းအရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့် တူ၏။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြားလှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။ဗျာ၊ ၄း၅။14 သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက် ရှိကြ၏။
15 ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတစ်ခုစီ ထင်ရှား၏။ 16 ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့် တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဌာန်မူကား၊ ဘီးတစ်ခုအထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ဖြစ်၏။ 17 သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲ သွားတတ်ကြ၏။ 18 ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဖွယ်ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့်ပြည့်ကြ၏။ဗျာ၊ ၄:၈။19 သတ္တဝါတို့သည် သွားသောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်ပါကြ၏။ 20 သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီးတို့၌ရှိ၏။ 21 သူတို့သွားသောအခါ ဘီးတို့သည် သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည် ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။ယေဇ၊၁၀:၉-၁၃။
22 ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက်ဖွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ ဖြစ်၏။ဗျာ၊ ၄:၆။23 မိုးမျက်နှာကြက်အောက်မှာ သူတို့အတောင်များသည် တစ်ခုသို့တစ်ခုတည့်တည့် ပြန့်လျက်ရှိ၍၊ ပြင်ဘက်၌လည်း ကိုယ်ကိုဖုံးစရာဖို့ အတောင်နှစ်ခုစီ ရှိ၏။ 24 သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ အသံတော်ကဲ့သို့လည်းကောင်း၊ အတောင်တို့ မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကိုချလျက်နေကြ၏။ဗျာ၊ ၁:၁၄-၁၅၊၁၉:၆။25 ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်ထဲက စကားသံသည် ထွက်၏။
26 သူတို့၏ခေါင်းများအထက်၊ မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဌာန်အပေါ်၌လည်း လူပုံသဏ္ဌာန်ကဲ့သို့ပေါ်၏။ယေဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။27 ပလ္လင်အတွင်း၌လည်းကောင်း၊ ပတ်လည်၌လည်းကောင်း၊ ခါးသဏ္ဌာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင်နှင့် မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီးအရောင်ကဲ့သို့ ထင်ရှား၍ ပတ်လည်၌ ထွန်းတောက်လေ၏။ယေဇ၊၈:၂။28 ထိုသို့ ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင်၊ မိုးတိမ်၌ပေါ်သော သက်တံ၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွေ့ကား၊ ထာဝရဘုရား၏ဘုန်းတော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။
1 Ora, aconteceu no Ez 1.2trigésimo ano, no quarto mês, aos cinco dias do mês, que, estando eu no meio dos cativos, junto ao Ez 1.3;Ez 3.15,23;10.15,20,22;43.3rio Quebar, se abriram Mt 3.16;Mc 1.10;Lc 3.21;Jo 1.51;At 7.56;10.11;Ap 4.1;19.11os céus, e tive Ez 8.3;11.24;40.2;Êx 24.10;Nm 12.6;Is 1.1;6.1;Dn 8.1-2visões de Deus. 2 No quinto dia do mês, dia em que se completou o Ez 8.1;20.1;2Rs 24.12-15quinto ano do cativeiro do rei Jeoaquim, 3 veio, na verdade, a palavra de Jeová ao sacerdote Ez 24.24Ezequiel, filho de Buzi, na terra dos Ez 12.13;23.23caldeus, junto ao rio Quebar; e aí esteve sobre ele Ez 3.14,22;1Rs 18.46;2Rs 3.15a mão de Jeová.
4 Olhei, e eis que vinha Jr 1.14do Norte Ez 13.11,13;Is 21.1;Jr 23.19um vento tempestuoso, uma grande nuvem com um fogo que emitia de contínuo labaredas, e à roda dela, um resplendor, e, do meio dele, isto é, do meio do fogo, saía um Ez 1.27;Ez 8.2como brilho de electro. 5 Do meio dessa nuvem, também saía a semelhança de Ez 10.15,17,20;Ap 4.6-8quatro criaturas viventes. Esta era a aparência delas, e nelas havia Ez 1.26a semelhança de homem. 6 Cada uma Ez 1.10;Ez 10.14,21tinha quatro rostos e cada uma, Ez 1.23quatro asas. 7 As suas pernas eram direitas, e a planta dos seus pés era como a planta dos pés dum bezerro; e luziam como o brilho de Ap 1.15;2.18latão polido. 8 Debaixo das suas asas, tinham Ez 10.8,21mãos de homens Ez 1.17;Ez 10.11aos quatro lados; assim todas quatro tinham os seus rostos e as suas asas. 9 As asas de cada uma uniam-se às de outra. Elas Ez 1.17não se viravam quando iam; Ez 1.12;Ez 10.22cada qual ia para adiante de si. 10 Quanto Ap 4.7à semelhança dos seus rostos, tinham Ez 10.14a semelhança de homem; à mão direita, tinham as quatro o rosto de leão; e, à mão esquerda, Ez 10.14o rosto de boi; também tinham o rosto de águia. 11 Os seus rostos e as suas Ez 10.16,19asas estavam separados em cima. Cada uma tinha duas asas unidas às de outra; Ez 1.23;Is 6.2e duas cobriam os seus corpos. 12 Ez 1.9Ia cada uma para adiante de si; Ez 1.20para onde o espírito havia de ir, iam; não se viravam, quando iam. 13 Quanto à semelhança das criaturas viventes, a sua aparência era como ardentes brasas Sl 104.4de fogo, como a de labaredas. O fogo movia-se entre as criaturas viventes; o fogo resplandecia, e do fogo saíam relâmpagos. 14 As criaturas viventes Zc 4.0corriam e voltavam como a aparência de um Mt 24.27;Lc 17.24raio.
15 Ora, quando eu estava olhando para as criaturas viventes, eis Ez 1.19-21uma roda sobre a terra junto a cada uma das criaturas viventes, aos seus quatro lados. 16 Ez 10.9-11A aparência das rodas e a obra delas era como o brilho de Ez 10.9;Dn 10.6berilo, e era uma só semelhança a dos quatro; a sua aparência e a sua obra eram como se estivera uma roda no meio de outra roda. 17 Quando iam, iam pelos seus quatro lados; Ez 1.9,12;Ez 10.11não se viravam, quando iam. 18 Quanto às suas pinas, eram altas e formidáveis; e as pinas das quatro eram Ez 10.12;Ap 4.6,8cheias de olhos ao redor. 19 Ez 10.16Quando as criaturas viventes iam, ao lado delas, iam as rodas; e, quando as criaturas viventes Ez 10.19se elevavam da terra, elevavam-se as rodas. 20 Ez 1.12Para onde o espírito havia de ir, iam elas; para lá, tinha de ir o espírito; e as rodas elevavam-se ao lado delas, porque o espírito da criatura vivente estava nas rodas. 21 Ez 10.17Quando aquelas iam, iam estas; quando aquelas paravam, paravam estas; e, quando aquelas se elevavam da terra, ao lado delas, elevavam-se as rodas, porque o espírito da criatura vivente estava nas rodas.
22 Ez 10.1Por cima das cabeças das criaturas viventes, havia a semelhança do firmamento, como o brilho do cristal terrível, estendido por cima, sobre as suas cabeças. 23 Debaixo do firmamento, as suas asas estavam direitas, uma de encontro à outra; e cada uma tinha Ez 1.6,11duas asas que lhe cobriam o corpo de um e de outro lado. 24 Quando elas iam, eu ouvia o ruído das suas asas, como Ez 43.2;Ap 1.15;19.6o ruído de grandes águas, como Ez 10.5a voz do Todo-Poderoso, 2Rs 7.6;Dn 10.6o ruído de tumulto, como o ruído de um exército; quando paravam, abaixavam as suas asas. 25 Ouvia-se uma voz por cima do Ez 1.22;Ez 10.1firmamento que estava por cima das suas cabeças; quando paravam, abaixavam as suas asas.
26 Sobre o firmamento que estava por cima das suas cabeças, havia a Ez 10.1;Is 6.1;Dn 7.9semelhança de trono, como a aparência de Êx 24.10;Is 54.11pedra de safira; e, sobre a semelhança do trono, havia uma semelhança, como a aparência de Ez 43.6-7;Ap 1.13homem. 27 Vi um Ez 1.4;Ez 8.2como brilho de electro, como a aparência de fogo por dentro em circunferência. Desde a aparência dos seus lombos e daí para cima e desde a aparência dos seus lombos e daí para baixo, vi uma como aparência de fogo, e Ez 1.4havia resplendor ao redor dele. 28 Como a aparência Gn 9.13;Ap 4.3;10.1do arco que se vê na nuvem no dia de chuva, assim era a aparência do resplendor em roda. Esta era a aparência Ez 3.23;8.4;10.18;11.22-23;43.4-5;Êx 24.16da semelhança da glória de Jeová. Quando a vi, Ez 3.23;Gn 17.3;Dn 8.17;Ap 1.17caí com o rosto em terra e ouvi uma voz de quem falava.