1 ဣသရေလအမျိုး ခရိုင်စုအမည်ကား၊ မြောက်ဘက်၌ ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက်၊ ဟာမတ်မြို့နယ် တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်လည်းကောင်း ဒန်ခရိုင်ရှိရမည်။ 2 ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။ 3 အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။ 4 နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှေခရိုင်ရှိရမည်။ 5 မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။ 6 ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။ 7 ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
8 ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ခရိုင်အလျားနှင့် ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာနရှိရမည်။ 9 ထာဝရဘုရားအား ပူဇော်ရသောမြေကွက်မူကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ 10 ထိုသန့်ရှင်းသော ပူဇော်သကာသည် ယဇ်ပရောဟိတ်ဖို့ ဖြစ်၍ မြောက်ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ အနံတစ်သောင်း၊ အရှေ့ဘက်၌ အနံတစ်သောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင်ကျယ်၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။ 11 ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသောအခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကိုအစဉ်ဆောင်၍ သန့်ရှင်းသော ဇာဒုတ်သား ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ 12 လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ အလွန်သန့်ရှင်းသောမြေ ဖြစ်ရမည်။ 13 ယဇ်ပုရောဟိတ် မြေအနားမှာလေဝိလူနေရာ မြေကွက်သည် အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ 14 ထိုမြေသည် ထာဝရဘုရားအဖို့သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသောဥစ္စာနှင့် မဖယ်လှယ်ရ။ အဖိုးနှင့် မရောင်းရ။
15 နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည်စရာဖို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။ 16 မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေးထောင်ငါးရာ၊ တောင်ဘက်၌ လေးထောင်ငါးရာ၊ အရှေ့ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေးထောင်ငါးရာရှိရမည်။ 17 မြို့နယ်ကား၊ မြောက်ဘက်၌ နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။ 18 သန့်ရှင်းသော မြေအနားမှာ အလျား၌ ကြွင်းသေးသော အရှေ့ဘက်၌ တစ်သောင်း၊ အနောက်ဘက်၌ တစ်သောင်း ကျယ်သောမြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဖို့ဖြစ်ရမည်။ 19 မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်းထဲက ရွေးကောက်ရမည်။ 20 ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ နှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။
21 ထိုသန့်ရှင်းသော ပူဇော်သကာမြေနှင့် မြို့နယ်နှစ်ဖက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဖို့ ဖြစ်ရမည်။ သန့်ရှင်းသောပူဇော်သကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာကျရမည်။ 22 ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဖက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှသည် မင်းသားအဖို့ဖြစ်ရမည်။
23 ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။ 24 ဗင်္ယာမိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရှိမောင်ခရိုင် ရှိရမည်။ 25 ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင် ရှိရမည်။ 26 ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင် ရှိရမည်။ 27 ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင် ရှိရမည်။ 28 ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။ 29 ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေခံစရာဖို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
30 မြို့မှထွက်ရာတံခါးများ ဟူမူကား၊ မြို့မြောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ 31 မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။ 32 မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ 33 မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ 34 မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ဗျာ၊ ၂၁:၁၂-၁၃။35 ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တစ်သောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့်သတည်း။
ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
1 Ora, Êx 1.1estes são os nomes das tribos: no extremo norte, ao longo do caminho de Ez 47.15Hetlom, para Ez 47.20quem vai a Ez 47.16Hamate, até Ez 47.17Hazar-Enom, que fica junto ao termo de Ez 47.16Damasco, para o norte e ao pé de Hamate (elas terão os seus limites ao oriente e ao ocidente), Js 19.40-48Dã terá uma porção. 2 Junto ao termo de Dã, desde o lado oriental até o ocidental, Js 19.24-31Aser terá uma porção. 3 Junto ao termo de Aser, desde o lado oriental até o ocidental, Js 19.32-39Naftali terá uma porção. 4 Junto ao termo de Naftali, desde o lado oriental até o ocidental, Js 13.29-31;17.1-11Manassés terá uma porção. 5 Junto ao termo de Manassés desde o lado oriental até o lado ocidental, Js 16.5-9;17.8-10,14-18Efraim terá uma porção. 6 Junto ao termo de Efraim, desde o lado oriental até o lado ocidental, Js 13.15-21Rúben terá uma porção. 7 Junto ao termo de Rúben, desde o lado oriental até o lado ocidental, Js 15.1-63;19.9Judá terá uma porção.
8 Junto ao termo de Judá, desde o lado oriental até o lado ocidental, será a Ez 45.1-3oblação que haveis de oferecer, de vinte e cinco mil canas de largura, e do comprimento que tem uma das porções, desde o lado oriental até o lado ocidental. Ez 45.3-4;Is 12.6;33.20-22O santuário estará no meio dela. 9 A oblação que haveis de oferecer a Jeová terá vinte cinco mil canas de comprido e dez mil de largura. 10 Para estes, a saber, para os Ez 44.28;45.4sacerdotes, será a santa oblação; para o norte vinte e cinco mil canas de comprimento; para o ocidente, dez mil de largura; para o oriente, dez mil de largura; e, para o sul, vinte e cinco mil de comprimento. Ez 48.8O santuário de Jeová estará no meio dela. 11 Será para os sacerdotes, que são santificados dentre Ez 40.46;44.15os filhos de Zadoque e que têm cumprido as funções por mim prescritas; os quais não se desviavam, quando os filhos de Israel se desviavam, como se desviaram Ez 44.10,12os levitas. 12 Ser-lhes-á uma oblação da oblação da terra, Ez 45.4coisa santíssima, junto ao termo dos levitas.
13 De conformidade com o Ez 45.3termo dos sacerdotes, os levitas terão vinte e cinco mil canas de comprimento e dez mil de largura; o comprimento todo será de vinte e cinco mil canas, e a largura, de dez mil. 14 Lv 25.32-34Não a venderão, nem a trocarão, nem serão alienadas as Ez 44.30primícias da terra, porque ela é santa a Jeová.
15 As cinco mil canas que restam de largura, defronte das vinte e cinco mil, serão para Ez 42.20;45.6uso comum, para a cidade, para habitação e para Ez 45.2arrabaldes; e a cidade estará no meio delas. 16 Estas serão as suas medidas: a banda do norte terá Ap 21.16quatro mil e quinhentas canas, a banda do sul, quatro mil e quinhentas, a banda do oriente, quatro mil e quinhentas, e a banda do ocidente, quatro mil e quinhentas. 17 A cidade terá Ez 45.2arrabaldes: para o norte, de duzentas e cinquenta canas; para o sul, de duzentas e cinquenta; para o oriente, de duzentas e cinquenta; e, para o ocidente, de duzentas e cinquenta. 18 O que ficar de resto no comprimento, de conformidade com a santa oblação, será de dez mil canas para o oriente e de dez mil para o ocidente; e será de conformidade com a santa Ez 48.8oblação; a sua novidade servirá de alimento para os que trabalham na cidade. 19 Os que trabalham na cidade, de Ez 45.6todas as tribos de Israel, o cultivarão. 20 A oblação toda terá vinte e cinco mil canas por vinte e cinco mil; haveis de oferecer a santa oblação Ez 48.16em quadrado, incluindo o que possui a cidade.
21 O que Ez 48.22;Ez 34.24;45.7restar será para o príncipe, duma e da outra banda da santa oblação e da possessão da cidade, defronte das vinte e cinco mil canas da oblação, em direção do termo oriental, e para o ocidente, defronte das vinte e cinco mil canas, em direção do termo ocidental, de conformidade com as porções, isso será para o príncipe; Ez 48.8,10a santa oblação e o santuário da casa estarão no meio deste espaço. 22 Também desde a possessão dos levitas e desde a possessão da cidade, no meio do que pertence ao príncipe, entre o termo de Judá e o termo de Benjamim, será para o príncipe.
23 Quanto ao Ez 48.1-7resto das tribos, desde o lado oriental até o lado ocidental, Js 18.21-28Benjamim terá uma porção. 24 Junto ao termo de Benjamim, desde o lado oriental até o lado ocidental, Js 19.1-9Simeão terá uma porção. 25 Junto ao termo de Simeão, desde o lado oriental até o lado ocidental, Js 19.17-23Issacar terá uma porção. 26 Junto ao termo de Issacar, desde o lado oriental até o lado ocidental, Js 19.10-16Zebulom terá uma porção. 27 Junto ao termo de Zebulom, desde o lado oriental até o lado ocidental, Js 13.24-28Gade terá uma porção. 28 Junto ao termo de Gade, ao lado sul para o sul, o termo será desde Ez 47.19;Gn 14.7;2Cr 20.2Tamar até as águas de Ez 47.19Meribá-Cades, até a torrente do Egito, até o Ez 47.10,15,19-20grande mar. 29 Esta é a Ez 47.13-20terra que repartireis em herança por sortes entre as tribos de Israel, e estas são as suas diversas porções, diz o Senhor Jeová.
30 Estas são Ez 48.31-34as saídas da cidade: Ez 48.32-34da banda do norte quatro mil e quinhentas canas por medida. 31 As portas da cidade tomarão Ap 21.12-13os nomes das tribos de Israel; três portas para o norte: a porta de Rúben, uma; a porta de Judá, uma; a porta de Levi, uma; 32 da banda do oriente, quatro mil e quinhentas canas e três portas: a porta de José, uma; a porta de Benjamim, uma; a porta de Dã, uma; 33 da banda do sul, quatro mil e quinhentas canas e três portas: a porta de Simeão, uma; a porta de Issacar, uma; a porta de Zebulom, uma; 34 da banda do ocidente, quatro mil e quinhentas canas, com as suas três portas: a porta de Gade, uma; a porta de Aser, uma; a porta de Naftali, uma. 35 O seu circuito será de dezoito mil canas; e, desde aquele dia, Jr 23.6;33.16o nome da cidade será Ez 35.10;Is 12.6;14.32;24.23;Jr 3.17;8.19;14.9;Jl 3.21;Zc 2.10;Ap 21.3;22.3Jeová Está Ali.