1 အာရုန်အမျိုးသား အသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။ 2 နာဒပ်နှင့်အဘိဟုသည် သားမရှိ။ အဘလက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာသည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။ဝတ်၊ ၁၀:၁-၂။3 ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာအမျိုး အဟိမလက်ကို အသီးအသီးဆောင်သင့်သည်အတိုင်း ခန့်ထားလေ၏။ 4 ဣသမာအမျိုး အကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေအမျိုးအလိုက် အကြီးအကဲ တစ်ကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက်တို့ကို အသီးအသီး ခွဲခန့်လေ၏။ 5 စာရေးတံပြုလျက် အသီးအခြားခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏ အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။ 6 လေဝိအမျိုး နာသနေလသား စာရေးတော်ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုးသူကြီးများရှေ့မှာ နာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊ 7 ပထမသူ ယောယာရိပ်၊ ဒုတိယသူ ယေဒါယ၊ 8 တတိယသူ ဟာရိမ်၊ စတုတ္ထသူ စောရိမ်၊ 9 ပဥ္စမသူ မာလခိယ၊ ဆဋ္ဌမသူ မိယမိန်၊ 10 သတ္တမသူ ဟက္ကုတ်၊ အဋ္ဌမသူ အဘိယ၊ 11 နဝမသူ ယေရွှာ၊ ဒသမသူ ရှေကနိ၊ 12 ဧကဒသမသူ ဧလျာရှိပ်၊ ဒွါဒသမသူ ယာကိမ်၊ 13 တစ်ကျိပ်သုံးယောက် မြောက်သောသူ ဟုပ္ပ၊ တစ်ကျိပ်လေးယောက် မြောက်သောသူ ယေရှေဗပ်၊ 14 တစ်ကျိပ်ငါးယောက် မြောက်သောသူ ဗိလဂ၊ တစ်ကျိပ်ခြောက်ယောက် မြောက်သောသူ ဣမ္မေရ၊ 15 တစ်ကျိပ်ခုနစ်ယောက် မြောက်သောသူ ဟေဇိရ၊ တစ်ကျိပ်ရှစ်ယောက် မြောက်သောသူ အပ်ဇဇ်၊ 16 တစ်ကျိပ်ကိုးယောက် မြောက်သောသူ ပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊ 17 နှစ်ကျိပ်တစ်ယောက် မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက် မြောက်သောသူ ဂါမုလ၊ 18 နှစ်ကျိပ်သုံးယောက် မြောက်သောသူ ဒေလာယ၊ နှစ်ကျိပ်လေးယောက် မြောက်သောသူ မာဇိတည်း။ 19 ထိုသို့ သူတို့အဘအာရုန်အား ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘအာရုန်စီရင်သည်အတိုင်း သူတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ခွဲခန့်ခြင်းရှိသတည်း။
20 ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံသားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊ 21,22 ရေဟဘိသားစုတွင် ဣရှယာ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊ 23 ဟေဗြုန်သားစုတွင် သားအကြီး ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊ 24 ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊ 25 မိက္ခာညီ ဣရှယာသားစုတွင် ဇာခရိတည်း။
26 မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊ 27 မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။ 28 မဟာလိသားဧလာဇာ၌ သားမရှိ။ 29 ကိရှသားကား ယေရမေလတည်း။ 30 မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုးသားတည်း။ 31 ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်အစရှိသော ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုး သူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသားတို့ တစ်ဖက်တစ်ချက် အလှည့်လှည့် စာရေးတံပြုကြ၏။
1 As turmas dos filhos de Arão foram estas: Êx 6.23Os filhos de Arão: Nadabe, Abiú, Eleazar e Itamar. 2 Lv 10.2Mas Nadabe e Abiú morreram antes de seu pai e não tiveram filhos; portanto, Eleazar e Itamar exerceram as funções do sacerdócio. 3 Davi, com 1Cr 6.8;24.31Zadoque, dos filhos de Eleazar, e com Aimeleque, dos filhos de Itamar, lhes distribuiu o serviço conforme determinaram. 4 Acharam-se mais homens principais dos filhos de Eleazar do que dos filhos de Itamar; e assim foram divididos: dos filhos de Eleazar havia dezesseis que eram cabeças de famílias, e dos filhos de Itamar, segundo as suas famílias, oito. 5 1Cr 24.31Assim foram divididos por sorte, uns como os outros; porque havia príncipes do santuário e príncipes de Deus, tanto dos filhos de Eleazar como dos filhos de Itamar. 6 Semaías, filho de Natanael, escrivão, que era dos levitas, registrou-os na presença do rei, dos príncipes, do sacerdote Zadoque, de 1Cr 18.16Aimeleque, filho de Abiatar, e dos cabeças das famílias dos sacerdotes e dos levitas, sendo tomada uma família para Eleazar e outra para Itamar.
7 Saiu a primeira sorte a Jeoiaribe; a segunda, a Jedaías; 8 a terceira, a Harim; a quarta, a Seorim; 9 a quinta, a Malquias; a sexta, a Miamim; 10 a sétima, a Coz; a oitava, a Ne 12.4;Lc 1.5Abias; 11 a nona, a Jesua; a décima, a Secanias; 12 a undécima, a Eliasibe; a duodécima, a Jaquim; 13 a décima terceira, a Hupa; a décima quarta, a Jesebeabe; 14 a décima quinta, a Bilga; a décima sexta, a Imer; 15 a décima sétima, a Hezir; a décima oitava, a Hapizez; 16 a décima nona, a Petaías; a vigésima, a Jeezequel; 17 a vigésima primeira, a Jaquim; a vigésima segunda, a Gamul; 18 a vigésima terceira, a Deleías; e a vigésima quarta, a Maazias. 19 1Cr 9.25Esta foi a classificação deles no seu serviço, para entrarem na Casa de Jeová, de conformidade com a regra que lhes foi dada por seu pai Arão, como Jeová, Deus de Israel, lhe havia ordenado.
20 O restante dos filhos de Levi foi: dos filhos de Anrão, Subael; dos filhos de Subael, Jedias. 21 De Reabias, dos filhos de Reabias: Issias, o chefe. 22 Dos izaritas, Selomite; dos filhos de Selomite, Jaate. 23 Os filhos de 1Cr 23.19Hebrom: Jerias, o chefe, Amarias, o segundo, Jaaziel, o terceiro, e Jecameão, o quarto. 24 Os filhos de Uziel: Mica; dos filhos de Mica: Samir. 25 O irmão de Mica: Issias; dos filhos de Issias, Zacarias. 26 Os filhos de Merari: Mali e Musi; os filhos de Jaazias: Beno. 27 Os filhos de Merari: de Jaazias: Beno, Soão, Zacur e Ibri. 28 De Mali: Eleazar, que não teve filhos. 29 De Quis, os filhos de Quis: Jerameel. 30 Os filhos de Musi: Mali, Éder e Jerimote. Estes foram os filhos dos levitas, segundo as suas famílias. 31 1Cr 24.5-6Estes, como seus irmãos, filhos de Arão, também deitaram sortes na presença do rei Davi, de 1Cr 24.6Zadoque, de Aimeleque e dos cabeças das famílias dos sacerdotes e dos levitas. Assim fizeram tanto as famílias do chefe como as do irmão mais moço.