1 ထိုနောက်မှ အရှေ့ဘက်သို့မျက်နှာပြုသော တံခါးဝသို့ တစ်ဖန်ခေါ်သွား၏။ 2 ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတစ်ပြင်လုံး လင်း၏။ယေဇ၊၁၀:၃-၄၊ ၁၈-၁၉၊ ၁၁:၂၂-၂၃။ ဗျာ၊ ၁:၁၅။3 ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်းငှာ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဖူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။ 4 ထာဝရဘုရား၏ဘုန်းတော်သည် အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ၏။ 5 ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်းတံတိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တစ်အိမ်လုံးကို ဖြည့်တော်မူ၏။ 6 အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြားသည်ကား၊ 7 အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဖဝါး နင်းမြဲအရပ်၊ ဣသရေလအမျိုးသားတို့တွင် အစဉ်အမြဲ ငါ့နေရာအရပ် ဖြစ်၏။ ဣသရေလရှင်ဘုရင်များနှင့် အမျိုးသားများတို့သည် မှားယွင်းခြင်း အားဖြင့်လည်းကောင်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်လည်းကောင်း မြင့်ရာအရပ်တို့၌ ငါ၏နာမတော်မြတ်ကို နောက်တစ်ဖန် မရှုတ်ချရကြ။ 8 သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာလည်းကောင်း၊ သူတို့တိုင်ကိုလည်း ငါ့တိုင်အနားမှာလည်းကောင်း တည်စိုက်လျက်၊ ငါနှင့် သူတို့စပ်ကြားမှာ နံရံတစ်ခုတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော်မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။ 9 ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှားကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။ 10 အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှာ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့တိုင်းကြစေလော့။ 11 သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာဝင်ရာ တံခါးဝများ၊ ကျင့်ရသမျှသောထုံးစံများ၊ စီရင်ထုံးဖွဲ့ချက် တရားအလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံများနှင့် စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို ကျင့်စောင့်စေခြင်းငှာ သူတို့ရှေ့မှာ ရေးထားလော့။ 12 တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏တရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏တရားပေတည်း။
13 ယဇ်ပလ္လင်အတိုင်း အရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဖိနပ်အမြင့်တစ်တောင်၊ အကျယ်တစ်တောင်၊ ပတ်လည်အနားပတ် အကျယ်တစ်ထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။ထွ၊ ၂၇:၁-၂။ ၆ရာ၊၄:၁။14 အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တစ်တောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီးသောအထစ်သည် လေးတောင်ကွာ၍ အကျယ်တစ်တောင် ရှိရမည်။ 15 ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရမည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။ 16 ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တစ်ဆယ်နှစ်တောင်၊ အနံလည်း တစ်ဆယ်နှစ်တောင် ရှိရမည်။ 17 အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တစ်ဆယ်လေးတောင်၊ အနံလည်း တစ်ဆယ်လေးတောင် ရှိရမည်။ အနားပတ်သည်လည်း အကျယ်တစ်ထွာရှိရမည်။ ဖိနပ်သည် ယဇ်ပလ္လင်ပတ်လည်၌ တစ်တောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာပြုရမည်။
18 တစ်ဖန် အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန်းဖို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရားဟူမူကား၊ 19 အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သား ယဇ်ပုရောဟိတ်တို့အား အပြစ်ဖြေရာယဇ်ဖို့၊ ပျိုသောနွားထီးတစ်ကောင်ကို အပ်ရမည်။ 20 နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသောအားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။ 21 အပြစ်ဖြေရာယဇ်ဖို့ နွားကောင်ကိုယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသောအရပ်၌ မီးရှို့ရမည်။ 22 ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ်ကိုယူ၍၊ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။ ယဇ်ပလ္လင်ကို နွားအသွေးနှင့် သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်းစေရမည်။ 23 ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကို ထာဝရဘုရား ရှေ့တော်၌ ပူဇော်ရမည်။ 24 ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဖို့ မီးရှို့၍ ပူဇော်ရမည်။ 25 ခုနစ်ရက်ပတ်လုံး တစ်နေ့တစ်နေ့လျှင်၊ ဆိတ်တစ်ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ်မရှိ၊ ပျိုသောနွားထီးတစ်ကောင်နှင့် သိုးထီးတစ်ကောင်ကိုလည်း ပူဇော်ရမည်။ 26 ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်းစင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။ 27 ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌လည်းကောင်း၊ ထိုနေ့မှစ၍လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိတ်သဟာယယဇ်များကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ထွ၊ ၂၉:၃၅-၃၇။
1 Depois, me levou à Ez 42.4;Ez 10.19;40.6;42.15;44.1;46.1porta, a saber, à porta que olha para o oriente; 2 eis que vinha do caminho do Ez 11.23oriente a Ez 1.28;3.23;10.18-19;Is 6.3glória do Deus de Israel; a sua Ez 1.24;Ap 1.15;14.2voz era como o ruído de muitas águas, e a terra Ez 1.28;10.4;Ap 18.1resplandecia com a glória dele. 3 A aparência da Ez 1.4-28visão era como a aparência da visão que tive, sim, como a visão que tive quando vim a Ez 9.1,5;32.18;Jr 1.10destruir a cidade; e as visões eram como a visão que tive junto ao Ez 1.3;10.20rio Quebar; Ez 1.28;3.23e prostrei-me com o rosto em terra. 4 A glória de Jeová entrou na casa pelo caminho da porta que olha para o Ez 43.2;Ez 10.19;11.23oriente. 5 O Ez 3.14;8.3;11.1-24;2Co 12.2-4Espírito levantou-me e introduziu-me no átrio interior; e eis que a Ez 10.4glória de Jeová enchia a casa.
6 Ouvi um falando comigo de dentro da casa; Ez 1.26e um homem achava-se de pé junto de mim. 7 E disse-me: Filho do homem, este é o lugar do meu Ez 1.26;Sl 47.8trono e o lugar das plantas dos meus pés, onde Ez 37.26,28habitarei para sempre no meio dos filhos de Israel; os da casa de Israel não contaminarão mais o meu santo nome, nem eles, nem os seus reis, pelas suas fornicações e pelos Ez 6.5,13cadáveres dos seus reis nos seus Ez 20.29-30altos, 8 pondo o seu limiar ao pé do meu limiar, e as suas ombreiras, ao pé das minhas ombreiras, e havendo só um muro entre mim e eles. Ez 8.3,16Contaminaram o meu santo nome pelas abominações que têm cometido, pelo que os consumi na minha ira. 9 Agora, Ez 18.30-31lancem eles para longe de mim as suas fornicações e os cadáveres dos seus reis, e Ez 43.7;Ez 37.26-28eu habitarei para sempre no meio deles.
10 Tu, filho do homem, Ez 40.4mostra a casa aos da casa de Israel, para que Ez 43.11;Ez 16.61,63se envergonhem das suas iniquidades e meçam o modelo. 11 Se se envergonharem de tudo quanto têm feito, faze-lhes saber a forma da casa, e a sua figura, e as suas Ez 44.5saídas, e as suas entradas, e todas as suas formas, e todas as suas ordenanças, e todas as suas formas, e todas as suas leis; escreve-as Ez 12.3à vista deles, para que guardem toda a sua forma e todas as suas ordenanças e Ez 11.20;36.27as observem. 12 Esta é a lei da casa; sobre o cume do Ez 40.2;42.20monte, todo o seu termo ao redor será santíssimo. Eis que esta é a lei da casa.
13 Estas são as medidas do Êx 27.1-8;2Cr 4.1altar aos cúbitos (Ez 40.5;41.8o cúbito é um cúbito e um palmo); o fundo será dum cúbito, e a largura dum cúbito, e a sua borda junto à sua extremidade ao redor, dum palmo. Esta será a base do altar. 14 Desde o fundo sobre o chão até a Ez 43.17,20;Ez 45.19seção inferior, será de dois cúbitos, e a largura dum cúbito; e desde a seção menor até a seção maior, será de quatro cúbitos, e a largura dum cúbito. 15 O Harel será de quatro cúbitos; e desde o Ariel e de lá para cima se levantarão quatro Êx 27.2;Lv 9.9;1Rs 1.50;Sl 118.27chifres. 16 O Ariel terá doze cúbitos de comprimento e doze de largura, Êx 27.1quadrado nos seus quatro lados. 17 A seção terá quatorze cúbitos de comprimento e quatorze de largura nos seus quatro lados; e a borda ao redor dela será de meio cúbito; o fundo dela será dum cúbito ao redor; e os seus Êx 20.26degraus Ez 40.6olharão para o oriente.
18 E disse-me: Ez 2.1Filho do homem, assim diz o Senhor Jeová: Estas são as ordenanças do altar no dia em que o fizerem, para oferecerem sobre ele Êx 40.29holocaustos e Lv 1.5,11;Hb 9.21-22para aspergirem sobre ele sangue. 19 Aos sacerdotes levitas que são da linhagem de Ez 40.46;44.15;1Rs 2.35Zadoque, os quais estão Nm 16.5,40perto de mim, para me servirem, diz o Senhor Jeová, darás um Ez 43.23;Ez 45.18-19;Lv 4.3bezerro para uma Hb 7.27oferta pelo pecado. 20 Tomarás do sangue dele e pô-lo-ás sobre os quatro Ez 43.15;Lv 8.15;9.9chifres do altar, e sobre os quatro cantos Ez 43.14,16-17da seção, e sobre a borda em roda; assim, Ez 43.22,26;Lv 16.19o purificarás e o expiarás. 21 Também tomarás o novilho da oferta pelo pecado, e ele o Êx 29.14;Lv 4.12;Hb 13.11queimará no lugar da casa para isso designado, fora do santuário. 22 No segundo dia, oferecerás um Ez 43.25bode sem mancha como uma oferta pelo pecado; Ez 43.20,26e purificarão o altar, como o purificaram com o novilho. 23 Quando tiveres acabado de o purificar, oferecerás um Êx 29.1,10;Ez 45.18bezerro sem mancha e um Êx 29.1carneiro sem mancha do rebanho. 24 Fá-lo-ás chegar perante Jeová, e os sacerdotes deitarão Lv 2.13;Nm 18.19;Mc 9.49-50;Cl 4.6sal sobre eles e os oferecerão em holocausto a Jeová. 25 Por Êx 29.35-37;Lv 8.33,35sete dias, prepararás cada dia um bode como uma oferta pelo pecado; também prepararão um bezerro e um carneiro sem mancha do rebanho. 26 Por sete dias, expiarão o altar e o purificarão; assim, o consagrarão. 27 Tendo eles completado os dias, ao Lv 9.1oitavo dia, e dali em diante, os sacerdotes oferecerão os vossos holocaustos sobre o altar e as vossas Lv 3.1;17.5ofertas pacíficas; e eu vos Ez 20.40aceitarei, diz o Senhor Jeová.