1 သက္ကရာဇ် ခုနစ်ခု၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရားကို မေးလျှောက်ခြင်းငှာလာ၍ ငါ့ရှေ့မှာထိုင်နေကြ၏။ 2 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 3 အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှာ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။ 4 အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြောလော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဖူးသော စက်ဆုပ်ရွံရှာဖွယ်အမှုကို ဖော်ပြ၍၊ 5 အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးကို ငါရွေးကောက်၍၊ အဲဂုတ္တုပြည်၌ သူတို့အား ထင်ရှားလျက်၊ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ ယာကုပ်အမျိုးသားတို့အား ကျိန်ဆိုသည်ကာလ၊ထွ၊ ၆:၂-၈။6 သူတို့ကို အဲဂုတ္တုပြည်မှ ငါနုတ်ပြီးလျှင်၊ ပြည်တကာတို့၏ အထွတ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဖို့ငှာ ကြည့်ရှုသော ပြည်သို့ဆောင်သွားခြင်းငှာ ကျိန်ဆိုသောအခါ၊ 7 သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊ 8 သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးအသီးဖူးမြင်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကိုလည်းကောင်း၊ အဲဂုတ္တုရုပ်တုတို့ကိုလည်းကောင်း၊ မစွန့်ပစ်ဘဲနေကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ဝတ်၊ ၁၈:၅။9 သို့ရာတွင်၊ သူတို့နေသော တစ်ပါးအမျိုးသားတို့ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လေ၏။
10 အဲဂုတ္တုပြည်မှနုတ်ဆောင်၍ တောသို့ရောက်သောအခါ၊ 11 ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဖော်ပြ၏။ဝတ်၊ ၁၈:၅။12 ထိုမှတစ်ပါး၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှာ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။ထွ၊ ၃၁:၁၃-၁၇။13 သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။ 14 သို့ရာတွင်၊ ငါနုတ်ဆောင်ခြင်းကျေးဇူးကိုမြင်သော တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်လေ၏။ 15 တစ်ဖန်၊ ပြည်တကာတို့၏ အထွတ်ဖြစ်၍ နို့နှင့် ပျားရည်စီးသောပြည်၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှာ၊ တော၌ ငါကျိန်ဆို၏။တော၊ ၁၄:၂၆-၃၅။16 အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကိုငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ 17 သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသောကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှာမပြု။
18 သားမြေးတို့အားလည်း၊ သင်တို့၏ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။ 19 ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။ 20 ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ သင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့ဟု ငါဆို၏။ 21 သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေခြင်းငှာ၊ တောထဲမှာ ငါ၏အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။ 22 သို့ရာတွင်၊ ငါနုတ်ဆောင်ခြင်းကျေးဇူးကို သိမြင်သော တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် သည်းခံလျက်နေ၏။ 23 တစ်ဖန် ငါသည် သူတို့ကို အတိုင်းတိုင်းအပြည်ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှာ တော၌ကျိန်ဆို၏။ဝတ်၊ ၂၆:၃၃။24 အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ 25 ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက်မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။ 26 ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော်သကာများအားဖြင့် ငါညစ်ညူးစေ၏။
27 သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ်ပြစ်မှား၍ ရှုတ်ချကြသည်တကား။ 28 သူတို့အားပေးခြင်းငှာ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ကို ကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သောအလှူဒါနကိုတင်ခြင်း၊ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အရည်ပူဇော်သကာ သွန်းလောင်းခြင်းတို့ကို ပြုကြ၏။ 29 ငါကလည်း၊ သင်တို့သွားတတ်သော မြင့်ရာအရပ်ကား၊ အဘယ်သို့နည်းဟု မေးသော်လည်း၊ ယနေ့တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည်ဖြင့် သမုတ်ကြ၏။
30 သို့ဖြစ်၍၊ သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့သည် ဘိုးဘေးတို့ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြု၍ မှားယွင်းလျက်၊ 31 ပူဇော်သကာ ပြုသဖြင့်လည်းကောင်း၊ ကိုယ်သားတို့ကိုမီးဖြင့် ပူဇော်သဖြင့်လည်းကောင်း၊ ယနေ့တိုင်အောင် ရုပ်တုအပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက်ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။ 32 ငါတို့သည် တစ်ပါးအမျိုးသားကဲ့သို့လည်းကောင်း၊ သစ်သားဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သားများ ကဲ့သို့လည်းကောင်း ဖြစ်မည်ဟု၊ သင်တို့ကြံစည်သည်အတိုင်း အကြံမမြောက်ရ။
33 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသောလက်၊ ဆန့်သောလက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။ 34 သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ကို အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်နှင့် ငါဆောင်ခဲ့၍ စုဝေးစေမည်။ 35 လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကျ တရားတွေ့မည်။ 36 အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရားတွေ့မည်။ 37 နှင်တံအောက်မှာ လျှောက်သွားစေ၍၊ ပဋိညာဉ်အချည်အနှောင်ကို ခံစေမည်။ 38 ငါ့ကိုပုန်ကန်၍ ပြစ်မှားသောသူတို့ကို သင်တို့ထဲကနုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
39 အို ဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သွားကြလော့။ အသီးအသီး မိမိတို့ရုပ်တုများကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တစ်ဖန် ငါ့စကားကိုနားမထောင်သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။ 40 အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလအမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အားဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်းလက်ခံ၍၊ ထိုအရပ်၌ သင်တို့ပြုသောပူဇော်သကာများ၊ အဦးသီးသော အသီးတွင် ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။ 41 သင်တို့သည် ကွဲပြားလျက်နေသော အတိုင်းတိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့် တစ်ပါးအမျိုးသားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။ 42 သင်တို့၏ ဘိုးဘေးတို့အားပေးခြင်းငှာ၊ ကျိန်ဆိုသော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 43 သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှုရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။ 44 အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ဒုစရိုက်များ၊ သင်တို့ဆိုးညစ်သော အကျင့်များနှင့်အညီ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ်နာမကိုထောက်၍ စီရင်သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
45 တစ်ဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 46 အချင်းလူသား၊ တောင်ဘက်သို့မျက်နှာပြုလျက်၊ တောင်မျက်နှာတစ်ဖက်၌ မြွက်ဆို၍၊ တောင်ပြည်၌ရှိသော တောတစ်ဖက်၌ ဟောပြောလော့။ 47 အရှင်ထာဝရဘုရား၏အမိန့်တော်ကို တောင်ပြည်၌ရှိသောတောအား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက်သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင် မြေတစ်ပြင်လုံးလောင်လိမ့်မည်။ 48 ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို၊ သတ္တဝါအပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည်မငြိမ်းရဟု မိန့်တော်မူ၏။ 49 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည် ပုံပမာကိုသာဆောင်၍ ဟောပြောတတ်သည်မဟုတ်လောဟု၊ အကျွန်ုပ်ကိုရည်မှတ်၍ ဆိုတတ်ကြပါသည်ဟု လျှောက်လေ၏။
1 Ez 1.1-2;8.1;24.1No sétimo ano, no quinto mês, aos dez dias do mês, vindo alguns Ez 8.1,11-12;9.6anciãos de Israel a consultar a Jeová, Ez 8.1;14.1;Lc 8.35;At 22.3sentaram-se diante de mim. 2 Veio a mim a palavra de Jeová, dizendo: 3 Filho do homem, fala aos anciãos de Israel e dize-lhes: Assim diz o Senhor Jeová: Acaso, sois vós vindos Ez 20.31;Ez 14.3a consultar-me? Pela minha vida, diz o Senhor Jeová, Ez 14.3-4,7,8;1Sm 28.6;Is 1.15;Mq 3.7não me deixarei ser consultado de vós. 4 Acaso, os julgarás, filho do homem; acaso, os julgarás? Ez 16.2;22.2Faze-os conhecer as abominações de seus pais 5 e dize-lhes: Assim diz o Senhor Deus: No dia em que Êx 6.6-8escolhi a Israel, e levantei a minha mão para a estirpe da casa de Jacó, e me dei a conhecer a eles na terra do Egito, quando levantei a minha mão para eles, dizendo: Êx 6.2-3Eu sou Jeová vosso Deus, 6 naquele dia, levantei a minha mão para eles, Ez 20.15jurando Êx 3.6-8que eu os tiraria da terra do Egito para uma terra que lhes tinha espiado, Êx 13.5;33.3que mana leite e mel, a qual é a glória de todas as terras. 7 Disse-lhes: Êx 20.4-5;22.20Lançai de vós, cada um as abominações dos seus olhos, Lv 18.3;Dt 29.16,18e não vos contamineis com os ídolos do Egito; eu Êx 20.2sou Jeová, vosso Deus. 8 Dt 9.7;Is 63.10Mas rebelaram-se contra mim e não me quiseram ouvir; não lançaram de si cada um as Ez 6.9;14.6abominações dos seus olhos, nem abandonaram os Êx 32.1-9ídolos do Egito; então, eu disse que Ez 20.13,21;Ez 5.13;7.8derramaria o meu furor contra eles, para cumprir contra eles a minha ira no meio da terra do Egito. 9 Mas o fiz Ez 20.14,22;Ez 36.21-22;Êx 32.11-14por amor do meu nome, para que ele Ez 39.7não fosse profanado à vista das nações no meio das quais estavam, Js 2.10;9.9-10;1Sm 4.8a cujos olhos eu me dei a conhecer a eles, tirando-os da terra do Egito.
10 Assim, os fiz sair da terra do Egito e os trouxe para Êx 19.1o deserto. 11 Dei-lhes os meus Êx 20.1—23.33estatutos e mostrei-lhes os meus juízos, os quais, se Ez 20.13;Lv 18.5os observar o homem, viverá por eles. 12 Demais, lhes dei também os meus sábados para servirem de Ez 20.20;Êx 31.13,17sinal entre mim e eles, a fim de que soubessem que eu sou Jeová que os santifica. 13 Mas a casa de Israel Ez 20.8;Nm 14.11-12,22rebelou-se contra mim no deserto; Ez 20.16,24;Lv 26.15,43;Am 2.4não andaram nos meus estatutos e rejeitaram os meus juízos, Ez 20.11os quais, se os observar o homem, viverá por eles; e profanaram grandemente Ez 20.21;Is 56.6os meus sábados. Então, eu disse que Ez 20.8,21;Êx 32.10;Dt 9.8derramaria o meu furor sobre eles no deserto, para os consumir. 14 Porém o fiz Ez 20.9,22;Ez 36.22-23;Nm 14.21por amor do meu nome, para que ele não fosse profanado à vista das nações a cujos olhos os fiz sair. 15 Demais, levantei também as minhas mãos para eles no deserto, Ez 20.6,23;Nm 14.22-23;Sl 95.11;Hb 3.11,18jurando que eu não os introduziria na terra que lhes havia dado, que mana leite e mel, a qual é a glória de todas as terras; 16 porque Ez 20.13rejeitaram os meus juízos, e não andaram nos meus estatutos, e profanaram os meus sábados. Pois o seu Ez 20.8;Ez 11.21;14.3-7coração ia após os seus ídolos. 17 Não obstante, os meus Ez 8.18;9.10;Nm 14.20olhos os pouparam, para não os destruir, nem Ez 11.13;Jr 4.27;5.18os acabei de todo no deserto.
18 Eu disse a seus Nm 14.31;Dt 4.3-6filhos no deserto: Zc 1.4Não andeis nos estatutos de vossos pais, nem observeis os seus juízos, Ez 20.7nem vos contamineis com os seus ídolos. 19 Eu Êx 6.7;20.2sou Jeová, vosso Deus. Ez 20.13,16Andai nos meus estatutos, e guardai os meus juízos, e praticai-os; 20 Ez 20.12santificai os meus sábados, e eles servirão de sinal entre mim e vós para que saibais que eu sou Jeová, vosso Deus. 21 Nm 21.5;25.1-3Os filhos, porém, Ez 20.8,13rebelaram-se contra mim; Ez 20.13,16não andaram nos meus estatutos, nem guardaram os meus juízos para os praticarem, os quais, se os observar o homem, viverá por eles; profanaram os meus sábados. Então, eu disse que Ez 20.8,13eu derramaria sobre eles o meu furor, para cumprir contra eles a minha ira no deserto. 22 Não obstante, Ez 20.17;Jó 13.21;Sl 78.38retirei a minha mão, e o fiz Ez 20.9,14;Is 48.9-11;Jr 14.7,21por amor do meu nome, para que ele não fosse profanado à vista das nações Ez 20.9,14a cujos olhos os fiz sair. 23 Demais, levantei eu a minha mão para eles no deserto, Ez 20.6,15jurando que os Lv 26.33;Dt 4.27;28.64espalharia entre as nações e os dispersaria pelos países; 24 porque Ez 20.13,16não tinham executado os meus juízos, mas tinham rejeitado os meus estatutos, profanado os meus sábados, e os seus olhos iam após os ídolos de seus pais. 25 Ainda mais: dei-lhes também eu estatutos Sl 81.12;Is 66.4;Rm 1.21-25,28que não eram bons, juízos pelos quais não haviam de viver; 26 e Ez 20.30;Lv 18.21;20.2-5;Is 63.17;Rm 11.8os contaminei nos seus próprios dons, porquanto Jr 7.31;19.4-9faziam passar pelo fogo todos os que abrem a madre, para que eu os fizesse desolados, Ez 20.12,20;Ez 6.7a fim de saberem eles que eu sou Jeová.
27 Portanto, filho do homem, Ez 2.7;3.4,11,27fala à casa de Israel e dize-lhes: Assim diz o Senhor Jeová: Ainda nisso me Nm 15.30;Rm 2.24blasfemaram vossos pais, que Ez 18.24;39.23,26cometeram contra mim uma transgressão. 28 Pois, tendo-os Js 23.3,14;Ne 9.22-26;Sl 78.55eu introduzido na terra a respeito da qual levantei a minha mão, Ez 20.6jurando que lha daria a eles, então, olharam para todos os Ez 6.13;1Rs 14.23;Sl 78.58;Is 57.5-7;Jr 2.7;3.6outeiros altos e todas as árvores frondosas, e ali ofereceram os seus sacrifícios, e ali apresentaram a provocação das suas ofertas. Também ali puseram os seus Ez 16.19suaves cheiros e ali derramaram as suas libações. 29 Eu lhes disse: Que significa Ez 16.16;43.7o alto a que vós ides? Assim, o seu nome ficou sendo Bamá até hoje. 30 Pelo que dize à casa de Israel: Assim diz o Senhor Jeová: Acaso, Ez 20.43vós vos contaminais a vós mesmos segundo a maneira de Jz 2.19;Jr 7.26;16.12vossos pais? E ides vós fornicando após as suas abominações? 31 Ao oferecerdes os vossos dons, quando fazeis Ez 20.26;Ez 16.20;Sl 106.37-39;Jr 7.31passar pelo fogo vossos filhos, vós vos contaminais com todos os vossos ídolos até o dia de hoje. Hei eu de Ez 20.3;Ez 14.3;2Rs 3.13-14;Jr 14.12;Zc 7.13ser consultado por vós, ó casa de Israel? Pela minha vida, diz o Senhor Jeová, não serei consultado de vós; 32 o que entra na vossa mente Ez 16.16de maneira alguma sucederá; pois vós dizeis: Seremos como as nações, como as famílias dos países, Jr 2.25;44.17servindo ao pau e à pedra.
33 Pela minha vida, diz o Senhor Jeová, certamente, com Ez 16.27;25.7,13,16;Jr 21.5mão forte, com braço estendido e com furor derramado, hei de ser Jr 51.57rei sobre vós; 34 Ez 20.38;Ez 34.16;Is 27.12-13tirar-vos-ei dos povos e vos ajuntarei dos países em que vos achais espalhados, com mão forte, com braço estendido e com Jr 42.18;44.6;Lm 2.4furor derramado; 35 levar-vos-ei Ez 20.36;Ez 19.13;Os 2.14ao deserto dos povos e ali, face a face, entrarei em juízo convosco. 36 Bem como Ez 20.13,21;Nm 11.1-35;Sl 106.15;1Co 10.5-10entrei em juízo com vossos pais Dt 32.10no deserto da terra do Egito, assim entrarei em juízo convosco, diz o Senhor Jeová. 37 Far-vos-ei Lv 27.32;Jr 33.13passar debaixo da vara e vos Ez 16.60,62;Lv 26.25;Sl 89.30-32farei entrar no vínculo da aliança; 38 Ez 34.17-22;Am 9.9-10;Zc 13.8-9;Ml 3.3;4.1-3separarei dentre vós os rebeldes e os que contra mim transgridem; da terra das suas peregrinações os farei sair, porém Ez 20.15-16;Ez 13.9;Nm 14.29-30;Sl 95.11;Hb 4.3eles não entrarão na terra de Israel; e sabereis que eu sou Jeová. 39 Quanto a vós, ó casa de Israel, assim diz o Senhor Jeová: Jr 44.25-26Ide, servi cada um de vós os seus ídolos; contudo, mais tarde me ouvireis e Ez 23.38-39;43.7;Is 1.13-15não profanareis mais o meu santo nome com os vossos dons e com os vossos ídolos.
40 Pois no meu santo Ez 17.23;40.2;43.12;Mq 4.1-2monte, no monte alto de Israel, diz o Senhor Jeová, ali me servirá Ez 37.22,24;Is 66.23toda a casa de Israel, toda ela, na terra. Ali, os Ez 43.12,27;Is 56.7;60.7aceitarei e ali requererei as vossas ofertas e as primícias das vossas oblações, juntamente com todas as vossas coisas santas. 41 Como Ez 20.28suave cheiro, Ez 11.17;28.25;Is 27.12-13vos aceitarei, quando eu vos tirar dos povos e vos ajuntar dos países em que tendes sido espalhados; eu serei Ez 28.25;36.23;Is 5.16santificado em vós à vista das nações. 42 Ez 20.38,44Sabereis que eu sou Jeová, quando Ez 34.13,27;37.21eu vos introduzir na terra de Israel, Ez 20.6,15no país a respeito do qual levantei a minha mão, jurando que o daria a vossos pais. 43 Ali, Ez 6.9;16.61,63;Os 5.15vos lembrareis dos vossos caminhos e de todos os vossos feitos pelos quais vos tendes contaminado a vós mesmos; Ez 36.31;Jr 31.18;Zc 12.10e tereis nojo em vós por causa de todas as vossas maldades que tendes cometido. 44 Ez 20.38Sabereis que eu sou Jeová, quando o tiver feito Ez 20.9,14,22por amor do meu nome Ez 36.22,32e não conforme os vossos maus caminhos, nem conforme os vossos feitos corruptos, ó casa de Israel, diz o Senhor Jeová.
45 Veio a mim a palavra de Jeová, dizendo: 46 Filho do homem, Ez 4.7;6.2olha para o Ez 21.4;Jr 13.19Sul, e Ez 21.2;Am 7.16;Mq 2.6deixa cair a tua palavra para o Sul, e profetiza contra o Is 30.6-11bosque do campo do Neguebe. 47 Dize ao bosque do Neguebe: Ouve a palavra de Jeová: Assim diz o Senhor Jeová: Eis que Is 9.18-19;Jr 21.14acenderei em ti um fogo que devorará em ti toda Ez 17.24árvore verde e toda árvore seca; não se apagará a chama flamejante, e por ela serão queimados Is 13.8todos os rostos desde o Sul até o Norte. 48 Toda a carne verá que eu, Jeová, acendi o fogo; Jr 7.20;17.27não se apagará. 49 Então, disse eu: Ah! Senhor Jeová! Eles dizem de mim: Não é ele fazedor de Ez 17.2;Mt 13.13-14;Jo 16.25parábolas?