1 ရုဗင်သည် ဣသရေလ၏သားဦးဖြစ်သော်လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦးအရာကိုနုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့အားပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကိုမှတ်သောအခါ၊ သားဦးအရာကိုလိုက်၍ မမှတ်ရ။က၊ ၃၅:၂၂၊၄၉:၃-၄။2 ယုဒသည်လည်း ညီအစ်ကိုတို့တွင်လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကိုမရ၊ ယောသပ်ရ၏။က၊ ၄၉:၈-၁၀။3 ဣသရေလ၏သားဦး ရုဗင်သားကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ 4 ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသား ရှေမိ၊ 5 ရှေမိသား မိက္ခ၊ မိက္ခသား ရာယ၊ ရာယသားဗာလတည်း။ 6 ဗာလသားကား၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသိမ်းသွားသော ရုဗင်အမျိုးမင်းဗေရာတည်း။၄ရာ၊၁၅:၂၉။7 သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက်စာရင်းယူသောအခါ အဆွေအမျိုးသူကြီးဖြစ်သတည်း။ 8 ထိုအတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှဆင်းသက်သော ဗေလသည်လည်း မင်းဖြစ်လျက်၊ အာရော်မြို့မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာကျယ်၏။ 9 ဂိလဒ်ပြည်၌ သိုးနွားများပြားသောကြောင့်၊ အရှေ့မျက်နှာ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝတိုင်အောင် နေရာကျယ်၏။ 10 ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက်၍လုပ်ကြံသဖြင့်၊ ဂိလဒ်ပြည်အရှေ့ပိုင်းတစ်လျှောက်လုံးတွင် ဟာဂရ၏နေရာကိုယူ၍ နေရာကျကြ၏။
11 သူတို့တစ်ဖက်တစ်ချက်၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာကျကြ၏။ 12 ဗာရှန်ပြည်၌ အကြီးအကဲကား ယောလ၊ ထိုနောက် ရှာဖံ၊ ယာနဲ၊ ရှာဖတ်တည်း။ 13 သူတို့အဆွေအမျိုးချင်း ပေါက်ဖော်တော်သောသူကား မိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။ 14,15 ထိုသူတို့သည် ဂုနိ၊ အာဗဒျေလ၊ ဗုဇာတိ၊ ယာဒေါ၊ ယေရှိရှဲ၊ မိက္ခေလ၊ ဂိလဒ်၊ ယာရော်၊ ဟုရိ၊ အဘိဟဲလ အမျိုးအနွယ်ဖြစ်သတည်း။ ဂုနိကား ထိုအဆွေအမျိုး၏သူကြီးဖြစ်၏။ 16 သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ၏။ 17 ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင်ယောသံနှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။
18 ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တွင် ဒိုင်းနှင့် ဓားကိုကိုင်၍ လေးနှင့်ပစ်တတ်သဖြင့်၊ စစ်မှုစစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်းကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ်တည်း။ 19 ထိုသူတို့သည် ဟာဂရအမျိုးသားတည်းဟူသော ယေတုရ၊ နာဖိရှ၊ နောဒဒ်အမျိုးသားတို့နှင့် စစ်တိုက်ကြ၏။ 20 စစ်တိုက်သောအခါ ဘုရားသခင်ကိုကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော်မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာရှိသမျှကိုရကြ၏။ 21 ကုလားအုတ်ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတစ်သိန်းတို့ကိုသိမ်းယူကြ၏။ 22 ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည်လဲသေကြ၏။ ဣသရေလလူတို့သည် သိမ်းသွားခြင်းအမှု မရောက်မီတိုင်အောင်၊ ဟာဂရလူတို့နေရာ၌ နေရာကျကြ၏။
23 မနာရှေအမျိုးတစ်ဝက်သည်၊ ထိုပြည်တွင် ဗာရှန်မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင်တိုင်အောင် ပွားများလျက်နေ၏။ 24 အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အားကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။
25 သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်သည် ဘိုးဘေးတို့၏ဘုရားသခင်ကိုပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသော ပြည်သားတို့ဘုရားများနှင့် မှားယွင်းကြ၏။ 26 သို့ဖြစ်၍ ဣသရေလအမျိုး၏ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့် ရှင်ဘုရင်တိဂလတ်ပိလေသာစိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင်နေရာချထား၏။၄ရာ၊၁၅:၁၉၊၂၉၊၁၇:၆။
1 Os filhos de Rúben, primogênito de Israel (1Cr 2.1;Gn 29.32Ele era o primogênito, mas, porquanto Gn 35.22;49.4violou o leito de seu pai, Gn 48.15-22foi o seu direito da primogenitura dado aos filhos de José, filho de Israel; e a genealogia não se deve contar segundo o direito da primogenitura. 2 Gn 49.8-10Pois Judá prevaleceu sobre seus irmãos, e Mq 5.2;Mt 2.6dele veio o príncipe; mas o direito da primogenitura foi de José). 3 Nm 26.5-9Os filhos de Rúben, primogênito de Israel: Enoque, Palu, Hezrom e Carmi. 4 Os filhos de Joel, de quem foi filho 1Cr 5.8Semaías, de quem foi filho Gogue, de quem foi filho Simei; 5 de quem foi filho Mica, de quem foi filho Reaías, de quem foi filho Baal; 6 de quem foi filho Beera, a quem levou cativo Tiglate-Pileser, rei da Assíria. Ele foi príncipe dos rubenitas. 7 Seus irmãos, pelas suas famílias, quando se fez a 1Cr 5.17genealogia das suas gerações: o príncipe Jeiel, Zacarias 8 e Bela, filho de Azaz, filho de Sema, filho de Joel, os quais moravam em Nm 32.34;Js 12.2Aroer, até Nebo e Baal-Meom; 9 e, para o oriente, habitou até a entrada do deserto desde o rio Eufrates, Js 22.8-9porque os seus gados se tinham multiplicado na terra de Gileade. 10 Nos dias de Saul, 1Cr 5.18-21;11.38pelejaram contra os hagarenos, que caíram pela sua mão, e habitaram nas suas tendas em toda a terra da banda oriental de Gileade.
11 Defronte deles, habitaram os filhos de Gade na terra de Basã até Dt 3.10Salca: 12 o príncipe Joel, e o segundo, Safã, e Janai e Safate, em Basã; 13 e seus irmãos das casas de seus pais: Micael, Mesulão, Seba, Jorai, Jacã, Zia e Éber, sete. 14 Estes foram os filhos de Abiail, filho de Huri, filho de Jaroa, filho de Gileade, filho de Micael, filho de Jesisai, filho de Jado, filho de Buz; 15 Aí, filho de Abdiel, filho de Guni, príncipe da sua família. 16 Habitaram em Gileade em Basã, e nas suas aldeias, e em todos os arrabaldes de 1Cr 27.29Sarom até os seus termos. 17 Todos estes foram registrados segundo as suas genealogias no dia de 2Rs 15.5,32Jotão, rei de Judá, e nos dias de 2Rs 14.16,28Jeroboão, rei de Israel.
18 Os filhos de Rúben, os gaditas e a meia tribo de Manassés, homens corajosos, que traziam escudo e espada, e que manejavam o arco, e que eram destros na guerra, foram quarenta e quatro mil e setecentos e sessenta, Nm 1.3que saíam à peleja. 19 Fizeram guerra contra os 1Cr 5.10hagarenos, 1Cr 1.31Jetur, Nafis e Nodabe. 20 Receberam auxílio contra eles, e os hagarenos e todos os que estavam com eles foram entregues às suas mãos. Pois, 2Cr 14.11-13na peleja, clamavam a Deus, que lhes deu ouvidos, porque Sl 9.10;20.7-8confiavam nele. 21 Levaram o gado deles: cinquenta mil camelos, duzentos e cinquenta mil ovelhas e dois mil jumentos; e cem mil homens. 22 Pois caíram muitos mortos, porque Js 23.10;2Cr 32.8de Deus era a peleja. 1Cr 4.41Ficaram habitando no lugar deles até o 2Rs 15.29;17.6cativeiro.
23 Os filhos da meia tribo de Manassés habitavam na terra e multiplicaram-se desde Basã até Baal-Hermom, Dt 3.9Senir e o monte de Hermom. 24 Estes foram os cabeças das suas famílias: Éfer, Isi, Eliel, Azriel, Jeremias, Hodavias e Jadiel, homens ilustres em valor, célebres e cabeças das suas famílias.
25 Cometeram transgressões contra o Deus de seus pais e Êx 34.15prostituíram-se, 2Rs 17.7seguindo os deuses dos povos da terra, que Deus exterminou de diante deles. 26 O Deus de Israel excitou o espírito de 2Rs 15.19,29;5.26Pul, rei da Assíria, e o espírito de Tiglate-Pileser, rei da Assíria, que levou cativos os rubenitas, os gaditas e a meia tribo de Manassés e os trouxe para Hala, Habor e Hara e para o rio Gozã, onde permanecem até o dia de hoje.