1 ထိုနောက်မှ ရှင်ဘုရင်အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍မြင့်မြတ်သော နေရာကို ပေးတော်မူ၏။ 2 နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန်ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။ 3 နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ်ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း၊ 4 မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန်ပြော၍၊ သူတို့စကားကို နားမထောင်သောကြောင့်၊ သူတို့သည် မော်ဒကဲစကားတည်မည်၊ မတည်မည်ကို သိလိုသောငှာ၊ ဟာမန်အား ကြားပြောကြ၏။ 5 ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက်ထွက်၍၊ 6 သူတို့သည် မော်ဒကဲအမျိုးကို ဖော်ပြသောကြောင့်၊ မော်ဒကဲတစ်ယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲအမျိုးသားချင်း တည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှာ ရှာကြံလေ၏။
7 ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ်၊ နိသန် အမည်ရှိသော ပထမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ် အတိုင်းလိုက်၍၊ အာဒါအမည်ရှိသော ဒွါဒသမလတိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏။ 8 တစ်ဖန် ဟာမန်သည် ရှင်ဘုရင်အာရွှေရုထံတော်သို့ ဝင်၍၊ အခြားတစ်ပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုးတစ်မျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။ 9 ကိုယ်တော်သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ။ ထိုအမှုကို ဆောင်ရွက်သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက်တစ်သိန်းကို သွင်းစေခြင်းငှာ၊ ကျွန်တော်အပ်ပေးပါမည်ဟု လျှောက်လေ၏။ 10 ရှင်ဘုရင်ကလည်း၊ ထိုငွေကို သင့်အားငါပေး၏။ 11 ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သင်၌ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ်၍ ယုဒအမျိုး၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အား ပေးတော်မူ၏။ 12 ထိုအခါ ပထမလ တစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုးပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။ 13 အာဒါအမည်ရှိသော ဒွါဒသမလ တစ်ဆယ်သုံးရက် တစ်နေ့ချင်းတွင်၊ ယုဒလူအကြီးအငယ် မိန်းမ ကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးစေခြင်းငှာ၊ အမိန့်တော်စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော်အပြည်ပြည်သို့ ပေးလိုက်လေ၏။ 14 ဤရွေ့ကား၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှာ၊ အတိုင်းတိုင်းအပြည်ပြည်၌ ကြော်ငြာရသော အမိန့်တော်စာချက် ဖြစ်သတည်း။ 15 ရှုရှန်နန်းတော်၌ ထိုအမိန့်တော်စာကို ကြော်ငြာပြီးမှ၊ ရှင်ဘုရင် စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ ရှင်ဘုရင်နှင့် ဟာမန်သည် စပျစ်ရည်သောက်ပွဲ၌ ထိုင်၍၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း။
1 Depois dessas coisas, Et 5.11engrandeceu o rei Assuero a Hamã, filho de Hamedata, Et 3.10;8.3agagita, e Et 5.11exaltou-o, e pôs-lhe o assento sobre todos os príncipes que estavam com ele. 2 Todos os servos do rei que estavam na porta do rei dobravam os joelhos e prostravam-se a Hamã, pois assim tinha ordenado o rei acerca dele. Mas Et 5.9Mordecai não dobrava os joelhos, nem o reverenciava. 3 Então, os servos do rei que estavam Et 2.19na porta do rei disseram a Mordecai: Et 3.2Por que transgrides tu a ordem do rei? 4 Tendo eles falado com ele dia após dia e, não lhes dando ele ouvidos, referiram-no a Hamã, para ver se a conduta de Mordecai seria tolerada; pois Mordecai lhes tinha dito que era judeu. 5 Vendo Hamã que Mordecai não dobrava os joelhos, nem se prostrava diante dele, encheu-se de furor. 6 Porém desprezou a ideia de tirar a vida só a Mordecai (porque se lhe havia dito de que povo era Mordecai). Por esse motivo, Hamã procurou destruir todos os judeus, povo de Mordecai, que havia em todo o reino de Assuero.
7 No primeiro mês, que é o mês de nisã, no duodécimo ano do rei Assuero, Et 9.24-26deitaram Pur, que quer dizer sortes, diante de Hamã de dia em dia e de mês em mês, até o duodécimo mês, Ed 6.15que é o mês de adar. 8 Hamã disse ao rei Assuero: Há um povo espalhado e disperso por entre os povos, em todas as províncias do teu reino, e Ed 4.12-15;At 16.20-21as suas leis divergem das de todos os povos. Não observa as leis do rei; portanto, não convém ao rei tolerá-lo. 9 Se parecer bem ao rei, escreva-se que seja destruído. Eu pagarei dez mil talentos de prata aos encarregados dos negócios do rei, para os meterem nas tesourarias do rei. 10 Então, Et 8.2;Gn 41.42o rei tirou o anel da sua mão e o deu a Hamã, filho de Hamedata, Et 3.1agagita, Et 7.6inimigo dos judeus. 11 O rei disse a Hamã: A prata te é dada a ti, como também este povo, para lhes fazeres como te aprouver.
12 Et 8.9Então, foram chamados os secretários do rei no primeiro mês, no dia treze do mesmo, e, conforme tudo quanto Hamã ordenou, se escreveu Ed 8.36aos sátrapas do rei, e aos governadores sobre todas as províncias, e aos príncipes de todos os povos; a cada província segundo o seu modo de escrever e a cada povo segundo a sua língua. Et 8.8,10;1Rs 21.8Em nome do rei Assuero foi escrito e com o anel foi selado. 13 Cartas foram enviadas Et 8.10,14;2Cr 30.6pelos correios a todas as províncias do rei, Et 7.4para que destruíssem, e matassem, e fizessem perecer a todos os judeus, desde o menino até o velho, crianças e mulheres, Et 8.12em um mesmo dia, a treze do duodécimo mês, que é o mês de adar, e Et 8.11;9.10para que saqueassem os seus bens. 14 A Et 8.13-14cópia do despacho, que determinou a divulgação do decreto em todas as províncias, foi publicada entre todos os povos, a fim de que estivessem preparados para aquele dia. 15 Os correios saíram às pressas pela ordem do rei, e o decreto foi proclamado no castelo de Susã. O rei e Hamã sentaram-se a banquetear, mas Et 8.15a cidade de Susã estava consternada.