1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂။ အာ၊ ၁:၁၃-၁၅။ ဇေ၊ ၂:၈-၁၁။2 အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ 3 ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကိုလည်းကောင်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသရေလပြည်ကိုလည်းကောင်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊ 4 သင့်ကို အရှေ့ပြည်သားတို့အား ငါအပိုင်ပေးမည်။ သူတို့သည် သင်၏အထဲ၌ ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီးအနှံကိုစား၍ သင်၏နို့ကိုသောက်ကြလိမ့်မည်။ 5 ရဗ္ဗာမြို့ကို ကုလားအုတ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာငါဖြစ်စေမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ 6 သင်သည် ဣသရေလပြည်ကို မနာလိုသောစိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်းကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊ 7 ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဖို့ရာအပ်မည်။ လူနေရာအတိုင်းတိုင်းအပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
8 တစ်ဖန် မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟုဆိုသောကြောင့်၊ဟေရှာ၊ ၁၅:၁—၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။ 10 ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင် မမှတ်ရ။ 11 မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
12 တစ်ဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှာ၊ ယုဒအမျိုးတစ်ဖက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊ဟေရှာ၊၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။ မာလ၊၁:၂-၅။13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့် တိရစ္ဆာန်တို့ကိုပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ဓားဖြင့်ဆုံးရကြလိမ့်မည်။ 14 ငါ၏လူဣသရေလအမျိုးသားများအားဖြင့်၊ ဧဒုံပြည်ကိုငါ၏ ချင်ရဲပြေစေခြင်းငှာ ဒဏ်ပေးမည်။ သူတို့သည် ငါ၏အမျက်အရှိန် အားကြီးသည်အတိုင်း ဧဒုံပြည်ကိုပြုကြလိမ့်မည်။ ငါပေးသောအပြစ်ဒဏ်ကိုသိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
15 တစ်ဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှာ အပြစ်ဒဏ်ပေးသောကြောင့်၊ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။16 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါတိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီးမည်။ 17 ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသောအပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ ငါ၏ချင်ရဲပြေစေခြင်းငှာဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
1 Veio a mim a palavra de Jeová, dizendo: 2 Filho do homem, Ez 6.2;13.17;20.46olha para Ez 21.20,28;Gn 19.38;Nm 21.24;Jr 27.3;Am 1.13;Sf 2.8os filhos de Amom e profetiza contra eles. 3 Dize aos filhos de Amom: Ouvi a palavra do Senhor Jeová: Porquanto disseste: Ez 25.6;Ez 21.28;26.2;36.2;Sl 70.2-3Ah! Contra o meu santuário quando foi profanado, e contra a terra de Israel quando foi desolada, e contra a casa de Judá, quando foram ao cativeiro, 4 por isso eis que Ez 21.31te entregarei aos Jz 6.3,33;1Rs 4.30filhos do Oriente para lhes seres uma possessão, e em ti estabelecerão os seus aduares, e porão em ti as suas moradas. Eles Dt 28.33,51;Is 1.7comerão os teus frutos e eles beberão o teu leite. 5 De Ez 21.20;Dt 3.11;2Sm 12.26;Jr 49.2Rabá farei uma estrebaria de camelos e, dos filhos de Amom, um Is 17.2;Sf 2.14curral de rebanhos; e sabereis que eu sou Jeová. 6 Pois assim diz o Senhor Jeová: Porque Jó 27.23;Na 3.19aplaudiste com as mãos, e Ez 6.11bateste com os pés, e, com todo o despeito do teu coração, Sf 2.8,10;Ob 12te alegraste contra a terra de Israel, 7 portanto eis que Ez 25.13,16;Sf 1.4estendi a minha mão contra ti e te darei por Ez 26.5;Is 33.4despojo às nações; Ez 21.32exterminar-te-ei dentre os povos Am 1.14-15e te farei perecer dentre os países; destruir-te-ei, e Ez 6.14saberás que eu sou Jeová.
8 Assim diz o Senhor Jeová: Porquanto dizem Gn 19.37;36.35;Êx 15.15;Is 11.14;15.1;Jr 9.26Moabe e Ez 35.2;Gn 14.6;Dt 2.4,29Seir: Eis Is 36.18-20que a casa de Judá é como todas as nações; 9 portanto eis que abrirei o lado de Moabe desde as cidades, sim, desde as suas cidades que estão pela banda das suas fronteiras, a glória do país, Nm 33.49;Js 12.3;13.20Bete-Jesimote, Nm 32.3,38;Js 13.17;1Cr 5.8;Jr 48.23Baal-Meom e Nm 32.37;Js 13.19;Jr 48.1-23Quiriataim; 10 abri-lo-ei Ez 25.4aos filhos do Oriente para irem contra os filhos de Amom e destes farei uma possessão, para que não haja mais memória dos filhos de Amom entre as nações. 11 Também Ez 5.15;11.9executarei juízos sobre Moabe, e saberão que eu sou Jeová.
12 Assim diz o Senhor Jeová: Porquanto Lm 4.21-22Edom se houve Ez 35.2-3;36.5;Am 1.11;Ob 10-16vingativamente contra a casa de Judá, e cometeu graves ofensas, e se vingou deles, 13 portanto assim diz o Senhor Jeová: Estenderei a minha Jr 49.8,13mão sobre Edom e dele Ez 29.8;Ml 1.3-4exterminarei homens e animais; fá-lo-ei desolado desde Gn 36.34;Jr 49.7;Am 1.12Temã, e até Jr 25.23;49.8Dedã cairão pela espada. 14 Porei a minha Ez 32.29vingança sobre Edom pela mão do meu povo de Israel; farão em Edom segundo a minha Ez 35.11ira e segundo o meu furor; e conhecerão a minha vingança, diz o Senhor Jeová.
15 Assim diz o Senhor Jeová: Porquanto os filisteus se houveram Ez 25.6,12;Is 14.29-31;Jl 3.4vingativamente e executaram vingança com despeito de alma, para destruírem com perpétua inimizade; 16 portanto assim diz o Senhor Jeová: Eis que estenderei Jr 25.20;47.1-7a minha mão sobre os filisteus, e exterminarei os 1Sm 30.14;Sf 2.5quereteus, e destruirei as relíquias da costa do mar. 17 Deles Ez 5.15tomarei grandes vinganças com furiosas repreensões; saberão que eu sou Jeová, quando eu tiver exercitado a minha vingança sobre eles.