1 ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍၊၃ရာ၊၁:၁-၄၀။
2 ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသားအပေါင်းတို့ကို စုဝေးစေတော်မူ၏။
3 လေဝိသားတို့တွင် အသက်သုံးဆယ်လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်းရှစ်ထောင်တည်း။ 4 ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရကြ၏။ 5 လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတူရိယာတို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။ 6 လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုးအသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တစ်မျိုးတခြားစီ သင်းဖွဲ့စေ၏။ 7 ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့် ရှိမိတည်း။ 8 လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။ 9 ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည် လာဒန်အဆွေအမျိုး သူကြီးဖြစ်ကြ၏။ 10 ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်းလေးယောက်တည်း။ 11 ယာဟတ်ကား အကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကိုရ၏။ ယုရှနှင့်ဗေရိ၌ကား သားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတစ်ခုတည်း၌ ပေါင်းကြ၏။
12 ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။ 13 အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့် သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းချီးပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်းသော အရာတို့ကို သန့်ရှင်းစေခြင်းငှာ အခြားသူတို့နှင့် ခွဲထားသောသူ ဖြစ်ကြ၏။ထွ၊ ၂၈:၁။14 ဘုရားသခင့်လူ မောရှေ၏သားကိုကား၊ လေဝိအမျိုးသားတို့၏စာရင်း၌သွင်းရ၏။ 15 မောရှေသားကား ဂေရရှုံနှင့် ဧလျေဇာတည်း။ 16 ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီးဖြစ်၏။ 17 ဧလျေဇာသားအကြီး ရေဟဘိ တစ်ယောက်တည်းရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။ 18 ဣဇဟာသားအကြီးကား ရှေလောမိတ်၊ 19 ဟေဗြုန်သားအကြီးကား ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊ 20 ဩဇေလသားအကြီးကား မိက္ခာ၊ ဒုတိယသား ယေရှိတည်း။
21 မေရာရိသားကား မဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။ 22 ဧလာဇာသည် သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့် သူ့ညီကိရှသားတို့သည် စုံဖက်ကြ၏။ 23 မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်းသုံးယောက်တည်း။
24 ဤရွေ့ကား အသက်နှစ်ဆယ်လွန်၍ ထာဝရဘုရား၏ အိမ်တော်အမှုကိုဆောင်ရွက်ရသော လေဝိအမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေအမျိုးသူကြီးဖြစ်သတည်း။ 25 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသောကြောင့်၊ 26 လေဝိသားတို့သည် တဲတော်နှင့် တဲတော်အမှု ဆောင်ရွက်ရာတန်ဆာများကို နောက်တစ်ဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။တရား၊၁၀:၈။27 နောက်ဆုံး အမိန့်တော်အတိုင်း၊ အသက်နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။ 28 အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန်သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသောအရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏အိမ်တော်နှင့် တံတိုင်းများ၊ အခန်းများ၌အမှုကို ဆောင်ရွက်ရကြမည်။ 29 ရှေ့တော်မုန့်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာ မုန့်ညက်ကိုလည်းကောင်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကိုလည်းကောင်းလုပ်၍ ဘုရားသခင်၏အိမ်တော်အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းထွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်း အမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။ 30 နံနက်တိုင်း၊ ညဉ့်ဦးတိုင်းရပ်လျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းရကြမည်။ 31 ပညတ်တရားတော်အတိုင်း ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်မျိုးတို့ကို ပူဇော်ရကြမည်။ 32 ပရိသတ်စည်းဝေးရာ တဲတော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်ကိုလည်းကောင်း၊ ထာဝရဘုရားအိမ်တော်၌ အမှုတော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကိုလည်းကောင်း စောင့်ရကြမည်။တော၊ ၃:၅-၉။
1 1Cr 29.28Sendo Davi já velho e cheio de dias, 1Cr 28.5;29.22constituiu a seu filho Salomão rei sobre Israel. 2 Ajuntou todos os príncipes de Israel, com os sacerdotes e os levitas. 3 Foram contados Nm 4.3-49os levitas de trinta anos e daí para cima; e 1Cr 23.24;Nm 4.48foi o número deles, segundo os seus cabeças, trinta e oito mil homens. 4 Destes havia vinte e quatro mil para Ed 3.8-9superintenderem a construção da Casa de Jeová; seis mil eram 1Cr 26.29oficiais e juízes; 5 quatro mil eram porteiros; e 1Cr 15.16quatro mil louvavam a Jeová com os instrumentos que eu fiz, disse Davi, para com eles oferecer louvores. 6 Davi os dividiu em turmas, 1Cr 6.1segundo os filhos de Levi: Gérson, Coate e Merari.
7 Dos gersonitas: Ladã e Simei. 8 Os filhos de Ladã: Jeiel, o chefe, Zetã e Joel, três. 9 Os filhos de Simei: Selomite, Haziel e Harã, três. Estes foram os cabeças das famílias de Ladã. 10 Os filhos de Simei: Jaate, Zina, Jeús e Berias. Esses quatro foram os filhos de Simei. 11 Jaate era o chefe, e Ziza, o segundo. Mas Jeús e Berias não tiveram muitos filhos; portanto, estes, sendo contados juntos, se tornaram uma família.
12 Os filhos de Coate: Anrão, Jizar, Hebrom e Uziel, quatro. 13 Êx 6.20Os filhos de Anrão: Arão e Moisés. Êx 28.1Arão, com seus filhos, foi separado para consagrar as coisas santíssimas em todo o tempo, para Êx 30.6-10queimar incenso diante de Jeová, para o servir e para dar a bênção em nome de Jeová, em todo o tempo. 14 Mas, quanto a Dt 33.1;Sl 90, títuloMoisés, homem de Deus, seus filhos foram contados na tribo de Levi. 15 Os filhos de Moisés: Gérson e Eliézer. 16 Os filhos de Gérson: Sebuel, o chefe. 17 Os filhos de Eliézer foram Reabias, o chefe. Eliézer não teve outros filhos; mas os filhos de Reabias foram muitíssimos. 18 Os filhos de Jizar: Selomite, o chefe. 19 Os filhos de Hebrom: Jerias, o chefe; Amarias, o segundo; Jaaziel, o terceiro; e Jecameão, o quarto. 20 Os filhos de Uziel: Mica, o chefe, e Issias, o segundo.
21 Os filhos de Merari: Mali e Musi. Os filhos de Mali: Eleazar e Quis. 22 Eleazar morreu e não teve filhos, mas tão somente filhas; e os filhos de Quis, seus irmãos, tomaram-nas por mulheres. 23 Os filhos de Musi: Mali, Éder e Jeremote, três.
24 Nm 10.17,21Estes foram os filhos de Levi, segundo as suas famílias, cabeças das famílias dos que foram contados, segundo o número dos seus nomes por cabeça, os quais eram empregados no serviço da Casa de Jeová, 1Cr 23.3desde vinte anos e daí para cima. 25 Disse Davi: Jeová, Deus de Israel, 1Cr 22.18deu repouso ao seu povo; e ele habita em Jerusalém, para sempre. 26 Também Nm 4.5,15;7.9os levitas não necessitarão de levar mais o tabernáculo e todos os vasos para o serviço do mesmo. 27 Pelas últimas palavras de Davi, foram contados os filhos de Levi desde vinte anos e daí para cima. 28 O cargo deles era assistir aos filhos de Arão no serviço da Casa de Jeová, nos átrios, nas câmaras e na purificação de todas as coisas sagradas, nas obras concernentes ao serviço da Casa de Deus, 29 Lv 24.5-9nos pães da proposição, Lv 6.20na flor de farinha para oferta de cereais, quer seja de bolos asmos, 1Cr 9.31quer seja do que se assa na panela, Lv 6.21quer seja do que se frege, e Lv 19.35-36em toda sorte de pesos e medidas; 30 estar de pé todas as manhãs para render graças a Jeová e louvá-lo e, do mesmo modo, à tarde; 31 e oferecer continuamente perante Jeová todos os holocaustos, Is 1.13-14nos sábados, nas luas novas e Lv 23.2-4nas festas fixas, segundo o número ordenado, 32 para que 1Cr 9.27;Nm 1.53tivessem a seu cargo a tenda da revelação, e o santo lugar, e Nm 3.6-9,38os filhos de Arão, seus irmãos, no serviço da Casa de Jeová.